Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, July 05, 2016

လှပတဲ့အပေါ်စီးရှုခင်းတွေကိုမြင်ရမယ့် The Penthouse

ဆိုင်အပြင်ဘက် Open Air အပြင်အဆင်

ကျွန်တော် နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တုန်းက ဌာနတစ်ခုလုံးအနေနဲ့ Team Lunch တွေ လစဉ် သွားကြတယ်။ ဌာနတစ်ခုလုံးဆိုလို့ ဆယ်ဂဏန်းမတွေးနဲ့ဦး။ အားလုံးပေါင်းမှ (၅) ယောက်တည်း။ အဲဒီတော့ နေ့လည်စာသွားစားရင် ရှယ်စားကြတယ်ပေါ့နော်။

ဒီတစ်ခါတော့ သိပ်မရင်းနှီးသေးတဲ့ စားသောက်ဆိုင်အသစ်လေးကို သွားဖို့ ဖြစ်လာတယ်။ မြေနီကုန်း၊ ပန်းခြံလမ်းနား၊ My Hotel ရဲ့ ဘေးက Business Tower ကြီးတစ်ခုရဲ့ အပေါ်ဆုံး ခေါင်မိုးထပ်မှာဖွင့်ထားတဲ့ ဆိုင်လှလှလေးတစ်ခု။ The Penthouse ဆိုတဲ့ ဆိုင်သစ်လေးကို သွားကြတယ်။ သူ့ရဲ့ အပြင်အဆင်က နိုင်ငံခြားသားတွေကို ပိုပြီး ဆွဲဆောင်ထားပုံရတယ်။ ရိုးရှင်းပေမယ့် လှပသပ်ရပ်တယ်။ အပြင်ဘက်မှာ ထိုင်လို့ရသလို၊ အတွင်းဘက်မှာလည်း အဲကွန်းလေးနဲ့ ထိုင်နိုင်တယ်။ ဘားကောင်တာကိုတော့ အတွင်းဘက်မှာ အဓိက စီစဉ်ပေးထားပြီး ပွဲတွေဘာတွေရှိရင် အဆင်ပြေအောင်ထင်ပါရဲ့ အပြင်မှာလည်း ဘားကောင်တာ အသေးလေးတွေ ကြိုစီစဉ်ထားတာတွေ့တယ်။ ကျွန်တော်တို့က နေ့လည်စာ စားတာဆိုတော့ အပြင် Open Air ရာသီဥတုနဲ့က မတည့်ဘူးလေ။ ဒီတော့ အတွင်းပိုင်း ဆိုင်အပြင်အဆင်လေးတွေကိုပဲ ခံစားရင်း စားကြရတယ်။ ညနေပိုင်းဆိုရင်တော့ တော်လှန်ရေးပန်းခြံရဲ့ အလှကို မြင်ရတယ်။

Saturday, July 02, 2016

Be Right Back to say "Hello, Vietnam"

ကျွန်တော့ရဲ့ ခရီးသွားစာမျက်နှာ (www.facebook.com/travellerthiha) ထက်မှာ အကြွေးတင်နေတာလေးတစ်ခုက ဗီယက်နမ်ခရီးစဉ်တွဲထဲမှာ ဟိုချီမင်း (HCMC) မှာ လည်ပတ်တဲ့ အကြောင်းလေး ဖော်ပြပေးဖို့ပါ။
ကျွန်တော်လည်း ဒီတလော စာရေးတဲ့ဘက်ကို အာရုံဘယ်လိုမှ စိုက်မရလောက်အောင်ဖြစ်နေလို့ ဒါလေးကို ဒီအတိုင်းလေး ထားထားလိုက်မိတယ်။
ခု မထင်မှတ်ဘဲ ဗီယက်နမ်ခရီးစဉ်ကို အတူသွားတဲ့ မိတ်ဆွေတွေက ဗီဒီယိုဖိုင်လေးကို အမှတ်တရ လုပ်လာပေးတော့... ဒါလေးကိုပဲ အမှတ်တရအနေနဲ့ရော၊ မှတ်တမ်းလေးတစ်ခုအနေနဲ့ပါ စာမျက်နှာလေးပေါ် တင်ထားလိုက်တယ်။
ဗီဒီယိုလေးကို ရိုက်ကူးတည်းဖြတ်ပေးတဲ့ ချစ်သွေးကို ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဗီဒီယိုမှာ နောက်ခံစကားပြောထားတာကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ။

သီဟလုလင်
၁ ဇူလိုင်လ ၂၀၁၆