Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, November 10, 2015

ကိုယ့်ရဲ့ အချစ်ရေးလျှို့ဝှက်ချက်တွေကို မှန်မှန်ကန်ကန် ဖော်ပြပေးတဲ့ ဆန်းစစ်ချက် (၈) ချက်


ကိုယ့်ရဲ့ အတွင်းစိတ်ထဲက အချစ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို အောက်ဖော်ပြပါ ဆန်းစစ်ချက် (၈) ချက်နဲ့ ဖော်ထုတ်နိုင်တယ်လို့ Daliulian.net က ဖော်ပြထားပါတယ်။ တကယ်ရော ကျွန်တော်တို့ စိတ်ထဲက အချစ်အပေါ်၊ အိမ်ထောင်တစ်ခုအပေါ်၊ ကိုယ့်ချစ်သူအပေါ် ထားတဲ့ ခံစားမှုတွေနဲ့ ထပ်တူကျမလားဆိုတာ အပျော်သဘော ဆန်းစစ်ကြည့်ကြရအောင်။

ပထမတစ်ပိုင်းက မေးခွန်းလေးတွေ မေးပြီး အဖြေရွေးဖို့ ပေးထားပါတယ်။ ကိုယ်က ရွေးချယ်ပြီး မှတ်သားထားပါ။ နောက် ဒုတိယပိုင်းမှာ ဘယ်မေးခွန်းက ဘာကို ကိုယ်စားပြုပုံဆောင်မေးထားတာလဲဆိုတာ ရှင်းလင်းပေးထားပြီး ကိုယ်ရွေးချယ်ထားတဲ့အဖြေအပေါ်မူတည်လို့ ကိုယ့်လျှို့ဝှက်ချက်လေးတွေကို ဖော်ထုတ်ပေးပါလိမ့်မယ်။ မှန်လား၊ မမှန်လား ပြောခဲ့ကြပါဦးနော်။

ပထမပိုင်း ဆန်းစစ်စရာ မေးခွန်းများ

၁။ ကမ္ဘာပျက်တဲ့နေ့ကို ရောက်လာပြီဆိုပါတော့.. ကိုယ့်အနေနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုကိုပဲ ကယ်ဆယ်သွားခွင့်ရမယ်ဆိုရင် ဘယ်တိရိစ္ဆာန်ကို ရွေးချယ်ကယ်တင်မလဲ?

(၁) ယုန်
(၂) ဆိတ်
(၃) ဒရယ်
(၄) မြင်း

၂။ ကိုယ်က အာဖရိက ကို လေ့လာရေးခရီးသွားရပြီဆိုပါတော့… အာဖရိကလူမျိုးစုတစ်ခုဆီ အလည်ရောက်ဖြစ်တော့ လူမျိုးစုခေါင်းဆောင်က ကိုယ့်ကို တိရစ္ဆာန်တစ်ကောင်ကို အိမ်ပြန်လက်ဆောင် အမှတ်တရ ယူသွားခိုင်းတယ်ပေါ့။ ဒါဆို ဘာကိုရွေးမလဲ?

(၁) မျောက်
(၂) ခြင်္သေ့
(၃) မြွေ
(၄) သစ်ကုလားအုတ်

၃။ ကိုယ်က အပြစ်တစ်ခုလုပ်မိပြီဆိုပါတော့… ဘုရားရှင်က ဒါ့အတွက် အပြစ်စီရင်ပြီး တိရစ္ဆာန်အဖြစ် ပြောင်းလဲပစ်လိုက်မယ်ဆိုရင် ကိုယ်က ဘယ်တိရစ္ဆာန်အဖြစ်ရွေးမလဲ?

(၁) ခွေး
(၂) ကြောင်
(၃) မြင်း
(၄) မြွေ

၎။ ကိုယ့်မှာ မျိုးစိတ်တစ်ခုကို ထာဝရ ပျောက်ပျက်သွားအောင် လုပ်နိုင်တဲ့အစွမ်းရှိတယ်ဆိုပါတော့… ဘယ်တိရစ္ဆာန်ကို လုံးဝပျောက်သွားစေချင်လဲ?

