ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာဟာ အရင်းနှီးဆုံး သူစိမ်းတွေလို့ ဆိုလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ပတ်သက်ဆက်နွယ်မှု ရှိနေတဲ့အချိန်မှာတော့ အရမ်းကို ရင်းနှီးကြတာဟာ ဆွေမျိုးရင်းချာတွေ ထက်တောင် သာလွန်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ နှစ်ဦးကြားမှာ ဘယ်လိုအနှောင့်အယှက်မျိုး၊ ဘယ်လို ကြားခံမှုမျိုးမှ အဝင်မခံဘဲကို ချစ်ကြ၊ နားလည်တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြပြီဆိုရင်တော့ သူစိမ်းတွေ ဖြစ်သွားပါတော့တယ်။ သားသမီးတွေ ဆိုရင်တောင် သွေးသား တော်စပ်မှုတွေ ရှိနေပါသေးတယ်။ ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာကတော့ သူစိမ်းတွေလို ဖြစ်သွားပါတော့တယ်။ တစ်ဦးနဲ့ တစ်ဦး ဘယ်လိုအကြောင်းတွေကြောင့်ပဲ လမ်းခွဲကြပါစေ၊ အတိတ်က သတိရစရာ အကြောင်းအရာလေးတွေတော့ ရှိနေတတ်ကြစမြဲပါ။ နာကျည်းမှု၊ မုန်းတီးမှုတွေကြောင့် အားလုံးကို မေ့ပစ်လိုက်ပြီဆိုရင်တောင် ဒါဟာ သိစိတ်က ပြုလုပ်နေတဲ့ လုပ်ဆောင်မှု တစ်ခုပါ။ မသိစိတ်ကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ဆိုက်တဲ့ အကြောင်းအရာတစ်စုံတစ်ခု ကြုံလာခဲ့ရင်ပေါ့။
Wednesday, December 28, 2011
ရည်းစားဟောင်းကို ဘယ်လိုမေ့ရမလဲ
ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာဟာ အရင်းနှီးဆုံး သူစိမ်းတွေလို့ ဆိုလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ပတ်သက်ဆက်နွယ်မှု ရှိနေတဲ့အချိန်မှာတော့ အရမ်းကို ရင်းနှီးကြတာဟာ ဆွေမျိုးရင်းချာတွေ ထက်တောင် သာလွန်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ နှစ်ဦးကြားမှာ ဘယ်လိုအနှောင့်အယှက်မျိုး၊ ဘယ်လို ကြားခံမှုမျိုးမှ အဝင်မခံဘဲကို ချစ်ကြ၊ နားလည်တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြပြီဆိုရင်တော့ သူစိမ်းတွေ ဖြစ်သွားပါတော့တယ်။ သားသမီးတွေ ဆိုရင်တောင် သွေးသား တော်စပ်မှုတွေ ရှိနေပါသေးတယ်။ ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာကတော့ သူစိမ်းတွေလို ဖြစ်သွားပါတော့တယ်။ တစ်ဦးနဲ့ တစ်ဦး ဘယ်လိုအကြောင်းတွေကြောင့်ပဲ လမ်းခွဲကြပါစေ၊ အတိတ်က သတိရစရာ အကြောင်းအရာလေးတွေတော့ ရှိနေတတ်ကြစမြဲပါ။ နာကျည်းမှု၊ မုန်းတီးမှုတွေကြောင့် အားလုံးကို မေ့ပစ်လိုက်ပြီဆိုရင်တောင် ဒါဟာ သိစိတ်က ပြုလုပ်နေတဲ့ လုပ်ဆောင်မှု တစ်ခုပါ။ မသိစိတ်ကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ဆိုက်တဲ့ အကြောင်းအရာတစ်စုံတစ်ခု ကြုံလာခဲ့ရင်ပေါ့။
