Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, August 26, 2012

ယုံကြည်ခြင်းနှင့် မျှော်လင့်ပါ (ဒေသနာတော်)


အပတ်စဉ် ဒေသနာတော်များကို ပြန်လည်ဝေငှခွင့် ရလို့ ရှေးဦးစွာ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း ပါတယ်။ ပြည်တွင်း ပြည်ပ မှာ ရှိနေကြတဲ့ ယုံကြည်သူ ညီအစ်ကိုမောင်နှမများ အသင်းတော် နဲ့ ဝေးကွာနေချိန်မှာ ဝိညာဉ်ခွန်အားပေးနိုင်ဖို့ ရိုးရိုးလေးပဲ တွေးဆပြီး တင်ပြပေးနေတာပါ။ ဒီတစ်ပတ်မှာ ဆရာ ဦးအုတ်မာ ဝေငှထားတဲ့ "ယုံကြည်ခြင်းနှင့် မျှော်လင့်ပါ" ဒေသနာတော်ကို ပြန်လည် မျှဝေပေးလိုက် ပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ ခင်ဗျာ။ Amen!

Sunday, August 19, 2012

ဘုန်းတော်အတွက် အသက်ရှင်ပါ (ဒေသနာတော်)


ဒီရက်ပိုင်း ကျွန်တော့အိမ်က Connection က တော်တော်လေး အဆင်မပြေဘူးဗျ။ တရားဒေသနာတွေကို တင်ဖို့လုပ်တာ နောက်ကျသွားတာရော၊ Connection အဆင်မပြေတာရောနဲ့ တိုးပြီး ပြီးခဲ့တဲ့ အပတ်က ဒေသနာတော်ဝေမျှခွင့် မရခဲ့ဘူး။ ခု တစ်ပတ်တော် ခရီးသွားရမယ့် အစီအစဉ်တွေကြားက ဆရာကြီး ဦးဇော်မင်း ရဲ့ ဒေသနာတော်ကို ဝေမျှခွင့် ရခဲ့ပါပြီ။ ဆရာကြီး ဦးဇော်မင်း က ဒီဒေသနာတော်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ဝေငှခဲ့တာပါ။ "ဘုန်းတော်အတွက် အသက်ရှင်ပါ" လို့ ခေါင်းစီးတပ်ပြီး ပြန်လည် ဝေမျှလိုက်ရပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!

Thursday, August 09, 2012

The Idol Of Celebrity (ဟဲလေး)



Fancy စာချစ်သူများအတွက် ထူးခြားတဲ့ကဏ္ဍလေးအဖြစ် “The Idol of Celebrity” ကဏ္ဍလေးကို ပုံမှန် တင်ဆက်ပေးသွားချင်ပါတယ်။ ဒီကဏ္ဍလေးဟာ အောင်မြင်ကျော်ကြားသူတို့ ရင်ထဲမှာ လေးစားနှစ်သက် ချစ်ခင်ရတဲ့သူတွေ အကြောင်းကို တင်ပြပေးသွားမှာပါ။ ဒီတစ်ပတ်တော့ ဂီတလောကမှာ လှုပ်ရှားမှု နည်းပါးနေသယောင်ရှိတဲ့ လူငယ်တေးသံရှင် တစ်ဦးဖြစ်သူ ဟဲလေး နဲ့ သူ့ရင်ထဲက နှစ်သက်ချစ်ခင်ရတဲ့ အနုပညာရှင် အကြောင်းကို တင်ပြပေးလိုက်ရပါတယ်။

Sunday, August 05, 2012

ထာဝရကာလ အာမခံချက်ရဖို့ (ဒေသနာတော်)


အပတ်စဉ်တိုင်း ဘုရားရှင်ရဲ့ ဒေသနာတော်များကို ကိုယ်တော် မဟောပြောတတ်သည့်တိုင် ဆရာကြီးများရဲ့ သွန်သင်ချက် ဒေသနာတော်များ ထပ်ဆင့် ဝေငှနိုင်ခဲ့လို့ ကြည်နူးမိပါတယ်။ ကျွန်တော် ဝေငှနေတဲ့ ဒေသနာတော်တွေအတွက် ရည်ရွယ်ချက်သန့်သန့်လေးပဲ ထားရှိပါတယ်။ မိမိတို့ အသင်းတော်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေရတဲ့ ပြည်တွင်းပြည်ပက ယုံကြည်သူ ဘာသာဝင်များ ခွန်အားယူနိုင်ဖို့နဲ့ အခြားလေ့လာလိုသူများ လေ့လာနိုင်ဖို့အတွက်ပါ။ ဘယ်သူ့ကို ဘယ်ဘာသာကိုမှ စော်ကားပုတ်ခတ်လိုခြင်းလည်း မရှိပါဘူး။