(၁) ခြင်္သေ့
(၂) မြွေ
(၃) မိချောင်း
(၄) ငါးမန်း

၅။ ကိုယ်က တစ်နေ့မှာ ကိုယ်နဲ့စကားပြောနိုင်တဲ့ တိရစ္ဆာန်တစ်ကောင်နဲ့တွေ့ခွင့်ရမယ်ဆိုပါတော့.. အဲလိုဆုံတွေ့ပြောဆိုခွင့်ရတဲ့ တိရစ္ဆာန်က ဘာဖြစ်စေချင်သလဲ?

(၁) ဆိတ်
(၂) မြင်း
(၃) ယုန်
(၄) ငှက်

၆။ ကျွန်းတစ်ကျွန်းကို သင်္ဘောပျက်ပြီး သောင်တင်ရောက်သွားတယ်ဆိုပါတော့… ကိုယ်နဲ့အဖော်အဖြစ်နေဖို့ တိရစ္ဆာန်တစ်ကောင်ပဲ ရွေးချယ်ခွင့်ရမယ်ဆိုရင် ဘယ်အကောင်လေးကို ရွေးချယ်မလဲ?

(၁) ခွေး
(၂) ဝက်
(၃) နွား
(၄) ငှက်

၇။ ကိုယ်နှစ်သက်တဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကို ဖမ်းယူမွေးထားခွင့်ရှိမယ်ဆိုပါတော့… ဘယ်အကောင်လေးကို ရွေးချယ်မလဲ?

(၁) ဒိုင်နိုဆော
(၂) ကျားဖြူ
(၃) ပိုလာဝက်ဝံ
(၄) ကျားသစ်

၈။ ကိုယ်သာ တိရစ္ဆာန်တစ်ကောင်အဖြစ် ၅ မိနစ် ပြောင်းခွင့်ရှိမယ်ဆိုပါတော့… ကိုယ်က ဘယ်အကောင်လေးအဖြစ် အသွင်ပြောင်းချင်လဲ?

(၁) ခြင်္သေ့
(၂) ကြောင်
(၃) မြင်း
(၄) ခို




ကိုယ်ရွေးချယ်ထားတဲ့အဖြေကို အောက်က ခန့်မှန်းချက်တွေနဲ့ ဟုတ်၊ မဟုတ် တိုက်ဆိုင်ဆန်းစစ်ကြည့်လိုက်ရအောင်။

ဒုတိယပိုင်း ဆန်းစစ်စရာ ခန့်မှန်းမှုများ


၁။ အပြင်တကယ့်ဘဝမှာတော့ ဒီလိုလူတွေက ကိုယ့်ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

(၁) ယုန် - အပြင်ပန်းကြည့်ရင် အေးတိအေးစက် ဖောဖောရွေရွေ မရှိပေမယ့် စိတ်တွင်းမှာ တကယ်ကို နွေးထွေးပြီး အရမ်းချစ်တတ်တဲ့သူမျိုး က ကိုယ့်ကို ဆွဲဆောင်နိုင်တယ်။
(၂) ဆိတ် - စည်းကမ်းတွေ အမိန့်တွေကို ချက်ချင်းလိုက်နာဖော်ဆောင်တဲ့သူမျိုး က ကိုယ့်ကို ဆွဲဆောင်နိုင်တယ်။
(၃) ဒရယ် - ခန့်ညားယဉ်ကျေးပြီး ကျက်သရေရှိတဲ့သူက ကိုယ့်ကို ဆွဲဆောင်နိုင်တယ်။
(၄) မြင်း - စည်းကမ်းတင်းကျပ်တာမျိုးကို မနှစ်သက်ဘဲ လွတ်လပ်မှုကို တန်ဖိုးထားသူမျိုးက ကိုယ့်ကို ဆွဲဆောင်နိုင်တယ်။

