![]() |
| လမ်းဘေးမှာ ရောင်းလေ့ရှိတဲ့ အမှတ်တရလက်ဆောင်ပစ္စည်းများ |
Saturday, April 30, 2016
ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၂)
Labels:
Travel and Living
Friday, April 22, 2016
မိုးကုတ်ကို တစ်ညအိပ် နှစ်ရက် ခရီးထွက်မယ်ဆိုရင်…

ကျွန်တော် ပြင်ဦးလွင်ကို ရောက်နေတုန်း၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ မိုးကုတ်ကို သွားဖို့ စီစဉ်လိုက်တယ်။ မိုးကုတ်က ပြင်ဦးလွင်ကနေဆိုရင် ၈၄ မိုင်လောက်ပဲ ဝေးလို့ ၃ နာရီ ခရီးပဲ ရှိတာမို့ တစ်ညအိပ်ခရီးသွားဖို့ လုံလောက်တယ်လို့ ထင်မိတာကြောင့်လည်း ပါပါတယ်။ မိုးကုတ်ကို သွားဖို့ ပြင်ဦးလွင်က လွင်မိုး (ပြင်ဦးလွင် - မိုးကုတ်) ဗင်ကားအသင်းနဲ့ ချိတ်ဆက်ပြီး ကားစင်းလုံးငှားထွက်လာဖြစ်ခဲ့တယ်။ ပုံမှန်အားဖြင့် ရှေ့ခန်း တစ်သောင်းခွဲ၊ နောက်ခန်း တစ်သောင်း စသဖြင့် ရှိတတ်ပေမယ့် ဟိုမှာလည်ပတ်တဲ့အခါလည်း ကားလိုအပ်နိုင်လို့ အသွားအပြန် တစ်ခါတည်း ငှားထားလိုက်ပါတယ်။
မနက်စောစောထွက်နိုင်ရင်တော့ မိုးကုတ်ကို ဝင်ချိန်စောလို့ လည်ဖို့ ပတ်ဖို့အချိန်ရပေမယ့် ကျွန်တော်ငှားတဲ့ကားက ဘရိတ်အသစ်လဲတယ်ဆိုပြီး ၁၀ နာရီလောက်မှ လာခေါ်နိုင်ပါတယ်။ ပြင်ဦးလွင်-မိုးကုတ်လမ်းက အရမ်းသာယာပြီး လမ်းပိုင်းတော်တော်များများ ကောင်းပါတယ်။ လမ်းစဦးပိုင်းမှာတော့ ကားနှစ်စီးရှောင်သာတဲ့ အနေအထားရှိပေမယ့် တော်တော်လေး ခရီးရောက်လာတာနဲ့ လမ်းက ကျဉ်းလာလို့ ကားနှစ်စီးရှောင်ရန် မလွတ်တဲ့အနေအထားဖြစ်လာပြီး တစ်စီးစီးက လမ်းဘေးနည်းနည်းချမောင်းရတတ်ပါတယ်။ ဟိုနား ဒီနား ကွက်လောင်နေတဲ့ တောမီးတွေကလည်း မိုးကုတ်နား မရောက်ခင်ထိပါပဲ။ တခါတလေ မီးခိုးတလူလူနဲ့မို့ ကားမှန်ဖွင့်မောင်းရင် မျက်စိထဲဝင်ပြီး စပ်လို့ မျက်ရည်ကျတတ်ပါတယ်။
Labels:
Travel and Living
Wednesday, April 20, 2016
ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၁)
![]() |
| လမ်းသွားရင် သတိအမြဲထားနေရတဲ့ ဆိုင်ကယ်မြို့တော်တစ်ခုပါပဲ |
Labels:
Travel and Living
Monday, April 18, 2016
Yangon Splash Walk 2016 တွင် ပါဝင်ခြင်း
