Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, May 27, 2012

သိလျက်နှင့် ဝန်မခံခြင်း၏ အကျိုး (ဒေသနာတော်)


အပတ်စဉ် ဝေမျှခွင့်ရနေသော တရားဒေသနာတော်များအတွက် အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဦးစွာ ချီးမွမ်းပါတယ်။ အသင်းတော်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြတဲ့ ပြည်တွင်းပြည်ပက ယုံကြည်သူ ညီအစ်ကို မောင်နှမများအပါအဝင် လေ့လာလိုသူတိုင်းအတွက် ဝိညာဉ်ခွန်အားနှင့် ဆာငတ်မှု သက်သာဖို့ ယုံကြည်မျှော်လင့်ပါတယ်။ ခု တစ်ပတ်မှာလည်း ဆရာကြီး ဦးဇေန ဝေငှထားတဲ့ “သိလျက်နှင့် ဝန်မခံခြင်း၏ အကျိုး” ဒေသနာတော်ကို ဝေမျှပေးလိုက်ရပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ တည်ဆောက်သူတိုင်းအား သာ၍ ကောင်းကြီးပေးပါစေ။ Amen!

Sunday, May 20, 2012

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ (ဒေသနာတော်)



ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ မေလ (၆) ရက်နေ့က ဝေငှခဲ့တဲ့ ဆရာတော်ကြီး ဦးတင်မောင်ညို ရဲ့ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ” ဒေသနာတော်ကို ဝေမျှပေးသွားချင်ပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ ခုလို ကျွန်တော့ Blog ပေါ်မှာ ဒေသနာတော်များကို ဝေမျှခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းမိသလို၊ ခုတစ်ပတ် ဒေသနာ အားဖြင့်လည်း ဖတ်ကြားနာသူအယောက်စီတိုင်း တည်ဆောက်ခွန်အားယူစရာ ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် အသစ်သောကောင်းကြီးမင်္ဂလာများ ပေးပါစေ။ Amen!

Friday, May 18, 2012

၂၀၁၂ ရဲ့ အလှဆုံးအမျိုးသမီး Beyonce


ကျွန်တော် အနှစ်သက်ဆုံးဂီတအမျိုးအစားတစ်ခုကတော့ R&B ပါ။ ဒီ R&B ဂီတကို ကြိုက်သွားရအောင် လုပ်ပေးတဲ့သူက ကမ္ဘာကျော် R&B တေးသံရှင် Beyonce ပါပဲ။ သူ့ကို ဟိုးအရင် Destiny's Child အဖွဲ့ကတည်းက သိပ်နှစ်သက်ခဲ့ပါတယ်။ ပထမဆုံးကြားဖူးတဲ့ သူ့ရဲ့ သီချင်းလေးက Say My Name ပါ။ အဲဒီ သီချင်းကြားခါစကတော့ သိပ်ခံစားလို့ မရခဲ့ပါဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ နားယဉ်လာပြီး အဲဒီ သီချင်းကို သိပ်ကြိုက်ခဲ့ပါတယ်။ အဲဒီသီချင်းနဲ့ မရှေးမနှောင်းပဲ ထွက်လာကြတဲ့ Jumpin' Jumpin', No No No စတဲ့ သီချင်းတွေဟာ ကျွန်တော့ အသည်းစွဲတွေ ဖြစ်လာပါတယ်။ Destiny's Child အနေနဲ့ သဘောကျလာခဲ့တဲ့ Beyonce ရဲ့ သီချင်းတွေကို သူတို့အဖွဲ့ရဲ့ နောက်ပိုင်း တေးအယ်လ်ဘမ်တွေမှာ ပိုလို့တောင် ကြိုက်လာခဲ့ပါတယ်။ သူတို့အခွေမှန်သမျှ ဝယ်နားထောင်၊ သူတို့ စတိတ်ရှိုးမှန်သမျှ  ဝယ်ကြည့်နဲ့ သူတို့မှ သူတို့ ဖြစ်ခဲ့ပါတယ်။

ဒီနေ့တွေးတဲ့ အတွေးတစ်စ (၂)


