Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, October 01, 2012

သက်ကြွယ်သူတို့အကြောင်း


ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့ လို့ သိရပါတယ်။ International Day of Older Persons လို့ အရင်က ခေါ်ခဲ့ကြပြီး ခုနောက်ပိုင်းတော့ Older Persons ဆိုတဲ့ နေရာမှာ Seniors ဆိုတဲ့ စကားလေးနဲ့ အစားထိုး ခေါ်ဆိုလာခဲ့ကြတာကို တွေ့ရ ကြားရပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အစား နားဝင်ချိုမယ်လို့ ကျွန်တော် ထင်တဲ့ သက်ကြွယ်သူများ ဆိုတဲ့ စကားလေးနဲ့ ဖြည့်ဆည်းကြည့်လိုက်ပါတယ်။ ဒီနေ့ကိုတော့ အားလပ်ရက်အဖြစ် အချို့နိုင်ငံများမှာ သတ်မှတ်ထားကြပါတယ်။

ဒီနေ့လေးဖြစ်ပေါ်လာဖို့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့က United Nations General Assembly မှာ မဲပေးထောက်ခံခဲ့ကြရပြီး ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ အထိမ်းအမှတ်နေ့ အဖြစ် ပထမဆုံးအကြိမ် တရားဝင်ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီ အထိမ်းအမှတ်နေ့လေးရဲ့ ရည်ရွယ်ချက်ကတော့ သက်ကြွယ်သူတွေရဲ့ ဘဝတွေကို ကိုယ်ချင်းစာနာနိုင်ပြီး ဖေးမကူညီနိုင်ဖို့ နဲ့ ညဉ်းပန်းနှိပ်စက်ခံ သက်ကြွယ်သူများကို ကူညီထောက်မနိုင်ဖို့ စတဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်လေးတွေ များစွာ ပါဝင်ပါတယ်။