Labels:
Articles
Friday, December 16, 2011
ကျွန်တော်ကြိုက်သော Christmas သီချင်းများ (၂)
ခရစ္စမတ်ဟာ ဘာသာရေးအရ သိမ်မွေ့နက်နဲသလို၊ ပျော်ရွှင်ငြိမ်သက်ခြင်းတွေလည်း ပြင်ဆင်ပေးတယ်လို့ ကျွန်တော် ယူဆပါတယ်။ ပုဂ္ဂလိက ခံစားမှုပါ။ ထပ်တူခံစားရသူတွေလည်း ရှိနိုင်ပါတယ်။ ခရစ္စမတ်ဟာ နှစ်သစ်ကူးချိန်နဲ့ နီးကပ်နေတာမို့ အပျော်တွေကူးစက်ပြီး တစ်ခါတလေလည်း လေးနက်မှုတွေ ပျောက်ကွယ်နေတတ်ပြန်ပါတယ်။ ဒါပေမယ့် ခရစ္စမတ်ကတော့ နှင်းစက်များကြားမှာ အစဉ်အမြဲ အသက်ဝင်နေဆဲပါ။
ငယ်ငယ်ကတည်းက Santa Claus ကို သဘောကျချစ်ခင်ခဲ့တဲ့ ကျွန်တော်က Christmas သီချင်းလေးတွေမှာ ဆိုလည်း Santa Claus အကြောင်း ဆိုထားတာတွေကို သိပ်သဘောကျခဲ့ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Christmas သီချင်းလေးတွေကို အပိုင်း (၂) အနေနဲ့ ဆက်ပြီး တင်ဆက်ပေးတဲ့အခါ အရင်က ပြောထားသလိုပေါ့ Blog DJ လုပ်ပါရစေဦး။ ဒီတစ်ခါတော့ Christmas နောက်ခံ အချစ်သီချင်းလေးတွေကို အများဆုံး ရွေးပေးချင်ပါတယ်။ ဒီလိုဆိုတော့ ဘာသာ လူမျိုးမရွေး ခံစားနားဆင် ကြည့်ရှုနိုင်မှာပေါ့။
Labels:
Articles
ကျွန်တော်ကြိုက်သော Christmas သီချင်းများ (၁)
ကျွန်တော့ရဲ့ Blog လေး အသက်မဝင်နိုင်ခဲ့တာ ရက်ပိုင်းလေး ကြာနေပြီ။ ဒီရက်ပိုင်း ကျွန်တော် အလုပ်နည်းနည်း ပိနေပါတယ်။ ကျွန်တော့ရဲ့ အလုပ်ကိုက နှစ်ကုန်ပိုင်းမှာ ပိုပြီး အလုပ်များတတ်တာမျိုးမို့ပါ။ အမှန်ကတော့ ကျွန်တော့ရဲ့ ခရီးသွားဆောင်းပါးလေးကို ဆက်ရေးချင်နေတယ်။ ကျွန်တော် ရေးစရာလေးတွေ အသင့်လည်း ရှိနေပါတယ်။ ဒါပေမယ့် မရှိတာက အချိန်ဖြစ်နေလို့ပါ။ ခုလည်း ရတဲ့ အချိန်လေးမှာ ကျွန်တော့ Blog လေး အသက်ဝင်စေချင်လို့ ကျွန်တော် ကြိုက်ခဲ့ရတဲ့၊ ကြိုက်နေဆဲဖြစ်တဲ့၊ ခရစ္စမတ် သီချင်းလေး တချို့ကို ဝေမျှပေးချင်ပါတယ်။
ခရစ္စမတ်ရဲ့ အဓိပ္ပါယ်ကိုက ချစ်ခြင်းမေတ္တာနဲ့ ဝေမျှခြင်းတွေပါနေတော့ ကျွန်တော်ကလည်း ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ကျွန်တော်ကြိုက်တဲ့ ခရစ္စမတ်သီချင်းလေးတွေကို ရုပ်ရော အသံပါ ပူးတွဲခံစားနိုင်အောင်လို့ You Tube ကနေ ရှာဖွေပြီး တင်ပြပေးလိုက်ရပါတယ်ဗျာ။ တချို့သီချင်းလေးတွေက သီချင်းအနေနဲ့ ရှိပေမယ့် အရုပ်အနေနဲ့ အသက်မဝင်လာတော့၊ You Tube မှာ ဖြတ်ညှပ်ကပ် ပုံလေးတွေပါတဲ့ ဗီဒီယိုအနေနဲ့ ရှိပေမယ့် ကျွန်တော်က အဲလိုမျိုးသီချင်းတွေကျတော့ ခံစားလို့ သိပ်မရပြန်ဘူး။ ဒါကြောင့် တတ်နိုင်သမျှ အဲလို ဖြတ်ညှပ်ကပ်မပါတဲ့ ခရစ္စမတ် ဗီဒီယိုမျိုးကို ရွေးချယ်ထားပါတယ်။ ဒါတောင် တစ်ပုဒ်က ပါသွားသေးတယ်။ ဒါလေးတော့ သည်းခံပြီး အသံအနေနဲ့ခံစားပေးပါ။ အဲဒီတစ်ပုဒ်ပါပဲ။ ကျန်တာတွေကတော့ အရုပ်အသံ အားလုံး လိုက်ဖက်ကောင်းမွန်ပါတယ်။