ပြီးခဲ့တဲ့ အပတ်တုန်းက နေ့စဉ် facebook စာမျက်နှာကနေ ရေးတင်နေတတ်တဲ့ ကျမ်းပိုဒ်လေးတွေရဲ့အောက်မှာ ယုံကြည်သူများနဲ့ စိတ်ဝင်စားသူများက ခွန်အားရလျှင်ရသလို စာလေးတွေ ရေးသွားတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ပတ်တည်းမှာတင် လူပုဂ္ဂိုလ်နှစ်ဦး (တစ်ဦးကတော့ သာသနာအရေခြုံထားတဲ့သူလို့ ထင်ပါတယ်။ သူ့ရဲ့ Profile Photo မှာ တင်ထားတဲ့ပုံကိုတော့ အားနာပါရဲ့။) ကျွန်တော်တင်တဲ့ ကျမ်းပိုဒ်တွေ အောက်မှာ ဝင်ဆဲသွားကြပါတယ်။ ဘာသာရေးအဓိကရုဏ်းဖြစ်စေချင်လို့ လုပ်တာဆိုရင်တော့လည်း မပြောတတ်ပါဘူး။ အဲလို ရေးသွားတာဟာ တကယ်တော့ ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ ဘယ်လိုမျိုးပါလို့ ဖော်ပြနေသလိုပါပဲ။ ကျွန်တော်တင်တဲ့ ကျမ်းပိုဒ်လေးတွေမှာ သူများဘာသာကို စော်ကားပြောဆိုထားတာမျိုးလည်း တစ်စုံတရာ မပါဝင်ခဲ့လေတော့ သက်သက်ကြီး လာအပြောခံခဲ့ရတာမှန်း ရှေ့က Comment ရေးကြတဲ့သူတိုင်း သိကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အလုပ်၊ ကိုယ့်အဓိဌာန် ကိုယ်ဆက်လုပ်ပါဦးမယ်။ ကျွန်တော့လုပ်တာမျိုး ကိုယ့်ခံယူချက်နဲ့ ကိုယ့်ဘာသာအတွက် ကိုယ်လုပ်နိုင်တယ်ထင်လည်း လုပ်ပေါ့။ ဒီလိုပဲ အတုယူ လိုက်လုပ်နိုင်ပါတယ်။ သူများ လုပ်တဲ့အလုပ်အပေါ် ဘာသာမတူလို့ ဆိုပြီး စော်ကားပုတ်ခတ်ဖို့ ဆဲရေးတိုင်းထွာဖို့ မလိုအပ်ဘူးထင်ပါတယ်။ ဒါကလည်း ကျွန်တော့ရဲ့ ယုံကြည်ခြင်းအပေါ် စုံစမ်းစစ်ဆေးခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်က သူများထက် စိတ်တို စိတ်ဆိုးလွယ်ပြီး တုံ့ပြန်မှုမြန်တတ်လို့ ဘုရားသခင်က စစ်ကြောတာလို့ပဲ ခံယူပါတယ်။ ကျွန်တော် ဒီတစ်ကြိမ်တော့ ကျေးဇူးတော်ကြောင့် အောင်နိုင်ခဲ့ပါပြီလေ။

ခုတစ်ပတ်မှာတော့ ကျွန်တော်က ဆရာကြီး ဦးတင်မောင်ညို ဝေငှခဲ့တဲ့ "ထာဝရကာလ အာမခံချက် ရဖို့" ဆိုတဲ့ ဒေသနာတော်ကို ဖတ်ကြားနာသူတိုင်း ခွန်အားအသစ် ရရှိနိုင်စေဖို့ ဝေငှ ပေးသွားချင်ပါတယ်။ ဖတ်ကြားနာသူအယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!