Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, December 04, 2011

သူပျော်ပါစေ...


အို...ဘုရားသခင်..
သူ့ အား ဖြစ်နိုင်သမျှ...
အတော်ဆုံးနဲ့  အသင့်မြတ်ဆုံး...
ချစ်သူတစ်ယောက် ပေးသနားတော်မူပါ...။


တစ်ကယ်လို့ ...တပည့်တော်ဟာ...
သင့်မြတ်လျော်ကန် သူ ဖြစ်မယ်ဆိုရင်...
တပည့်တော်ကို....သူ့ ချစ်သူဖြစ်ခွင့်ပြုပါ...။

တပည့်တော်ဟာ....
သူနဲ့ သင့်မြတ်လျော်ကန်သူ မဟုတ်ခဲ့ ရင်...
တပည့်တော်ထက် သာသူအတွက်....
တပည့်တော် နောက်ဆုတ်ပေးနိုင်အောင်....
ကူညီစောင်မတော်မူပါဘုရား....။

Charming Junan

(စကားချပ် - ဒီကဗျာလေးပိုင်ရှင် ညီ Charming Junan ဟာလည်း စာရေးကောင်းပြီး ခံစားချက် ပြင်းထန်တဲ့သူလေးပါ။ သူ့စာတွေ၊ ကဗျာလေးတွေလည်း အရမ်းကောင်းပါတယ်။ သူရေးထားသမျှထဲက ဒီကဗျာလေးကို ကျွန်တော်သဘောကျလို့ သူ့ခွင့်ပြုချက်နဲ့ တင်ဖြစ်သွားတာပါ။)

1 comments:

Moe Htet Nyan said...

ကဗျာကိုဖတ်ပြီးတော့..စိတ်ထဲမှာတစ်မျိုးဖြစ်သွားတယ်...ဘယ်လိုလဲဆိုတာတောင်ကိုယ့်ကိုကိုယ်မသိတော့ဘူး...!_!