မနေ့က ဖြစ်ပျက်တဲ့ အကြောင်းအရာလေးတစ်ခုက ဒီနေ့ ခေါင်းထဲကို ဖြတ်ခနဲ ပြန်ပေါ်လာတယ်။ ဒီနေ့ အလုပ် နည်းနည်းပါးနေတာလည်းပါတော့ ခေါင်းထဲ အတွေးတွေက ဟိုတစ်စ ဒီတစ်စ ရောက်ရောက် လာတယ်။ ဒီလိုရယ်။ ကျွန်တော်နဲ့ အင်္ဂလိပ်စာဒီပလိုမာသင်တန်းမှာ ခင်ခဲ့ရတဲ့ သူငယ်ချင်း တစ်ယောက် ရှိလေရဲ့။ သူက လူတစ်မျိုး။ စာရေးတာတော့ ဝါသနာပါသလို၊ နောက်ထပ် ဝါသနာတစ်ခုက ကိုးရီးယားဇာတ်လမ်းတွဲတွေကို အသေအလဲကြည့်တာမျိုးပေါ့။ မိဘအသိုင်းအဝိုင်းကလည်း စီးပွားရေး အဆင်ပြေတော့ အိမ်စီးပွားရေးလေးကူရင်း သူလုပ်ချင်တာလေးတွေ လုပ်နေနိုင်တဲ့ အခြေအနေပါ။ ဒီတော့လည်း သင်တန်းလေးတွေတက်၊ ဇာတ်ကားလေးတွေကြည့်နဲ့ အချိန်တွေက လှနေပါတယ်။ ကျွန်တော်မသိတဲ့ အခက်အခဲတွေတော့လည်း ရှိချင် ရှိနေမှာပါ။ ကျွန်တော် မဂ္ဂဇင်းတွေမှာ စာတွေ စရေးနေချိန်မှာ သူက ကျွန်တော့ကို ချိတ်ဆက်ပေးဖို့ အကူအညီတောင်းတယ်။ ကျွန်တော်လည်း ကူညီပေးခဲ့ပါတယ်။ နောက်ပိုင်းတော့ သူလည်း အဲဒီ မဂ္ဂဇင်းနဲ့ ချိတ်ဆက်လို့ ကိုးရီးယားဇာတ်လမ်းတွဲလေးတွေနဲ့ ကိုးရီးယား မင်းသား မင်းသမီးလေးတွေအကြောင်း စရေးဖြစ်လာတယ်ပေါ့။ အဲဒီအချိန်မှာ ကိုးရီးယားကားတွေကို လူတွေက စစိတ်ဝင်စားစ ပြုလာပြီဆိုတော့ သူက အချိန်ကိုက် အောင်မြင်သွားပါတယ်။ ဒါနဲ့ ခုနောက်ပိုင်းတော့ စာတွေရေးအားကောင်းလာပြီး မဂ္ဂဇင်းတွေမှာ ဟင်းချက်နည်းတို့အပါအဝင် ကျွန်တော် သိပ်မသိတဲ့ အခြားအကြောင်းအရာလေးတွေပါ မဂ္ဂဇင်းတော်တော်များများမှာ ရေးလာနိုင်တယ်လေ။ တကယ် ကြိုးစားခဲ့ပြီး ဒီဘက်ပိုင်းမှာ အရမ်းနစ်မြုပ်ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေပါ။ တော်ပါတယ်။

Monday, May 14, 2012

ပင်လယ်ပျော်နေ့ရက်များ သို့



ခရီးတစ်ခုသွားဖြစ်တိုင်း ခရီးသွားဆောင်းပါးရေးမယ် ရေးမယ်နဲ့ အပျင်းကြီးတဲ့ကျွန်တော် တစ်ခုမှ မရေးဖြစ်ဘူး။ ဒီတစ်ခါတော့ သွားခဲ့တဲ့ခရီးလေးကလည်း ကိုယ့်အတွက်တော်တော်လေး အမှတ်တရဖြစ်ပြီး အတွေ့အကြုံအသစ်တွေ ရခဲ့လို့ မဖြစ်ဖြစ်အောင် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