ဒီ ၂၀၁၆ ခုနှစ် မြန်မာသင်္ကြန်မှာ ကျွန်တော်တော့ ထူးထူးခြားခြားအစီအစဉ်လေးတစ်ခုမှာ ပါဝင်ဖြစ်သွားတယ်။ ခရီးထွက်နေရာကနေ သင်္ကြန်မမီလောက်တော့ဘူး ထင်နေခဲ့တာ လေယာဉ်လက်မှတ်ပြန်ကြည့်တော့မှ သင်္ကြန်အတက်နေ့ နေ့လည် ပြန်ရောက်မယ်ဆိုတာ သိလိုက်ရတော့ ပထမဆုံးစဉ်းစားဖြစ်တာက မဏ္ဍပ်သွားဖို့ပါ။ အဲဒီအချိန်မှာ သူငယ်ချင်း ဟိန်းဇော်ညိုက ရန်ကုန်မှာ Yangon Splash Walk ဆိုတဲ့ activity တစ်ခုရှိတယ်ဆိုတာလေးရေးထားတာ ဖတ်လိုက်ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အဲဒီ Event ရှိကြောင်းကို တွေ့နေမြင်နေရပေမယ့် အချိန်မီ၊ မမီ မသေချာလို့ Going မလုပ်ထားခဲ့မိဘူး။ သူငယ်ချင်း ဖိုးသားနဲ့ ကိုနေ တို့ကလည်း သွားမယ်ဆိုတာနဲ့ နောက်ဆုံး မဏ္ဍပ်မထိုင်တော့ဘဲ ဒီ Activity မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
Water Splash Walk လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ၉၀ ခုနှစ်အစဦးတုန်းက ကလေးဘဝမှာ ခေတ်စားခဲ့တဲ့ လွယ်အိတ်ထဲ ရေပုံးထည့်ပြီး ရေပြွတ်တွေ၊ ရေသေနတ်တွေနဲ့ မြို့ထဲလမ်းတွေပေါ်၊ ရပ်ကွက်ထဲ လျှောက်သွားပြီး စစ်တိုက်သလိုပဲ ကိုယ်တွေလိုကလေးတွေ တွေ့ရင် ရေနဲ့ အပြိုင်ပက်ကြတာမျိုးကို ပြန်ပြီး အမှတ်တရ ဖော်ထုတ်တဲ့ လှုပ်ရှားမှုလေးပါ။ မှတ်မိသေးတယ်။ ကျွန်တော်ငယ်ငယ်တုန်းကလည်း စတီးပြွတ်တွေနဲ့ သိပ်ပျော်ခဲ့တာ။ အုန်းလက်မဏ္ဍပ်တွေနဲ့ ပြိုင်ပက်ရရင်တော့ မစားသာဘူးလေ။ ကိုယ်တွေ သူငယ်ချင်းအုပ်တောင့်ရင်တော့ တစ်ဘက်က အဖွဲ့ ခံပေရော့ပဲ။ ကိုယ်တွေ သူငယ်ချင်းအုပ်မတောင့်ရင်တော့လည်း ခံပေါ့။ ဒီ Water Splash Walk ရဲ့ ကျေးဇူးနဲ့ ဒီပုံရိပ်တွေက ဆေးရောင်စုံရုပ်ရှင်ဟောင်းတစ်ခုကို ပြန်ကြည့်နေရသလို အဝါရောင်ခပ်များများနဲ့ မျက်စိထဲ ပေါ်လာစေတယ်။
နေ့လည် ၁ နာရီလောက်မှ လေယာဉ်ဆိုက်တော့ အိမ်ကို အပြေးအလွှားရေချိုးပြန်ရတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ Sule Shangrila ကို အရင်သွား၊ အဲဒီကနေမှ စုရပ်နေရာဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်းပေါ်ကို အပြေးလာရတယ်။ နေ့လည် ၃ နာရီလောက်မှ လူအုပ်က ခပ်များများဖြစ်နေပြီ။ အားလုံးက ရေသေနတ်လေးတွေကိုယ်စီနဲ့၊ အရက်မူးနေပုံ မရှိဘဲ ပကတိဖြူစင်နေတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်မျီုးတွေက အားလုံးမှာ တွေ့ရတယ်။ ဝတ်စုံအဆန်းအပြားလေးတွေနဲ့ တွေ့ရသလို၊ ရေသေနတ်မပါသူတွေကလည်း ရေသန့်ဘူးကို ထိပ်ဖောက်ပြီး ရေသေနတ်လုပ်လို့ ရေဆော့နေကြတယ်။ မကြီးစန်း တို့ ကိုပြည်စိုးအောင် တို့လို Celebrities တွေလည်း တွေ့ရတယ်။ သူတို့ဆိုလည်း လူတိုင်းက ချစ်ခင်စွာနဲ့ ဓါတ်ပုံ ဗီဒီယိုတွဲရိုက်သမျှကို ပြုံးပြုံးလေးနဲ့ လိုက်လျောလုပ်ဆောင်ပေးရှာပါတယ်။
အစီအစဉ်အရ ရန်ကုန်မြို့ရဲ့ အထင်ကရ သမိုင်းဝင်အဆောက်အဦးတွေနဲ့ Splash Walkers တွေ တွဲဖက် အမှတ်တရ ဓါတ်ပုံရိုက်ကူးဖို့ရှိတယ်။ ဒီအစီအစဉ်မှာ ရေသေနတ်တွေကိုယ်စီနဲ့ စုရပ် မဟာဗန္ဓုလပန်းခြံလမ်းကနေ ပန်းဆိုးတန်းတစ်လျှောက်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ အနော်ရထာလမ်း၊ သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာလမ်းကနေမှ မဟာဗန္ဓုလပန်းခြံလမ်းကို ပြန်ဝင်ရမှာပါ။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်၊ မြို့တော်ခန်းမ၊ တရားလွှတ်တော်၊ လောကနတ်ပြခန်းအဆောက်အဦ၊ ဝဇီရာရုပ်ရှင်ရုံ၊ စိန့်မေရီဘုရာျးေကျာင်း၊ ဗဟိုပုံနှိပ်တိုက်၊ ဝန်ကြီးများရုံး၊ ဗဟိုစာတိုက်ကြီး၊ Strand ဟိုတယ် စတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို နောက်ခံထားပြီး အမှတ်တရဓါတ်ပုံရိုက်ကြပါတယ်။
လမ်းတစ်လျှောက်လည်း ရေလိုအပ်ရင်ဖြည့်ပေးဖို့ ရေဖြည့်တဲ့ကားတွေ စီစဉ်ပေးထားသလို၊ ငယ်ငယ်ကလိုပဲ တွေ့ကရာ အုန်းလက်မဏ္ဍပ်၊ မဏ္ဍပ်ကြီးတွေမှာ အားမနာတမ်း ရေတောင်းပြီးလည်း ဖြည့်ကြပါတယ်။
လူပေါင်းရာချီလို့ တညီတညွတ်တည်း လျှောက်သွားနေကြတာကို အချို့ကလည်း ဆန္ဒပြသလားပေါ့။ ဝိုင်းအုံကြည့်ကြ၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကြနဲ့။ ရီလည်း ရီရပါတယ်။
ရဲ အချို့ရဲ့ စစ်ဆေးမေးမြန်းတာတွေလည်း ခံခဲ့ရသလို၊ ယာဉ်ထိန်းရဲတွေ နဲ့ ရဲတွေရဲ့ အကူအညီပေးမှုကိုလည်း ရရှိခဲ့ပါတယ်။
ညနေ ၆ နာရီ ရေပိတ်ချိန် ကွက်တိလေး မူလစုရပ်နေရာပြန်ရောက်ပြီး အားလုံးချစ်ခင်စွာနဲ့ သင်္ကြန်သီချင်းလေးတွေဆိုလို့ လှုပ်ရှားမှုလေးကို ရပ်နားပါတယ်။ ပြီးတော့ အမှိုက်ကူကောက်ပေးတဲ့သူတွေကလည်း အမှိုက်လေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လိုက်သိမ်းဆည်းပေးကြပါတယ်။