၂။ ဘယ်လိုနည်းနဲ့ ကိုယ့်ကိုချဉ်းကပ်ရင် ကိုယ်က အဲဒီသူအပေါ် မြန်မြန်ကြွေသွားမလဲဆိုတာကို ပြောပြပေးပါတယ်။

(၁) မျောက် - ဖန်တီးမှုအားကောင်းပြီး စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးနိုင်ကာ ပျင်းစရာ မကောင်းတဲ့သူမျိုး ကို ကြွေသွားလိမ့်မယ်။
(၂) ခြင်္သေ့ - ဖြောင့်မတ်တည်ကြည်ပြီး ပွင့်လင်းတဲ့အချစ်မျိုး ပေးစွမ်းတဲ့သူမျိုး၊ အလစ်မှာ အကောက်ကြံတတ်တဲ့စိတ်မရှိသူမျိုး ကို ကြွေသွားလိမ့်မယ်။
(၃) မြွေ - စိတ်ခံစားချက်ကို ခန့်မှန်းရခက်တဲ့သူမျိုး တစ်ခါတလေ အေးစက်စက် တစ်ခါတလေ တက်တက်ကြွကြွ ရှိတဲ့သူမျိုးကို ကြွေသွားလိမ့််မယ်။
(၄) သစ်ကုလားအုတ် - အရမ်းစိတ်ရှည်သည်းခံပြီး ဘယ်တော့မှ အရှုံးမပေးတတ်တဲ့သူမျိုး ကို ကြွေသွားလိမ့်မယ်။

၃။ ကိုယ့်ချစ်သူအပေါ် ကိုယ့်ကိုမြင်စေချင်တဲ့ ပုံစံကို ပြောပြပေးပါတယ်။

(၁) ခွေး - သစ္စာရှိပြီး ရိုးသားတဲ့သူ ပြီးတော့ ကိုယ့်ချစ်သူကို ထာဝရ မပြောင်းမလဲချစ်နေမယ့်သူ ပုံစံ မြင်စေချင်လိမ့်မယ်။
(၂) ကြောင် - ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်တဲ့သူအသွင် မြင်စေချင်လိမ့်မယ်။
(၃) မြင်း - အကောင်းမြင်တတ်တဲ့သူတစ်ဦးအသွင် မြင်စေချင်လိမ့်မယ်။
(၄) မြွေ - နားလည်မှုပေးတတ်တဲ့သူတစ်ယောက်ပုံစံ မြင်စေချင်လိမ့်မယ်။

၎။ ကိုယ်မကြိုက်ဆုံး စရိုက်တွေထဲကမှ ကိုယ့်ချစ်သူနဲ့ ပြတ်စဲသွားစေလောက်အောင် ဖြစ်တဲ့ စရိုက်လက္ခဏာကို ဖော်ပြပါတယ်။

(၁) ခြင်္သေ့ - သူ (သို့မဟုတ်) သူမ က စိတ်ကြီးဝင်ပြီး အတ္တကြီးတဲ့သူဖြစ်နေတာမျိုး၊ တစ်ခါတလေ ကိုယ့်ကို အာဏာရှင်ဆန်ဆန် ပြောဆို ဆက်ဆံလာတာမျိုး စရိုက်ရှိတဲ့ချစ်သူကို လမ်းခွဲချင်လာပါလိမ့်မယ်။
(၂) မြွေ - သူ (သို့မဟုတ်) သူမ က အရမ်း ခံစားမှုလွန်ကဲပြနေတာမျိုးကြောင့် ကိုယ်က ဘယ်လို ချော့ရ နှစ်သိမ့်ပေးရမှန်း မသိအောင် ဖြစ်တဲ့ စရိုက်ရှိတဲ့ချစ်သူကို လမ်းခွဲချင်လာပါလိမ့်မယ်။
(၃) မိချောင်း - သူ (သို့မဟုတ်) သူမ က ထုံအ အေးစက်နေပြီး ကိုယ့်ကိုကိုယ်တော့ အကောင်းပြော ထေ့ငေါ့တတ်တဲ့ စရိုက်ရှိသူ ချစ်သူကို လမ်းခွဲချင်လာပါလိမ့်မယ်။
(၄) ငါးမန်း - တည်ကြည်မှုမရှိဘဲ ယုံကြည်အားကိုးလောက်စရာ မရှိတဲ့ စရိုက်နဲ့ ချစ်သူကို လမ်းခွဲချင်လာပါလိမ့်မယ်။