Sunday, May 13, 2012

အသက်ရှင်ခြင်းသက်သေ (ဒေသနာတော်)


အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျွန်တော့ရဲ့ Blog ကနေ ဒေသနာတော်တွေကို ဝေငှလာခဲ့တာ အချိန် အတိုင်းအတာ တစ်ခုတိုင်အောင် ရောက်လာခဲ့ပါပြီ။ ခုလိုအောင်အောင်မြင်မြင် တင်ပြဝေငှနိုင်ခွင့်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းမိသလို၊ ပြည်တွင်းပြည်ပက ယုံကြည်သူ ချစ်မိတ်ဆွေတွေလည်း ဝိညာဉ်ခွန်အား ဆာငတ်မှု သက်သာပြေပျောက်စေမယ်လို့ ယုံကြည်မိပါတယ်။ ဒီတစ်ပတ်မှာလည်း ဆရာတော်ကြီး ဦးတင်မောင်ထွန်း ရဲ့ ဒေသနာတော်ကို ထပ်မံတင်ပြဝေငှသွားချင်ပါသေးတယ်။ ဒီဒေသနာကို ဆရာကြီးက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ဝေငှခဲ့တာပါ။ ဒေသနာတော်ကိုတော့ “အသက်ရှင်ခြင်းသက်သေ” လို့ ခေါင်းစဉ်တပ်ပေးလိုက်ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ တည်ဆောက်သူတိုင်းအား သာ၍ ကောင်းကြီးပေးပါစေ။ Amen!

Sunday, May 06, 2012

ရှင်ဖုန်း ကမ်းမဲ့လက် ကို လှမ်းဆွဲကြည့်ခြင်း


ဒီနေ့ ရာသီဥတုလေးက သာသာယာယာရှိနေလိုက်တာ။ မနက်ကတည်းက ပူပူလောင်လောင် သိပ်မရှိလှ။ အေးမြနေတာမျိုးလည်း မဟုတ်ပေမယ့် ခါတိုင်းနေ့တွေထက်တော့ အပူလျော့နေတယ်လို့ ထင်မိပါတယ်။ မိုးလေးက တစ်နေ့လုံး အုံ့အုံ့မှိုင်းမှိုင်းဆိုတော့လည်း တစ်ခါတစ်ခါ ပြတင်းပေါက်က ဖြတ်လို့ ဝင်လာတဲ့ လေလေးတွေက အေးမြစွတ်စိုနေသလိုလိုပါပဲ။ ဒီလိုရာသီဥတုဟာ ကျွန်တော့ကို သီချင်းတွေ နားထောင်ဖို့ တွန်းအား ပေးလွန်းနေတယ်လေ။ ကျွန်တော် သိပ်မကြာခင်က စင်ကာပူက အစ်ကို ကို လှမ်းမှာ ထားတဲ့ Beats အသစ်ကြီးကလည်း ရောက်နေပြီမို့ ဒီနေ့တော့ အသုံးချပြီး သီချင်းကို အေးအေးလူလူ နားဆင်ဖို့ စိတ်ကူးလိုက်မိပါတယ်။ ခါတိုင်းရက်တွေကတော့ ပူလောင်လွန်းလှတာမို့ အဲဒီ နားကြပ်ထူထူကြီးကို နားမှာ တပ်ထားရမှာ သေမလောက်ကြောက်ပါတယ်။ တပ်လိုက်မိရင် ၃ မိနစ်လောက်ဆို ချွေးတွေနဲ့ စိုနေပြီ။ ဒီနေ့ရာသီဥတုလေးကတော့ အေး သယောင်ယောင်နဲ့မို့ ဝရံတာ ထွက်ပြီး ထိုင်ခုံမပါဘဲ အောက်က သမံတလင်းမှာပဲ လွတ်လွတ်လပ်လပ် ထိုင်ချလိုက်ပြီး ရွာမလို ညိုနေတဲ့ မိုးမင်းကို မျက်နှာချင်းဆိုင်လို့ သီချင်းရွေးနေမိပါတယ်။ ဒီတလော သီချင်းနားထောင်စရာ အကြွေးတွေ ပုံနေတဲ့အထဲက တေးစုသစ် တစ်ခု ဖြစ်တဲ့ အမျိုးသမီးတေးသံရှင် “ရှင်ဖုန်း” ရဲ့ “ကြင်နာသူကမ်းမဲ့လက်” တေးစု ကို ရွေးချယ်လိုက်ပါတယ်။