Labels:
Articles
Thursday, December 08, 2011
ကျွန်တော်နှင့် ဖနွမ်းပင် (၃)
အပျင်းပြေ ညဈေး
ကမ္ဗောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင်က မြစ်ရှုခင်းအလှနဲ့ ညဘဝကို ခံစားကြည့်ရလို့ ငြီးငွေ့တယ်ဆိုရင်တော့ အပြုံးချိုချိုဒေသခံလေးတွေရဲ့ ဈေးရောင်း ဈေးဝယ်သံတွေကို ကြားရမယ့် ညဈေးကို သွားသင့်ပါတယ်။ ဒီညဈေးလေးဟာ River Town အဝင်နားလေးမှာ ရှိပြီး လေဟာပြင်ကြီးလို ကွန်ကရစ်ခင်းထားတဲ့ နေရာကျယ်ကြီးပေါ်မှာ ယာယီဆိုင်ခန်းလေးတွေလာပြီး ရောင်းချကြတာပါ။ ဆိုင်ကယ်အပ်နှံဖို့အတွက် ညဈေးလေးရဲ့ အပြင်ဘက်မှာ လက်ခံဆောင်ရွက်ပေးပြီး Riel 500 ဝန်းကျင် ပေးရပါတယ်။ ညဈေးဆိုပေမယ့် အဖြစ်လုပ်ထားတဲ့ ညဈေးမဟုတ်ပါဘူး။ နိုင်ငံခြားသားတွေကိုပါ ဆွဲဆောင်နိုင်အောင်ကို သေချာပြင်ဆင်ထားတဲ့ ဈေးလေးပါ။ ကျွန်တော်တို့ဆီမှာလည်း တလောက လေဟာပြင်ဈေးလုပ်မယ်လို့ ကြားမိသေးတာကြောင့် ဒီလိုလေးလုပ်ရင်တော့ သိပ်ကောင်းမှာပဲလို့ တွေးမိသွားပါတယ်။
Labels:
Travel and Living
Wednesday, December 07, 2011
သက်တမ်းစေ့မှ လက်ပြနှုတ်ဆက်လှည့်ပါ
(စကားချီး - ကျွန်တော့ဘဝမှာ မှတ်မှတ်ယယ ပထမဆုံးရေးသားဖူးတဲ့ ကျန်းမာရေးဆာင်းပါး ဖြစ်ပါတယ်။ ကျွန်တော် ကျွမ်းဝင်မှုမရှိတဲ့ ဒီကဏ္ဍကို တတ်အားသမျှလေ့လာမေးမြန်းဆည်းဖူးပြီး တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးလေးကို စာထက်အက္ခရာတင်ပေးလိုက်တာက "HEALTH CARE" ဂျာနယ်ပါ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ် အတွဲ (၂)၊ အမှတ် (၄၆) မှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်လည်း ကျန်းမာရေးဆောင်းပါးတွေ အလျဉ်းသင့်သလို ရေးသွားဦးမှာပါ။)
ယနေ့ကမ္ဘာမှာနေ့စဉ်နှင့်အမျှ လူဦးရေ တိုးပွားများပြားလာလိုက်တာ
ခုဆိုရင် သန်းပေါင်း ၇ ထောင်ကျော်တောင် ရှိလာပြီး၊ တစ်ဘက်မှာလည်း လက်ပြနှုတ်ဆက်လို့
ထွက်ခွာနေကြသူတွေလည်း အမြောက်အများ ရှိနေဆဲပါ။ တစ်ချိန်တော့ အားလုံးစွန့်လို့ ထွက်ခွာကြရမှာ
မှန်ပေမယ့်၊စောစောနှုတ်ဆက်ရတာနဲ့နောက်ကျနှုတ်ဆက်ရတာပဲ ကွာနိုင်ပါတယ်။ စာရေးသူတို့ မြန်မာလူမျိုးတွေကတော့