၅။ ကိုယ်နဲ့ ကိုယ်ချစ်သူကြား တည်ဆောက်ချင်တဲ့ အချစ်ရေးပုံစံကို ကိုယ်စားပြုပါတယ်။

(၁) ဆိတ် - တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်နေချင်ပြီး၊ တစ်ယောက်စိတ် တစ်ယောက်သိနေတာမျိုး ပြီးတော့ ကိုယ်လိုချင် ဖြစ်ချင်တဲ့ ကိစ္စအတွက် တစ်ဦးကိုတစ်ဦး သေသေချာချာ ပြောဆိုဆွေးနွေးစရာ မလိုတဲ့ အချစ်ရေးပုံစံကို တည်ဆောက်ချင်သူပါ။
(၂) မြင်း - တစ်ယောက်ကို တစ်ယောက် အကုန်ဖွင့်ပြောပြတိုင်ပင်ပြီး လျှို့ဝှက်ချက်ဆိုတာ မရှိတဲ့ အချစ်ရေး ပုံစံကို တည်ဆောက်လိုသူပါ။
(၃) ယုန် - အမြဲတမ်း အချစ်တွေထုံမွမ်းပြီး ဒီနွေးထွေးမှုလေးကို စဉ်ဆက်မပြတ်ဆောက်တည်သွားချင်တဲ့ အချစ်ရေးမျိုး တည်ဆောက်လိုသူပါ။
(၄) ငှက် - ကိုယ်နဲ့ ကိုယ်ချစ်သူက ခု လက်ရှိအချိန်သာမက ရှေ့အနာဂတ်အတွက်ပါ သေချာပြင်ဆင်လုပ်ဆောင်တတ်ပြီး ချစ်သူနှစ်ဦးလုံး အချိန်အကြာကြီး လက်တွဲလို့ ပိုကောင်းတဲ့ပုံစံ အချစ်ရေးကို တည်ဆောက်လိုသူပါ။

၆။ ဒီကိစ္စလေးတွေ ကိုယ့်မှာ ဖြစ်နိုင်တယ်။

(၁) ခွေး - လူမှုရေးနဲ့ ကိုယ်ကျင့်တရားစံ တွေနဲ့ပတ်သက်ပြီး သိပ်တန်ဖိုးထားတတ်တယ်။ ဒါကြောင့် အိမ်ထောင်ကျသွားပြီးရင် ဒီလိုကိစ္စမျိုးမှာ အစွန်းအထင်းလုံးဝခံမှာ မဟုတ်ပါဘူး။
(၂) ဝက် - ဖြားယောင်းသွေးဆောင်မှုတွေကို ခံနိုင်ရည်ရှိဖို့ တော်တော်ကြိုးစားရလိမ့်မယ်။ ပါသွားဖို့က ပိုများတဲ့ဘက်မှာ ရှိနေတယ်။
(၃) နွား - အရမ်းစိတ်အားထက်သန်တဲ့သူမျိုး မဟုတ်ပေမယ့်လည်း လုပ်ကြစို့ ဆိုတဲ့အခါမျိုးမှာတော့ ငြင်းမယ့်သူ မဟုတ်ပြန်ပါဘူး။ ဒါကြောင့် တစ်ဦးဦးနဲ့ ချိတ်မမိဖို့ ဆိုတာ အတော်လေး ကြိုးစားရလိမ့်မယ်။
(၄) ငှက် - ကိုယ်ပေးထားတဲ့ကတိတွေအတွက် သိပ်အလေးအနက်ထားတာမျိုး မရှိဘူး။ တကယ်က ကိုယ်ကိုယ်၌ က လက်ထပ်သင့်တဲ့လူစားမျိုး မဟုတ်တဲ့အပြင် ကတိတွေပေးချင်တဲ့သူမျိုး မဟုတ်လို့ပါ။