ဒီအစီအစဉ်မျိုးလေးတွေ နှစ်တိုင်းပြုလုပ်ပေးနိုင်ရင် ကောင်းတယ်လို့ ကျွန်တော်တော့ ထောက်ခံမိပါတယ်။ တစ်ခုပဲ အရင်ကလို လမ်းတိုင်း ရပ်ကွက်တိုင်းမှာ အုန်းလက်မဏ္ဍပ်တွေ ရှိမနေတော့တာမို့ ရေတော်တော်နဲ့ မစိုနိုင်တာကတော့ ခက်ပါတယ်။ ထူးခြားတဲ့ အစီအစဉ်ထူးလေးတွေ ထပ်ပေါင်းဖြည့်ထည့်ပေးနိုင်ရင်တော့ ပိုကောင်းမှာပါ။ ခုထိကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ရေသေနတ်ကိုင်လမ်းလျှောက်ပြီး သမိုင်းဝင်အဆောက်အဦးတွေနဲ့ ဓါတ်ပုံရိုက်ရတာကလွဲရင် သိပ်ပြီး ထူးခြားမှု မရှိသေးလို့ ပိုပြီးဆွဲဆောင်မှုရှိမယ့် အစီအစဉ်လေးတွေကို စနစ်တကျ သေသေသပ်သပ်လေး ရေးဆွဲလို့ နောက်နှစ်တွေမှာ ပိုပြီးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။
သီဟလုလင်
၁၇ ဧပြီလ ၂၀၁၆

Articles,
Travel and Living
Sunday, April 10, 2016
ဆလုံရွာ မကျုံဂလက် နဲ့ လန်ပိကျွန်းတွေဆီကို
![]() |
| အိပ်မက်ထဲမှာပဲ ရေကူးကောင်းတဲ့ ကျွန်တော် |
Labels:
Travel and Living
Friday, April 08, 2016
ရေငုပ်ရင်း ပင်လယ်ကြီးရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ရအောင်
![]() |
| သွားနေတုန်း Guide က မိတ်ဆက်ပေးတဲ့ ကျွန်းတွေကို တတ်နိုင်သမျှ လိုက်မှတ်ရတယ်။ |
Labels:
Travel and Living
Tuesday, April 05, 2016
သူဌေးကျွန်းမှာ ဘာတွေရှိလဲ၊ ဘယ်တွေသွားရမလဲ?
![]() |
| ပင်လယ်ကြီးထဲက ရှုခင်းတွေကို ကြည့်ရင်း လတ်ဆတ်တဲ့လေကို တဝကြီးရှုရှိုက်ဖို့ |
ညက အိပ်မက်ထဲမှာတော့ ကျွန်တော်က ဆလုံကောင်လေး တစ်ယောက်ပေါ့ဗျာ။
မနက်စောစောလေး သံပတ်ပေးထားလို့ မနက် ၆ နာရီလောက်မှာ နိုးလာတယ်။ ဘေးက လိုက်ကာကြီးကို ဆွဲဖွင့်လိုက်တာနဲ့ မနက်ခင်းလေးမှာ လူကို လန်းဆန်းသွားအောင် မှန်ပြတင်းတံခါးတစ်ဘက်က ပင်လယ်ကြီးနဲ့ ခပ်ဝေးဝေးမှာ ရေးရေးမြင်ရတဲ့ ကျွန်းတွေက နှိုးဆွနေတယ်။ ဒီနေ့ မြိတ်ကျွန်းစုခရီးစဉ်မှာတော့ Regional Guide ကိုကျော်ကျော်ဟန်က တာဝန်ယူပို့ဆောင်ပေးမယ်ပြောပါတယ်။ မနက် ၇ နာရီခွဲလောက် ဟိုတယ်က စားသောက်ဆိုင်မှာ မနက်စာ စားရတယ်။ မနက်စာ နိုင်ငံတကာဘူဖေးက မဆိုးဘူး ပြောရမယ်။ အရမ်းကြီး နိုင်ငံစုံအစားအစာတွေ မရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေ သဘောကျမယ့် ထမင်းဖြူ နဲ့ ဟင်း ၅ မျိုးလောက်၊ ဆန်ပြားကြော်၊ ဟင်းချို