Britney Spears ရဲ့ABROAD ကို ခံစားကြည့်ခြင်း


ကျွန်တော်က နိုင်ငံခြားတေးလေးတွေကို နားဆင်ရတာလည်း အတော် သဘောကျပါတယ်။ အထူးသဖြင့် R&B သီချင်းပုံစံလေးတွေပေါ့။ သံစဉ်ထဲမှာ တက်ကြွစရာ Beat လေးတွေ ပါဝင်တဲ့ သီချင်းလေးတွေကို နှစ်သက်တတ်လို့ပါ။ တကယ်က ကျွန်တော် သီချင်းပုံစံစုံကို သဘောကျတတ်ပါတယ်။ တေးသံရှင်တွေဆိုလည်း ဒီလိုပဲ။ တော်လို့ ကမ္ဘာကျော်လာကြတာမို့ အားလုံးကို တစ်ယောက်တစ်မျိုးစီ နှစ်သက်တတ်ပါတယ်။ တချို့ကိုတော့ နည်းနည်းလေး ပိုနှစ်သက်တာမျိုးတော့ ရှိတာပေါ့ဗျာ။ ခုလည်း ကျွန်တော် ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ Britney Spears ရဲ့ တေးအယ်လ်ဘမ် အသစ်လေးက ထွက်လာပါပြီ။ တကယ်က တေးအယ်လ်ဘမ်လို့သာ ပြောရတယ်။ Official Album ဖြစ်ပုံတော့မရပါဘူး။ သီချင်းတွေက ထင်သလောက် အားမကောင်းနေလို့ပါ။ ဒါပေမယ့် တချို့သီချင်းလေးတွေကတော့ နှစ်သက်စရာပဲ။ ဒီတေးအယ်လ်ဘမ်လေးနဲ့ ပတ်သက်လို့ အညွှန်းလေးကို လွန်ခဲ့တဲ့ ဧပြီလထုတ် မဂ္ဂဇင်းအတွက် ကျွန်တော် ရေးသားဖော်ပြခံခဲ့ရပြီးပါပြီ။ ကျွန်တော့ Blog မှာတော့ ဒီတေးအယ်လ်ဘမ်အညွှန်းနဲ့အတူ အဲဒီထဲကပါတဲ့ သီချင်းလေးတွေကို ရုပ်သံအနေနဲ့ပါ တွဲဖက် ခံစားနိုင်ဖို့ စုစည်းပေးလိုက်ပါတယ်။ ဒါမှလည်း အညွှန်းရေးထားတာကို ပိုပြီး ပီပီပြင်ပြင် ခံစားနိုင်မှာကိုး။

စစ်ဆေးဆင်ခြင်စရာ အသက်တာ (ဒေသနာတော်)


ဒီတနင်္ဂနွေတော့ ထူးထူးခြားခြား နိုင်ငံခြားသာသနာပြုဆရာတော် တစ်ဦးရဲ့ ဒေသနာဝေငှချက်ကို ဖော်ပြလို ပါတယ်။ ဆရာချက်စ်လော ဟာ ဒီ ဒေသနာတော်ကို ပြီးခဲ့တဲ့ ဧပြီလ (၈) ရက်နေ့က ဝေငှခဲ့တာပါ။ “စစ်ဆေး ဆင်ခြင်စရာ အသက်တာ” လို့ ခေါင်းစဉ်တပ်လိုက်တဲ့ ဆရာတော်ရဲ့ ဒေသနာကို အကြောင်းအမျိုးမျိုးကြောင့် အသင်းတော်နဲ့ ဝေးကွာနေကြရတဲ့ ပြည်တွင်းပြည်ပ က ယုံကြည်သူ ညီအစ်ကိုမောင်နှမများနဲ့ လေ့လာလိုသူ ညီအစ်ကိုမောင်နှမများအားလုံးဖတ်ကြားနိုင်ဖို့ ကျွန်တော့ Blog လေးကနေ တစ်ဆင့် ပြန်လည် ဝေငှပေး လိုက်ရပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!

Saturday, May 05, 2012

Radio ရင်ခုန်သံများ ပြန်လည်အသက်သွင်းတဲ့ည


မေလ (၄) ရက်၊ သောကြာနေ့၊ ၂၀၁၂ ခုနှစ်

ဒီနေ့ကို ထူးထူးခြားခြား ကျွန်တော့ရုံးက ကျွန်တော့တို့ကို အားလပ်ရက် သတ်မှတ်ပေးထားတယ်။ အကြောင်းကတော့ မေလ (၅) ရက်နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်ပြီး စနေနေ့နဲ့ တစ်ထပ်တည်းကျနေလို့ အားလပ်ရက်ကို ရှေ့တစ်ရက်တိုးပြီး သောကြာနေ့ ပေးလိုက်တာပါ။ အင်မတန်မှ သဘောကောင်းတဲ့ အလုပ်လို့ ဆိုရမလားဘဲ။ ဒါကြောင့်မို့ အလုပ်သမားနေ့ ပြီးကတည်းက သုံးရက်ဆက်တိုက်ပိတ်မယ့် အားလပ်ရက်လေးကို မျှော်ပြီး တက်ကြွနေခဲ့ပါတယ်။ ဒီကြားတည်းမှာ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ Just Music Radio အဖွဲ့က ဘယ်သူတွေက ရန်ကုန်ပြန်ရောက်နေပြီး၊ မဆုံတာကြာတာမို့ ဆုံချင်ကြောင်းနဲ့ ရှေ့အနာဂတ် စီမံကိန်းတွေ တိုင်ပင်မယ် စသဖြင့် ကြီးကြီးမားမား အကြောင်းအရာများနဲ့ သောကြာနေ့ ညနေ (၄) နာရီကို စီစဉ်ထားတယ်လို့ အကြောင်းကြားတာလေး လက်ခံခဲ့ရပါတယ်။ ကျွန်တော်လည်း သောကြာနေ့က အားလပ်ရက် ရနေတာမို့ လာမယ့်အကြောင်းလေး ပြောခဲ့လိုက်တယ်။ တိုက်ဆိုင်ချင်တော့ ကြာသပတေးနေ့ ညနေပိုင်းမှာ ကျွန်တော်တို့ အထက်လူကြီးက အလုပ်ပိတ်ပေးလိုက်ပေးမယ့် အလုပ်သစ်တွေ ရှိနေတာမို့ အီးမေးလ်စစ်ဆေး ဖြေကြားပေးဖို့ ကိစ္စတွေရှိလို့ နေ့တစ်ပိုင်းတော့ လာပေးဖို့ကို အကြောင်းကြားလာတော့ ကျွန်တော်လည်း အလုပ်ကို သောကြာနေ့မှာ အပြေးအလွှား စိတ်မပါဘဲ သွားခဲ့ရပါတယ်။ နိုင်ငံရပ်ခြားက လူတွေနဲ့ လုပ်ရတဲ့အလုပ်မို့ စာဝင်စာထွက်အချိန်မမှန်ရင် အလုပ်တွေ လွဲကုန်မှာစိုးလို့ စိတ်က အားလပ်ရက် ဖြစ်နေပေမယ့် ကိုယ်ကတော့ ရုံးမှာ အီးမေးလ်တွေ ထိုင်စစ်၊ ထိုင်ပြန်နေရတယ်။ အဲဒီ အလုပ်က ဆက်သွားလိုက်တာ ညနေ (၃) နာရီထိုးမှာ ရုံးဆင်းရတဲ့အဖြစ်။ အဲဒီအချိန်မှာ Just Music Radio က ညီလေး ရဲကို (Blogger ချောကလက်ကျူးပစ်လေး) က ဖုန်းတဂွမ်ဂွမ် ဆက်နေပြီ။ အဲဒီကို သူနဲ့ အတူသွားဖို့ ချိန်းထားခဲ့တာကိုး။ သူ့ကိုတော့ ညနေ (၄) နာရီ မမီနိုင်တဲ့အကြောင်းပြောပြီး အိမ်ပြန် ရေမိုးချိုး လိုက်ပါတယ်။ (၄) နာရီ ၁၅ မိနစ်လောက်တော့ ပြီးသွားတာမို့ သူနဲ့ ချိန်းချက်ပြီး ပွဲလုပ်မယ့် ရန်ကင်း၊ ဘောက်ထော် က JMR မိဘတွေ ရှိတဲ့ အိမ်ကို ထွက်ခဲ့ကြပါတယ်။

Tuesday, May 01, 2012

ထွန်းအိန္ဒြာဗိုလ် နှင့် တွေ့ဆုံခြင်း


ကျွန်တော်က မင်းသား မင်းသမီးတွေကို အစွဲအလမ်းထားလေ့ သိပ်မရှိပါဘူး။ အဆိုတော်တွေဆိုလည်း ဘယ်သူပဲဖြစ်ဖြစ် သီချင်းအဆိုကောင်းရင်၊ သူတို့ဆိုတဲ့ သီချင်းတွေ ကောင်းရင် ကြိုက်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့ဘဝမှာ တစ်ဦးတည်း စွဲစွဲလန်းလန်း လေးလေးစားစား နှစ်သက်မိတဲ့ မြန်မာ အနုပညာရှင် တစ်ဦး ရှိပါတယ်။ သူကတော့ ရုပ်ရှင်သရုပ်ဆောင်နဲ့ တေးသံရှင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် ပါ။ သူ့ရဲ့ အနုပညာကို လေးစားနှစ်သက်တာရော၊ သူ့ရဲ့ Personality ကို လေးစားတာရောကြောင့်ပါ။ ခုတလောမှ သူငယ်ချင်း ဖြစ်လာတဲ့ မအေးမြင့်မိုရ် နဲ့ ပတ်သက်ပြီး မခိုင် (ထွန်းအိန္ဒြာဗိုလ်) ရဲ့ Facebook Page မှာ Cover ဒီဇိုင်းတွေကို ရေးဆွဲပေးခွင့် ရခဲ့မှ အစ်မနဲ့ အစ်ကို ကိုအောင်မင်းထွန်း တို့နဲ့ ပိုပြီး ရင်းနှီးလာသလို ခံစားရပါတယ်။ ကျွန်တော် ရေဒီယိုအစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့တဲ့ သက်တမ်း ၈ နှစ်လောက်အတွင်းမှာ မှတ်မှတ်ရရ မခိုင် နဲ့ နှစ်ခေါက်ပဲ အင်တာဗျူး မေးမြန်းခွင့် ရခဲ့ပါတယ်။ ပထမတစ်ခေါက် ၂၀၀၆ ခုနှစ်မှာ အစ်မ ရဲ့ ၉ မိုင်၊ မစိုးရိမ်ကျောင်းလမ်းက အိမ်မှာ သွားရောက် အင်တာဗျူးခဲ့တာဖြစ်ပြီး၊ ဒုတိယတစ်ခေါက်ကတော့ ၂၀၁၀ ခုနှစ်အတွက် ၉ နှစ်ပြည့်အဖြစ် ပြုလုပ်တဲ့ City FM နှစ်ပတ်လည်ပွဲ မတိုင်ခင် တီအာမိုး သီချင်းအတွက် တစ်ရက်ကြို အကြိုလေ့ကျင့်ခြင်းနဲ့ ရိုက်ကူးရေး အစီအစဉ်ပြုလုပ်တဲ့ရက်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ပဲ လူချင်းတွေ့ဆုံ အင်တာဗျူးခွင့်ရခဲ့ပါတယ်။