အဆိုပါ အချင်းအရာတွေကို ကံကြောင့်လို့ သက်မှတ်ယုံကြည်ကြပြီး ကံကုန်လို့ ခွဲခွာရတယ်လို့
ဆိုတတ်ကြပါတယ်။ တကယ်ကတော့ ခုလို လူ့လောက ကနေ အချိန်မတိုင်ခင် ထွက်ခွာသွားကြရတယ်ဆိုတာမှာ
ကိုယ့်ဘက်က ဆင်ခြင်နေထိုင်မှုအားနည်းတာကြောင့်လည်း အများကြီးပါတာမို့ ကံကိုချည်း အပြစ်ဖွဲ့ဖို့
မဖြစ်နိုင်ပါဘူး။ လူတွေကြောင့်ပဲဖြစ်လာရတဲ့ရောဂါအဆန်းအပြားမျိုးစုံကလည်း ဟိုက ဒီက
ကြားနေရကြရပြီပဲ။ အဆိုးရွားဆုံးရောဂါအဖြစ် လူတွေ သိမှတ်ထားကြတာကတော့ ကင်ဆာရောဂါအမျိုးမျိုးတွေပဲဖြစ်ပါတယ်။ စာရေးသူတို့မြန်မာပြည်သူတွေ ထိတ်လန့်တုန်လှုပ်ကြတဲ့အထဲမှာလည်း ကင်ဆာရောဂါတွေက
ထိပ်ဆုံးက ပါဝင်နေပါတယ်တဲ့။
Labels:
Health
ကျွန်တော်နှင့် ဖနွမ်းပင် (၂)
မြစ်ကမ်းဘေးက နိဗ္ဗာန်ဘုံ
![]() |
| River Side ရဲ့ အတွင်းဘက် ပလက်ဖောင်း နဲ့ River Town |
ကျွန်တော် ဖနွမ်းပင်ကို နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ရောက်ခဲ့တာမို့ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ ဖနွမ်းပင်ရဲ့ ပထမဆုံး Weekend အလုပ်နားရက်လေးကို ဒီဇင်ဘာလ (၃) ရက်နေ့မှာ စပြီး ရခဲ့တာမို့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်းနဲ့ပဲ ဘယ်မှ မသွားဖြစ်လိုက်ပါဘူး။ စနေနေ့ ညဘက်မှာတော့ ကျွန်တော့ ရုံးက လုံခြုံရေးပိုင်းကို တာဝန်ယူတဲ့ အရာရှိ တစ်ဦးရဲ့ အကူအညီနဲ့ ဖနွမ်းပင်ရဲ့ လူပြောများ စည်ကားလှတဲ့ ဖောရိန်းနာ မြို့တော်ကို ရောက်ရှိခဲ့ပါတယ်။ ဒါ ကျွန်တော့ဘာသာ နာမည်ပေးထားတာပါ။ သူတို့ကိုယ်တိုင်လည်း အဲဒါကို လက်ခံပါတယ်။
Labels:
Travel and Living
Sunday, December 04, 2011
ကျွန်တော်နှင့် ဖနွမ်းပင် (၁)
ကျွန်တော့အလုပ်နဲ့ ပတ်သက်လို့ ကမ္ဗောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့ကို ရောက်ဖို့ အကြောင်းရှိနေတာက ကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်လ လောက်ကတည်းကပါပဲ။ အစီအစဉ်အမျိုးမျိုး ပြောင်းရင်း ရွှေ့ရင်းနဲ့ပဲ ခု ဒီဇင်ဘာကျမှ ဖနွမ်းပင်ကို ရောက်ဖို့ ဖြစ်သွားပါတယ်။ အစီအစဉ်ကလည်း ဖြစ်ချင်တော့ ကောက်ကာငင်ကာမို့ ကျွန်တော်သွားမယ့်ရက်နဲ့ အကိုက်ဆုံးဖြစ်တဲ့ MAI လေယာဉ်ကို ရွေးချယ်ခဲ့ပါတယ်။ နိုဝင်ဘာလ ရဲ့ နောက်ဆုံးရက်လေးမှာ ရန်ကုန်မြို့ရဲ့ ကောင်းကင်ပြာပြာကို ဖြတ်သန်းလို့ ကမ္ဗောဒီးယားနိုင်ငံရဲ့ အပြာရောင် ကောင်းကင်အောက်ကို ခိုဝင်ခဲ့ပါတယ်။
Labels:
Travel and Living
Subscribe to:
Comments (Atom)