စတာတွေ ပါဝင်သလို၊ ဥရောပစတိုင်၊ အမေရိကန်စတိုင် မနက်စာတွေ စားဖို့လည်း တည်ခင်းပေးပါတယ်။ ကြက်ဥကြော်အတွက် စားဖိုမှူးတစ်ယောက် တာဝန်ယူပြင်ဆင်ပေးသလို၊ ဆန်ပြုတ် ဒါမှမဟုတ် ဂျပန်ခေါက်ဆွဲလိုဟာမျိုးလည်း ရှိသေးပြန်တယ်။ အသီးအနှံ စားချင်သူတွေအတွက်လည်း သစ်သီး ၃ မျိုးလောက် စိတ်ပေးထားသလို၊ နိုင်ငံတကာပုံစံ သီးရွက်သုပ်စားချင်ရင်လည်း ၃ မျိုးလောက်ကို sauce နဲ့ dressing ၃ မျိုးလောက်နဲ့ တည်ခင်းပေးပြန်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အအေးမျိုးစုံလည်း ရှိသေးပြန်တယ်။
Labels:
Travel and Living
ကော့သောင်းနဲ့ သူဌေးကျွန်းကို အလည်သွားမယ်

ကျွန်တော်က ခရီးသွားရင် Tour Agent တွေက သွားရင် စိတ်ညစ်တတ်တယ်။ အဓိကက သူတို့ရဲ့ အချိန်ဇယားတိုင်း သွားရတာကို မကြိုက်လို့။ တစ်ဘက်က ကြည့်ပြန်တော့လည်း Tour Agent တွေ ဆွဲသားပေးတဲ့ အစီအစဉ်တွေက ကိုယ့်အတွက် အချိန်မလင့်စေဘဲ၊ ဒေသတစ်ခုရဲ့ မသွားမဖြစ် ရောက်သင့်တဲ့နေရာအားလုံးကို စုံစုံလင်လင် ရောက်ရှိသွားစေတယ်။ သိသင့်သိထိုက်တဲ့ ဒေသန္တရဗဟုသုတလည်း ကိုယ်ရလိုက်တယ်ပေါ့။ ဒါကလည်း သူတို့စီစဉ်ပေးတာ ကောင်းဦးမှပါ။ အဆင်မချောတဲ့ Tour Agency တွေနဲ့လည်း သွားဖြစ်ခဲ့ဖူးပါတယ်။
ဒီတစ်ခါ အားလပ်ရက်နည်းနည်းလေး ရတာနဲ့ သွားချင်စိတ် တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်းဆုံး ကော့သောင်းမြို့နဲ့ သူဌေးကျွန်းဘက်ကို ထွက်လာဖြစ်ခဲ့တယ်။ ခရီးသွားဖို့ စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ နေရာတစ်ခုမှန်း သိလိုက်ရလို့လည်း သွားဖို့ စိတ်ဖြစ်ပေါ်လာတာပါ။ ကိုယ်မရောက်ဖူးတဲ့ ဒေသမို့ Tour Agency တွေကို အားကိုးရပြန်တယ်။ Tour Diamond ရဲ့ အစီအစဉ်နဲ့ မတ်လ (၃၁) ရက်နေ့ မနက်မှာ ခရီးစတယ်။ မနက် ၉ နာရီခွဲ ရန်ကုန် - ထားဝယ် - ကော့သောင်း MNA လေယာဉ်နဲ့ ဆိုပေမယ့် ထုံးစံအတိုင်း ဒီဘက်ခရီးစဉ်နောက်ကျပါတယ်။ ၁၀ နာရီခွဲမှ ထွက်နိုင်ပါတယ်။ ရန်ကုန်ကနေ ထားဝယ်ကို မိနစ် (၄၀) ပျံပြီး၊ ထားဝယ်ကနေ ကော့သောင်းကို (၄၅) မိနစ် ကြာပျံပါတယ်။ ထားဝယ်မှာ ခဏနားချိန် ၁၅ မိနစ်လောက်ကို ထည့်တွက်ရင် တစ်နာရီနဲ့ မိနစ် (၄၀) ကြာတဲ့ ခရီးပါ။
Labels:
Travel and Living
Subscribe to:
Comments (Atom)