၇။ လက်ထပ်ခြင်းဆိုတာကို ကိုယ်ဘယ်လိုမြင်လဲဆိုတာ ဖော်ပြပေးပါတယ်။

(၁) ဒိုင်နိုဆော - မကောင်းမြင်တတ်တာမျိုးတော့ ရှိတယ်။ ပျော်ရွှင်ချမ်းမြေ့စရာ အိမ်ထောင်ဆိုတာမျိုးကို မယုံကြည်တတ်တဲ့သူပါ။
(၂) ကျားဖြူ - အိမ်ထောင်တစ်ခုဟာ တကယ့်အဖိုးတန်တဲ့အရာတစ်ခုအဖြစ် ယုံကြည်လက်ခံထားတယ်။ အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အိမ်ထောင်အပေါ်၊ ကိုယ့်ရဲ့လက်တွဲဖော်အပေါ် တန်ဖိုးထားသူဖြစ်တယ်။
(၃) ပိုလာဝက်ဝံ - အိမ်ထောင်ပြုရမှာ အရမ်းကြောက်တယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးတော့မယ်လို့ ကိုယ်တိုင်ယုံကြည်လက်ခံထားတဲ့သူဖြစ်တယ်။
(၄) ကျားသစ် - အိမ်ထောင်ပြုချင်တဲ့ဆန္ဒလေး အမြဲရှိနေတတ်တယ်။ တကယ်က အိမ်ထောင်ပြုတယ်ဆိုတာဘာလဲဆိုတာတောင် ကိုယ်က သေသေချာချာ ရေရေရာရာ နားလည်တဲ့သူမျိုးတော့ မဟုတ်တဲ့သူပါ။

၈။ အချစ်ဆိုတဲ့အရာအပေါ် လက်ရှိ ကိုယ့်ရဲ့အမြင်ကို ပုံဆောင်ပါတယ်။

(၁) ခြင်္သေ့ - အချစ်နဲ့ ကြင်ကြင်နာနာယုယုယယ ပုံစံလေးကို လိုချင်စိတ်လေးရှိတယ်။ အဲလိုဖြစ်ဖို့လည်း ဘာဖြစ်ဖြစ်လုပ်ချင်တယ်။ ခက်တာက လွယ်လွယ်နဲ့ လူတစ်ယောက်ကို မချစ်တတ်တာဘဲ။
(၂) ကြောင် - အတ္တသိပ်ကြီးတယ်ပြောရမလားဘဲ။ အချစ်တစ်ခုကို ခက်ခက်ခဲခဲ ကြိုးစားနေစရာမလိုဘဲ ရမယ့် အရာတစ်ခုလို့ မြင်နေတယ်။ မရရင်လည်း လွယ်လွယ်နဲ့ အရှုံးပေးလိုက်ပြန်တယ်။
(၃) မြင်း - စောင့်ထိန်းနေရပြီး ကိုယ့်ကိုချည်နှောင်ထားမယ့် အချစ်မျိုးကြီးကို မလိုချင်ဘဲ၊ လျှောက်ပြီး ဖွန်ကြောင်နေချင်သေးတယ်။
(၄) ခို - အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ကတိတည်ကြည်ပြီး စောင့်ထိန်းခြင်းလို့ ယုံကြည်နေပါတယ်။


သီဟလုလင်
၁၀ နိုဝင်ဘာလ ၂၀၁၅

0 comments: