Subscribe:

Pages

Download

Blogger Tricks

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။
Showing posts with label Travel and Living. Show all posts
Showing posts with label Travel and Living. Show all posts

Monday, January 23, 2017

ပြင်ဦးလွင် မှာ နောက်ထပ် လည်စရာ တစ်နေရာ တိုးသည်ပေါ့



မေမြို့ သို့မဟုတ် ပြင်ဦးလွင် ကို အရောက်အပေါက်များတဲ့ ကျွန်တော့အတွက် လည်စရာတွေက ထပ်လာတော့ သွားရတာ ပျင်းစရာဖြစ်လာတယ်။ ရာသီဥတုလေး သဘောကျလို့သာ သွားရတယ်၊ သိပ်ပြီး ထူးခြားတဲ့ခံစားမှု မပေးတော့ဘူး။ ပန်းပွဲတော်အချိန်လေး ရောက်လို့ ပန်းလှလှတွေကို စိတ်ကူးယဉ်ခဲ့သမျှကလည်း ဟိုးအရင်တုန်း ပန်းပွဲတော်တွေနဲ့ ပန်းအလှချင်းက ကွာခြားနေပြန်တယ်။ နေရာကျဉ်းကျဉ်းလေးထဲမှာ ပန်းအစစ်နဲ့ အတု ရောထားတဲ့ အဖြစ်သာသာ ပန်းပွဲတော်ကလည်း ကျွန်တော့ကို ရင်မခုန်စေတော့ပြန်ဘူး။ ဒီအချိန်လေးမှာပဲ ကျွန်တော့ ညီမ က သတင်းတစ်ခုပေးလာတယ်။ "နင်... YGW ခြံ ရောက်ပြီးပြီလားတဲ့"။

Sunday, January 22, 2017

ရေကစားရင်း အပန်းဖြေနိုင်မယ့် မန္တလေးအနီးတစ်ဝိုက်က အပန်းဖြေစရာနေရာများ

ဒုဠဝတီမြစ်ကမ်းဘေးမှာ ကျောက်စရစ်ခဲချောချောလေးတွေနဲ့ ကစားကြည့်နေမိတာပါ။
အပြိုင်လို့ ပြောရင် လွန်မယ်တော့ မထင်။
ကျွန်တော် ဒီ မန္တလေး - ပြင်ဦးလွင် လမ်းပေါ်ကနေ တဆင့်သွားရတဲ့ ရဲရွာလမ်း ကို ဝင်လာတော့ ဒီလမ်းပေါ်မှာ ဒုဠဝတီမြစ်ရေကို ဆော့ကစားနိုင်မယ့် အပန်းဖြေစခန်း တစ်ခု ရှိတယ်လို့ သိလို့သာ လာခဲ့တာပါ။ ဒီရဲရွာလမ်းဆိုတာက နာမည်ကျော် ဒီးဒုတ်ရေပြာအိုင် ကို သွားတဲ့ လမ်းပါပဲ။ လမ်းက ကောင်းတယ်။ ကွန်ကရစ်လမ်း။ မြင်ကွင်းက သာယာတယ်။ စိမ်းစိုတဲ့ တောင်တန်းကြီးတွေ မြင်ရတယ်။ ရွာလေးတွေ ကျိုကြား ရှိတတ်တယ်။ ကားအသွားအလာ ပုံမှန်ရှိတယ်။ သွားလို့ လာလို့ ကောင်းတဲ့ လမ်းပါ။ ဒီလမ်းပေါ် ရောက်ကတည်းက ကြော်ငြာဘုတ်တွေ မြင်ရတယ်။ ၆ မိုင် D - Garden ဆိုတဲ့ အပန်းဖြေစခန်းတစ်ခုနဲ့ ၇ မိုင် မှာ အရုပ်ကြီးမြင်မှ ၇ မိုင် အပန်းဖြေစခန်း ရောက်တာနော် ဆိုလား။ တစ်ဘုတ်နဲ့ တစ်ဘုတ် သိပ်မကွာဘဲ အပြိုင်ကြော်ငြာထားကြတာတွေကို မျက်စိနောက်လောက်အောင်ကို တွေ့ရပါတယ်။ ဒါလည်း တစ်မျိုးကောင်းတယ်။ ကျွန်တော်လည်း အဲဒီလိုတွေ မြင်မှ သတိပြုမိတယ်။ အပန်းဖြေစခန်း ၂ ခု ရှိပါလား ဆိုပြီးတော့လေ။ ရောက်လက်စနဲ့ အပန်းဖြေစခန်း ၂ ခုစလုံးကို အရောက်သွားမယ်လို့ တေးထားလိုက်တယ်။

Friday, January 20, 2017

ကချင်မြေကိုလာပြီး အစားအသောက်တွေနဲ့ တကယ်ပျော်ခဲ့ပြီ



Foodaholic Myanmar page မှာ နယ်စုံက စားသောက်ဆိုင်တွေအကြောင်းရေးတာ ကျွန်တော် အများဆုံးဖြစ်လောက်မယ်။ အရင်ကတော့ ပြောဖူးပါတယ်။ ကျွန်တော်က Foodaholic Myanmar page မှာ Admin T အနေနဲ့ အစားအသောက်နဲ့ စားသောက်ဆိုင် Review လေးတွေ ရေးတယ်ဆိုတာကိုလေ။ ခရီးထွက်ရတာ ကြိုက်တဲ့ ကျွန်တော်က အလုပ်ကိစ္စတွေကြောင့်ရော၊ ကျွန်တော့ရဲ့ ခရီသွား Page အတွက်ရော၊ အလည်သက်သက်ရော အကြောင်းအမျိုးမျိုးနဲ့ ခရီးတွေ ထွက်ရလေ့ရှိတယ်။ ခုလည်း ကျွန်တော် ဂျိန်းဖောမြေကို ရောက်နေပြန်ပြီ။ မြစ်ကြီးနားမြို့ ရဲ့ အေးချမ်းလှပမှုတွေက စိတ်ကို လန်းဆန်းစေတယ်။ ကချင်အစားအစာကို ကချင်ဒေသ အရသာနဲ့ အားပါးတရ စားဖို့ ရည်ရွယ်ချက်ကြီးကြီး ရှိနေတော့ နာမည်ကြီးတဲ့ ကချင်စားသောက်ဆိုင်တွေကို စူးစမ်းရပြန်တယ်။ တွေ့မဲ့တွေ့တော့လည်း နာမည်တပ်ထားတာ လုံးဝ မရှိတဲ့ဆိုင်။ လာစားကြတဲ့ လူတွေကတော့ များလိုက်တာ။ ကားပါကင်တောင် အတော်ရှာယူရတဲ့အဖြစ်။

သေမင်းတမန် ရထားလမ်းကို အလည်တစ်ခေါက် ရောက်ခဲ့ပြီ

သေမင်းတမန်ရထားလမ်းပေါ် ပထမဆုံးပြေးဆွဲခဲ့တဲ့ ကျောက်မီးသွေး ရထားစက်ခါင်း C_0522 နဲ့အမှတ်တရ

ကျွန်တော် ငယ်ငယ်ကတည်းက သေမင်းတမန် ရထားလမ်း ဆိုတာ ကြားဖူးတယ်။ ဖေဖေ က အကောက်ခွန်ဦးစီးမှူးဆိုတော့ နယ်စုံမှာ တာဝန်ကျတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မှာ တာဝန်ကျတဲ့အချိန် ကျွန်တော် လိုက်လည်တုန်းကလည်း ဖေဖေတို့ ပြောသံကြားပေမယ့် စိတ်ထဲ ထင်တာက သေမင်းတမန် ဆိုတဲ့အတိုင်း သရဲအရမ်းခြောက်တဲ့ နေရာ ထင်တယ်ဆိုပြီး ကြောက်လို့ သွားကြည့်မယ် တစ်ခါမှ မပြောဖြစ်ခဲ့ဘူး။ ကြီးလာမှ စာအုပ်တွေ ဖတ်တော့ သေမင်းတမန် မီးရထားလမ်းဆိုတာ သရဲခြောက်တဲ့နေရာမဟုတ်ဘဲ၊ တကယ့်ကို ရင်နင့်စရာနေရာတစ်ခု ဆိုတာ သိလာရတယ်။

Tuesday, January 17, 2017

ကလောမှာ တောလမ်းလျှောက်တာ သိပ်နာမည်ကြီးနေတယ် (၂)



Trekking တောလမ်းလျှောက်တာလုပ်ဖို့ ကျွန်တော်တို့ကသာ ကားကြီးစီးပြီး နေရာတစ်ခုထိ သွားပေမယ့် နိုင်ငံခြားသားတော်တော်များများကတော့ လမ်းပဲ လျှောက်လာတာ တွေ့ရလို့ ရှက်သလိုလိုတော့ ဖြစ်မိပါတယ်။ အလေ့အကျင့် မရှိသေးတဲ့ ကျွန်တော်တို့အတွက်ကတော့ ဒါလည်း ခပ်ကောင်းကောင်းပဲ လို့သာ တွေးထားလိုက်တယ်။ ခု တောလမ်း လျှောက်ဖို့အတွက် ပြီးခဲ့တဲ့ ရက်တွေကတည်းက Trekking Guide ဦးဦးရဲ ကလောသား က အကြံပြုထားလို့ အဝတ်အစားကို အထုတ် (၂) ထုတ် ခွဲထားလိုက်တယ်။ ကျွန်တော်တို့က ရွာကနေမှ အင်းလေး။ အဲ့ဒီကနေမှ ညောင်ရွှေ၊ တောင်ကြီးတက်။ ပြီးမှ ကလောပြန်ဆိုပြီး ခရီးစဉ် ရှည်ရှည် ဆွဲထားလို့ ရွာမှာ ညအိပ်ရင် ဝတ်ဖို့ အဝတ်အစား၊ ရေချိုးရင် သုံးဖို့ အသုံးအဆောင် (သဘက်ပါ ထည့်သင့်ပါတယ်။ ရှက်တတ်သူတွေကတော့ ရေလဲပုဆိုးနဲ့ ထမီတွေ ထည့်သွားသင့်တယ်။)၊ နောက်တစ်ရက်မှာ ဝတ်ဖို့ အဝတ်အစား တွေကို အိတ်အသေးထဲ သက်သက်ထုတ်ပြီး ကားနဲ့ ပို့လိုက်တယ်။ လူကတော့ တောလမ်းလျှောက်ဖို့ ကျောပိုးအိတ်လေး ပေါ့ပေါ့ပါးပါးထဲ ရေသန့်၊ ဆာရင်စားမယ့် မုန့်ထုပ်နဲ့ သစ်သီးနည်းနည်း၊ Power Bank၊ ကင်မရာ နဲ့ ဆက်စပ်ပစ္စည်းလေးတွေပဲ ထည့်သယ်သွားလိုက်တော့တယ်။ တချို့ တောလမ်းလျှောက်ဖို့ သက်သက်လာပြီး တစ်ညအိပ်လို့ နောက်ရက် ပြန်မယ့်သူအတွက်ကတော့ အိတ်ခွဲထည့်နေစရာ မလိုဘူးပေါ့။

Sunday, January 15, 2017

ကလောမှာ တောလမ်းလျှောက်တာ သိပ်နာမည်ကြီးနေတယ် (၁)



အရင်က နိုင်ငံခြားသားတွေပဲ လုပ်လေ့လုပ်ထရှိတဲ့ Trekking ကို ခုတော့ တစခန်းထပြီး ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားလာကြတယ်။ ဒါပေမယ့် တကယ်လုပ်ချင်စိတ်များပြီး လုပ်ဖြစ်သွားတာက လူငယ်ပိုင်းတွေပါ။ နိုင်ငံခြားသားတွေ Trekking လုပ်ရင် လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်း ပိုများပါတယ်။ ကျွန်တော်တို့တွေလောက်လည်း ကိုယ့်ကိုကိုယ် သက်ကြီးစိတ် ဝင်လွယ်တာမျိုး မဖြစ်တတ်ကြဘူး။ သူတို့ကို အသက်ကြီးတဲ့လူလို ဆက်ဆံတာမျိုးကို တချို့ဆို မကြိုက်ကြဘူးလေ။ ဒါမျိုးက အခုချိန်မှာ မဖြစ်သေးပေမယ့် ခုလို Trekking ကို စိတ်ဝင်စားတဲ့လူငယ်တွေ သက်ကြီးပိုင်းရောက်လာတဲ့ တစ်နေ့ကျရင်တော့ တခြားနိုင်ငံကလူတွေလိုပဲ တက်ကြွစွာ လုပ်ဆောင်ကြဦးမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။

ဇာတ်လမ်းစတာက သူငယ်ချင်း (၁၀) ယောက်လောက်ဖြစ်မယ်ထင်တယ်။ သွားဖို့လည်း နီးလာရော (၆) ယောက်လောက်က သေချာတယ်လို့ဆိုတယ်။ ဒါနဲ့ ကျွန်တော့ရဲ့ မိတ်ဆွေလည်း ဖြစ်တဲ့ ကလောက နာမည်ကြီး Trekking Guide ဦးဦးရဲ ကလောသား (U U Ye Kalawthar) ကို သွားမယ့်ရက်အတွက် ကြိုတင် ရက်ချိန်းယူတယ်။ သူက ဖေ့စ်ဘွတ်ခ် ကနေ တဆင့် လူသိများလာတဲ့သူမို့ သူ့မှာက ရက်ပြည့်နေတတ်တော့ သေချာပြီဆိုတာနဲ့ ရက်ညှိတယ်။ ဒါတောင် သူအားမယ့်ရက်ကိုလိုက်ပြီး ကိုယ်က ရက်ကို အတိုးအလျော့လုပ်၊ သူကလည်း မိတ်ဆွေမို့ သူ့ရက်ကို အဆင်ပြေဆုံးပြန်ညှိနဲ့ နောက်ဆုံး အောက်တိုဘာလ (၇ - ၈) သေချာသွားတယ်။ ကျွန်တော်တို့ကလည်း တစ်ညအိပ်လောက်ဆို တောလမ်းသွားချင်နေတဲ့ အာသီသ ပြေလောက်ပြီလို့ ယူဆလို့ ရွာမှာ တစ်ညအိပ်ဖို့ပဲ စဉ်းစားဆုံးဖြတ်လိုက်တယ်။

ကျွန်တော်နဲ့ Business Class



ကျွန်တော် လေယာဉ်နဲ့ ခရီးတွေသွားနေပေမဲ့ Business Class ကနေ စီးဖို့ အာရုံမလာခဲ့ဘူး။ ဆိုလိုတာက ငွေပိုမဖြုန်းချင်တာရော၊ သွားခဲ့တဲ့ခရီးတွေရဲ့လေယာဉ်ချိန် မကြာတာရယ်ကြောင့်ရော ဒီခုံအမျိုးအစားကနေ စီးဖို့ သိပ်မလိုအပ်လှဘူးလို့ ကျွန်တော်ယူဆတယ်လေ။ လေယာဉ်စီးရင် ကြောက်တတ်တာကလည်း ဟိုးငယ်ငယ်လေးကတည်းက ဆိုတော့ လေယာဉ်အချိန်အကြာကြီးစီးမှ ရောက်မဲ့ ခရီးတွေဆိုရင် လူက သိပ်မတက်ကြွလှဘူး။

ဒူဘိုင်း ခရီးစဉ် ဖြစ်လာတော့ လေယာဉ်ချိန်ကြာကြာစီးရမဲ့ကိစ္စကို ရှောင်လွှဲမရဖြစ်လာတယ်။ ကိုယ်ကလည်း ရောက်ဖူးချင်တာကိုးနော်။ စီးသွားမဲ့ လေယာဉ်က Emirates ဆိုတော့ နာမည်ကြီးလေကြောင်းလိုင်း။ လေယာဉ်ထွက်မဲ့အချိန်က သန်းခေါင်ကျော် မနက်ပိုင်း ၁ နာရီ ၅၅ မိနစ်။ ကြာမဲ့အချိန်က ၆ နာရီ။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ အိပ်လိုက်သွားရင် ဒီ ၆ နာရီဆိုတာ ဘာမှ ကြာလှတာမဟုတ်ပါဘူးလို့ တွေးရင်းနဲ့ ဒီခရီးစဉ်ကို သဘောကျသွားတယ်။ ၆ နာရီကြာစီးရမှာမို့ Emirates လေယာဉ်ရဲ့ နာမည်ကြီး Business Class ကို စီးဖို့ မျှော်မှန်းမိတယ်။ ဒါမှလည်း သက်တောင့်သက်သာ ဖြစ်မှာကိုး။ ဈေးနှုန်းကတော့ မြန်မာငွေနဲ့ဆို လေယာဉ်လက်မှတ်ခ အသွားအပြန် သိန်း ၄၀ ကျော် ကျသင့်သွားမယ်။ Economy Class ဆိုရင်တော့ သိန်း ၂၀ ဝန်းကျင်ပဲ ကျသင့်မယ်။ ဈေးနှုန်းကွာတဲ့အလျောက် ဘာတွေ ကွာခြားမလဲ သိချင်လာမိတယ်။

Monday, October 24, 2016

နှစ်ပေါင်း (၉၀) ရှိတော့မယ့် "ဘဝသံသရာ" ရထားကူးတံတားဆီ


ခရီးသွားစာလေးတွေနဲ့ အဆက်ပြတ်နေတာ ကြာတော့ သွေးပူလေး ပြန်လုပ်တဲ့အနေနဲ့ ဒီစာလေး ရေးဖြစ်တာ။

ဒီတစ်ခေါက် ရှမ်းပြည်တောင်ပိုင်း က အလှဆုံးနေရာတွေ အကုန်ရောက်ခဲ့တယ်လို့ ဆိုရလောက်အောင် တော်တော်သွားဖြစ်ခဲ့တယ်ဗျာ။ အားလုံးကို တစ်ခါတည်း ရေးတာထက် တစ်နေရာချင်း၊ အစီအစဉ်တစ်ခုချင်းကို ပြည့်ပြည့်စုံစုံနဲ့ ဖြည်းဖြည်းချင်းပဲ ရေးတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်။

ရှမ်းပြည်တောင်ပိုင်းကို ရောက်ဖြစ်တိုင်း အမြဲလိုလို ရောက်သွားတတ်တဲ့နေရာတစ်ခုက "ဘဝသံသရာ" တံတား ကိုပဲ။ သာစည် နဲ့ ရွှေညောင် ကြား မိုင်တိုင် (၃၇၉/၇-၈) မှာ ရှိတဲ့ ရထားအတွက် သုံးတဲ့ တံတားပါ။ တံတားအရှည်က ပေ (၂၀၀) ရှိပြီး အမြင့်က (၆၂) ပေ ရှိတယ်လို့ သိရပါတယ်။

Wednesday, September 14, 2016

ကလောမြို့ သီရိဂေဟာက ညီအစ်မ ၇ ဖော် နဲ့ တွေ့ဆုံရာဝယ်... ကိုကိုသီဟ လျှာလည်သွားတယ်

Thirigayhar Restaurant known as 7 Sisters


ကျန်ခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းက ကျွန်တော် ရှမ်းပြည်တောင်ပိုင်း နဲ့ ကယားပြည်ဘက် ခရီးထွက်တော့ ကလော မှာ နှစ်ရက် နေခွင့်ရပါတယ်။ ကလော က ရာသီဥတုလေးက အတော်လေး နေလို့ကောင်းတယ်။ ကျွန်တော့ရဲ့ မိတ်ဆွေ U U Yè Kalawthar ကလည်း သူ့ရဲ့ မအားလပ်တဲ့ Trekking Schedule တွေကြားကနေ တစ်ညထွက်လာပြီး ညစာကျွေးပါတယ်။ U U Yè Kalawthar က ခုနာမည်ရနေတဲ့ Trekking Guide တစ်ဦးပါ။ သူ့ရဲ့ စိတ်ရင်းစေတနာကောင်းမွန်မှု၊ ဧည့်သည်တွေအပေါ် စိတ်ရှည်ပြီး ချစ်ခင်နွေးထွေးမှုတွေကြောင့် သူနဲ့ Trekking ထွက်ကြတဲ့ ပြည်တွင်း၊ ပြည်ပ က ခရီးသွားတွေက သူ့ကို အမြဲချစ်ချင်နေကြပါတယ်။ တချို့ အသက်အရွယ်ရနေတဲ့ ပြည်ပခရီးသွားတွေဆို ပြန်ရင် ငိုတောင်ငိုတယ်လို့ ကြားဖူးတယ်။ ရေငတ်တုန်းရေတွင်းထဲကျတယ်ဆိုတာ ကျွန်တော် အဲ့ဒီညက ကောင်းကောင်းသိလိုက်ရတယ်။ ကျွန်တော် အရမ်းမြည်းစမ်းကြည့်ချင်နေတဲ့ Thirigayhar Restaurant known as 7 Sisters ဆိုင်မှာ သူက လိုက်ပြီး ကျွေးတာကိုး။

Saturday, July 02, 2016

Be Right Back to say "Hello, Vietnam"

ကျွန်တော့ရဲ့ ခရီးသွားစာမျက်နှာ (www.facebook.com/travellerthiha) ထက်မှာ အကြွေးတင်နေတာလေးတစ်ခုက ဗီယက်နမ်ခရီးစဉ်တွဲထဲမှာ ဟိုချီမင်း (HCMC) မှာ လည်ပတ်တဲ့ အကြောင်းလေး ဖော်ပြပေးဖို့ပါ။
ကျွန်တော်လည်း ဒီတလော စာရေးတဲ့ဘက်ကို အာရုံဘယ်လိုမှ စိုက်မရလောက်အောင်ဖြစ်နေလို့ ဒါလေးကို ဒီအတိုင်းလေး ထားထားလိုက်မိတယ်။
ခု မထင်မှတ်ဘဲ ဗီယက်နမ်ခရီးစဉ်ကို အတူသွားတဲ့ မိတ်ဆွေတွေက ဗီဒီယိုဖိုင်လေးကို အမှတ်တရ လုပ်လာပေးတော့... ဒါလေးကိုပဲ အမှတ်တရအနေနဲ့ရော၊ မှတ်တမ်းလေးတစ်ခုအနေနဲ့ပါ စာမျက်နှာလေးပေါ် တင်ထားလိုက်တယ်။
ဗီဒီယိုလေးကို ရိုက်ကူးတည်းဖြတ်ပေးတဲ့ ချစ်သွေးကို ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဗီဒီယိုမှာ နောက်ခံစကားပြောထားတာကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ။

သီဟလုလင်
၁ ဇူလိုင်လ ၂၀၁၆

Tuesday, June 28, 2016

ဘန်ကောက်ကို ဈေးသက်သက်သာသာ သွားဖို့ အခွင့်အရေး ပိုများလာပြီ

Thai Loin Air မိတ်ဆက်ပွဲ အခမ်းအနားမှ

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဈေးနှုန်းချိုသာတဲ့ ဘက်ဂျက်လေကြောင်းလိုင်းတွေ ဒီနှစ်ပိုင်းတွေမှာ ပိုပြီး ဝင်လာတာ သတိပြုမိပါတယ်။ ခရီးသွားလာမှု အရမ်းတိုးတက်လာတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ လေယာဉ်ခ သက်သက်သာသာ နဲ့ သွားရတော့ ဟိုမှာ ပိုပြီး သုံးနိုင်တာပေါ့။ အထူးသဖြင့် မျှော်လင့်မိတာကလည်း ဘန်ကောက်၊ စင်ကာပူ တို့ ဆို မဆိုးဘူးလေ။ ခုလည်း လေယာဉ်စီးလို့ ခရီးသွားရင် မန္တလေး နဲ့ ဘန်ကောက် ယှဉ်ရွေးလို့ ရနေပြီ။ လေယာဉ်ခလည်း ပိုသက်သာမယ်၊ လေယာဉ်စီးချိန်လည်း ပိုနည်းတဲ့ ဘန်ကောက်ကိုပဲ ကျွန်တော်က အရင်စဉ်းစားမိသွားတယ်။ ဘန်ကောက်က ပျော်စရာများတယ်လေ။ အရင်ကတော့ ဗီဇာကြေးလေး ထပ်ပေါင်းထည့်ရသေးတယ်။ ခုတော့ မလိုတော့ဘူးဆိုတော့ ဘန်ကောက်ပဲ ရွေးချယ်မိပြန်တယ်။ သွားရေးလာရေး လွယ်ကူတာ၊ ငွေကုန်ကြေးကျ သက်သာတာအပြင်၊ ဟိုတယ်ခကအစ သက်သာလို့ ဘန်ကောက်သွားရတာ ကျွန်တော်တော့ ကြိုက်တယ်။ Shopping နဲ့ တခြားပျော်စရာတွေ အသုံးကောင်းလို့ ကုန်တာကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်နော်။

Wednesday, June 08, 2016

မန္တလေး-မုံရွာ လမ်းပေါ်က ညောင်ပင်ဝန်းမှာ တစ်ထောက်နားရင်



တလောက ကျွန်တော် မန္တလေးဘက် အလည်ရောက်တုန်း မုံရွာကိုသွားဖို့ အကြောင်းဖန်လာခဲ့တယ်။ ကျွန်တော် မလိုက်လည်းဖြစ်တဲ့ ဒီခရီးကို အားကြိုးမာန်တက် လိုက်သွားမိတဲ့ အဓိက အကြောင်းကတော့ အညာဒေသတွေရဲ့ အစားအသောက်လေးတွေ တွေ့လိုတွေ့ငြား လိုက်ကြည့်လိုက်စားချင်မိတာကြောင့်ပါပဲ။ မန္တလေးကနေ မနက်ပိုင်းထွက်လာခဲ့တာ ညောင်ပင်ဝန်းရွာကိုရောက်တော့ နေ့လည် ထမင်းစားချိန်ဖြစ်နေပြီ။ ညောင်ပင်ဝိုင်းမှာက ခုလို မုံရွာဘက်ထွက်လာတဲ့ကားတွေ တစ်ထောက်နားလေ့ရှိကြတယ်။ အမှတ်တရ လက်ဆောင်၊ ဒေသထွက်အစားအစာလေးတွေ ဝယ်တဲ့နေရာဆိုလည်း မမှားဘူးပေါ့။ ဒီညောင်ပင်ဝန်းက နောက်တစ်ခု နာမည်ကြီးတဲ့အကြောင်းရှိသေးတယ်။ အဲဒါက မြန်မာထမင်းပုံစားအနေနဲ့ စားလို့ကောင်းသလို၊ အကြော်မျိုးစုံ ဝယ်စားလို့ရနိုင်တာပါပဲ။

Monday, May 16, 2016

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၄) - ဟလောင်းသို့ ခရီးစဉ်အဆက်



ကျွန်းက ဂူကို အလည်သွားတဲ့အချိန်ကစပြီး သင်္ဘောကို အဲဒီနေရာမှာပဲ ကျောက်ချရပ်နားထားတာ နောက်တစ်နေ့ မနက်အထိပါပဲ။ သင်္ဘောပေါ်က ဗီယက်နမ်ညစာက ထမင်းလေးလည်း ပါတော့ ပိုပြီး စားမြိန်သွားတယ်။ နေ့လည်စာကို မဝတဝ စားလိုက်ရတာမို့ ခု ညစာကို တဖြဲနှဖြဲ စားကြပါလေရော။ ညစာ စားပြီးတော့ သင်္ဘောပေါ်မှာ အောင်ပွဲခံအထိမ်းအမှတ် ဆက်သောက်ကြမယ်လုပ်ကြပါတယ်။ ဒီနေရာမှာ ချန်ထားခဲ့တာလေး ထည့်ပြောရမယ်။ ကျွန်တော်တို့ Halong Bay ကို မလာခင်ကတည်းက ဟိုတယ်က ကြိုသတိပေးတယ်။ ဟိုမှာ အရက်တွေ ဘီယာတွေ ဝယ်သောက်ရင် ဈေးအရမ်းကြီးတယ်။ သောက်မယ်ဆိုရင် မြို့ထဲကနေ ကြိုဝယ်သွားဆိုပြီး သတင်းပေးထားလို့ ကျွန်တော်တို့က အရက်အပြင်းလည်း မကြိုက်တတ်တာကြောင့် မာလီဘူး တစ်ပုလင်းပဲ ဝယ်သွားလိုက်တယ်။ သင်္ဘောပေါ်ကျမှ အချိုရည်ဝယ်မယ်ပေါ့။ သင်္ဘောဆိပ်မရောက်ခင် ကားပေါ်မှာကတည်းက Guide က သတိပေးတယ်။ သင်္ဘောပေါ်ကို ဘယ်အရက်ပုလင်းမှ ယူသွားခွင့်မပြုဘူးတဲ့။ ကျွန်တော်တို့ကလည်း ဝယ်ပြီးသားပုလင်းကို နှမြောတော့ ဖွက်ယူသွားတယ်။ ခု သောက်ဖို့ကျတော့ အခန်းထဲမှာလည်း မသောက်ချင်၊ အပေါ်မှာပဲ ကြယ်လေးတွေကြည့်ရင်း စကားပြောသောက်မယ်ဆိုတော့ ခက်ပြီပေါ့။ ဉာဏ်နီဉာဏ်နက်တွေ ထုတ်လိုက်တော့ စောစောက သောက်ထားတဲ့ ဗော့ကာပုလင်းကို သတိရသွားတယ်။ အဲဒီထဲကို မာလီဘူးတွေ ပြောင်းထည့်၊ ပိုတာကို ရေသန့်ဗူးထဲထည့်ပြီး အပေါ်ကို ယူသွားရတယ်။ ရေခဲနဲ့ အချိုရည်ကို ထပ်မှာပြီး Cheating လုပ်သောက်ခဲ့ရတာကလည်း အမှတ်တရပါပဲ။ ပြီးတော့ အလွဲလေးတွေနဲ့ Proposal အကြောင်း ပြောရင်း ရီမောကြနဲ့ အဲ့ဒီညကတော့ ကြယ်တွေက ထင်တာထက် ပိုလက်နေသလိုပါပဲ။

Sunday, May 15, 2016

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၃) - ဟလောင်းသို့ ခရီးစဉ်




မနက် ၇ နာရီလောက်ကို Halong Bay ကို သွားမယ့်ကား လာခေါ်မယ်ဆိုလို့ မနက် ၆ နာရီလောက် ရေမိုးချိုး၊ အောက်ဆင်း မနက်စာ စားပြီး Hotel Lobby ကနေ အသင့်စောင့်နေလိုက်တယ်။ ဒီ ဗီယက်နမ် ခရီးကို စပြီး စီစဉ်ကတည်းက Halong Bay ကို သွားဖို့ စဉ်းစားခဲ့ကြတာမို့လို့ Halong Bay က သင်္ဘောပေါ် တစ်ညအိပ်နိုင်အောင် သင်္ဘောနဲ့ အခန်းကို ကြိုတင် Booking လုပ်ခဲ့ကြတယ်။ ထုံးစံအတိုင်း Booking လုပ်တဲ့ Website တွေကနေပေါ့။ အဲဒီတော့ ခုလို ကားနဲ့ လာကြို၊ ပြန်ပို့တာအပြင် သင်္ဘောပေါ်မှာ နှစ်ယောက်ခန်း၊ နေ့လည်စာ၊ ညစာ နဲ့ တခြားလည်ပတ်တဲ့ အစီအစဉ်တွေ အားလုံးအပါအပြီးကို ဒေါ်လာ ၂၆၀ လောက် ပေးလိုက်ရတယ်။ အကယ်လို့ ပြည်တွင်းက စီစဉ်ချိတ်ဆက်ပေးတဲ့ Tour တစ်ခုခုနဲ့ဆိုရင်တော့ ပိုပြီး သက်သာကောင်း သက်သာနိုင်ပါတယ်။ ထားပါလေ။ ကျွန်တော်တို့ ကိုယ်တိုင်က အဲလိုမျိုး မလွတ်မလပ်သွားရတာမှ မကြိုက်ဘဲ။

Saturday, April 30, 2016

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၂)

လမ်းဘေးမှာ ရောင်းလေ့ရှိတဲ့ အမှတ်တရလက်ဆောင်ပစ္စည်းများ
အမြဲလိုလို မြူဝေနေတတ်တဲ့ ဟနွိုင်းမြို့လေးဟာ ကလောမြို့လေးနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဆောင်းတွင်းဆို အေးမယ့်ပုံလေးပါ။ ခု နွေရာသီသွားတာတောင် ရာသီဥတုလေးက နေပျော်ပါတယ်။ အရမ်းကြီးတော့ အေးမနေပါဘူး။ နေလို့ကောင်းရုံပေါ့။ Tour Package နဲ့ သွားတာမဟုတ်တော့ နောက်ကျတဲ့အထိ အိပ်မယ် စိတ်ကူးထားပေမယ့်လည်း ၈ နာရီမထိုးခင်ကို အားလုံးက နိုးပြီး အပြင်ထွက်ဖို့ တက်တက်ကြွကြွ ရှိနေပြီ။ ကျွန်တော့ အခန်းမှာက ဝရံတာ ပါတော့ မနက် နိုးနိုးချင်း လုပ်ဖြစ်တာက ဝရံတာထွက်ပြီး အနီးအနားက လှုပ်ရှားမှုလေးတွေ ဓါတ်ပုံရိုက်တာပါပဲ။ ရိုးရှင်းတဲ့ လူနေမှုပုံစံကို တွေ့ရတယ်။ နယ်မြို့တစ်မြို့ကို ရောက်သွားရတဲ့အတိုင်း ဝတ်စားဆင်ယင်မှုကအစ ရိုးရှင်းတယ်။ ရိုးရာအစဉ်အလာကို ထိန်းသိမ်းလိုက်လျှောက်နေကြတဲ့ ပုံပန်းကို တွေ့ရတယ်။ အရင်က ပြောခဲ့သလို ပြားချပ်ချပ် အဆောက်အဦးတိုင်းရဲ့ မြေညီထပ်ဟာ ဆိုင်ခန်းတွေ ဖြစ်နေကြတယ်။ မနက်လင်းပြီဆိုတာနဲ့ နိုင်ငံခြားသားတွေ အနေများတဲ့ ဒီ Old Quarters မှာ ပျားပန်းခတ် လူတွေလှုပ်ရှားသွားလာနေကြတယ်။

Friday, April 22, 2016

မိုးကုတ်ကို တစ်ညအိပ် နှစ်ရက် ခရီးထွက်မယ်ဆိုရင်…



ကျွန်တော် ပြင်ဦးလွင်ကို ရောက်နေတုန်း၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ မိုးကုတ်ကို သွားဖို့ စီစဉ်လိုက်တယ်။ မိုးကုတ်က ပြင်ဦးလွင်ကနေဆိုရင် ၈၄ မိုင်လောက်ပဲ ဝေးလို့ ၃ နာရီ ခရီးပဲ ရှိတာမို့ တစ်ညအိပ်ခရီးသွားဖို့ လုံလောက်တယ်လို့ ထင်မိတာကြောင့်လည်း ပါပါတယ်။ မိုးကုတ်ကို သွားဖို့ ပြင်ဦးလွင်က လွင်မိုး (ပြင်ဦးလွင် - မိုးကုတ်) ဗင်ကားအသင်းနဲ့ ချိတ်ဆက်ပြီး ကားစင်းလုံးငှားထွက်လာဖြစ်ခဲ့တယ်။ ပုံမှန်အားဖြင့် ရှေ့ခန်း တစ်သောင်းခွဲ၊ နောက်ခန်း တစ်သောင်း စသဖြင့် ရှိတတ်ပေမယ့် ဟိုမှာလည်ပတ်တဲ့အခါလည်း ကားလိုအပ်နိုင်လို့ အသွားအပြန် တစ်ခါတည်း ငှားထားလိုက်ပါတယ်။

မနက်စောစောထွက်နိုင်ရင်တော့ မိုးကုတ်ကို ဝင်ချိန်စောလို့ လည်ဖို့ ပတ်ဖို့အချိန်ရပေမယ့် ကျွန်တော်ငှားတဲ့ကားက ဘရိတ်အသစ်လဲတယ်ဆိုပြီး ၁၀ နာရီလောက်မှ လာခေါ်နိုင်ပါတယ်။ ပြင်ဦးလွင်-မိုးကုတ်လမ်းက အရမ်းသာယာပြီး လမ်းပိုင်းတော်တော်များများ ကောင်းပါတယ်။ လမ်းစဦးပိုင်းမှာတော့ ကားနှစ်စီးရှောင်သာတဲ့ အနေအထားရှိပေမယ့် တော်တော်လေး ခရီးရောက်လာတာနဲ့ လမ်းက ကျဉ်းလာလို့ ကားနှစ်စီးရှောင်ရန် မလွတ်တဲ့အနေအထားဖြစ်လာပြီး တစ်စီးစီးက လမ်းဘေးနည်းနည်းချမောင်းရတတ်ပါတယ်။ ဟိုနား ဒီနား ကွက်လောင်နေတဲ့ တောမီးတွေကလည်း မိုးကုတ်နား မရောက်ခင်ထိပါပဲ။ တခါတလေ မီးခိုးတလူလူနဲ့မို့ ကားမှန်ဖွင့်မောင်းရင် မျက်စိထဲဝင်ပြီး စပ်လို့ မျက်ရည်ကျတတ်ပါတယ်။

Wednesday, April 20, 2016

ဗီယက်နမ်ခမောက်လေးဆောင်းလို့ နိုင်ငံအနှံ့ ဆိုင်ကယ်နဲ့ပတ်မယ် (၁)

လမ်းသွားရင် သတိအမြဲထားနေရတဲ့ ဆိုင်ကယ်မြို့တော်တစ်ခုပါပဲ
ကျွန်တော် သီဟ ရဲ့ သင်္ကြန်အားလပ်ရက်ကိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ဗီယက်နမ်ဘက်ကို ထွက်ဖို့ စဉ်းစားထားခဲ့တာ ၂၀၁၆ ခုနှစ် နှစ်စကတည်းကပဲ။ သူငယ်ချင်း (၄) ယောက် ကြိုတင်စီစဉ်ခဲ့ကြလို့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လေယာဉ်လက်မှတ် ကြိုဝယ်ထားလိုက်တယ်။ Vietjet လေယာဉ်နဲ့ လက်မှတ်ကြိုဝယ်ပြီးသွားတာတောင် ဈေးနှုန်းက အသွား အပြန်အတွက် ၃၀၈ ဒေါ်လာလောက် ကျသင့်သွားတယ်။ ဗီယက်နမ်ကို ဧပြီ ၉ ရက်နေ့လောက်ထွက်ပြီး ၁၆ ရက်နေ့ ပြန်လာဖို့ဆိုတော့ ဟိုမှာ ၇ ရက်လောက် အချိန်ရသွားတယ်။ ဒါနဲ့ပဲ မြို့တော်ဟိုချီမင်းနဲ့ ဟနွိုင်း မြို့နှစ်မြို့ကို လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

Monday, April 18, 2016

Yangon Splash Walk 2016 တွင် ပါဝင်ခြင်း

ဒီ ၂၀၁၆ ခုနှစ် မြန်မာသင်္ကြန်မှာ ကျွန်တော်တော့ ထူးထူးခြားခြားအစီအစဉ်လေးတစ်ခုမှာ ပါဝင်ဖြစ်သွားတယ်။ ခရီးထွက်နေရာကနေ သင်္ကြန်မမီလောက်တော့ဘူး ထင်နေခဲ့တာ လေယာဉ်လက်မှတ်ပြန်ကြည့်တော့မှ သင်္ကြန်အတက်နေ့ နေ့လည် ပြန်ရောက်မယ်ဆိုတာ သိလိုက်ရတော့ ပထမဆုံးစဉ်းစားဖြစ်တာက မဏ္ဍပ်သွားဖို့ပါ။ အဲဒီအချိန်မှာ သူငယ်ချင်း ဟိန်းဇော်ညိုက ရန်ကုန်မှာ Yangon Splash Walk ဆိုတဲ့ activity တစ်ခုရှိတယ်ဆိုတာလေးရေးထားတာ ဖတ်လိုက်ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အဲဒီ Event ရှိကြောင်းကို တွေ့နေမြင်နေရပေမယ့် အချိန်မီ၊ မမီ မသေချာလို့ Going မလုပ်ထားခဲ့မိဘူး။ သူငယ်ချင်း ဖိုးသားနဲ့ ကိုနေ တို့ကလည်း သွားမယ်ဆိုတာနဲ့ နောက်ဆုံး မဏ္ဍပ်မထိုင်တော့ဘဲ ဒီ Activity မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

Water Splash Walk လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ၉၀ ခုနှစ်အစဦးတုန်းက ကလေးဘဝမှာ ခေတ်စားခဲ့တဲ့ လွယ်အိတ်ထဲ ရေပုံးထည့်ပြီး ရေပြွတ်တွေ၊ ရေသေနတ်တွေနဲ့ မြို့ထဲလမ်းတွေပေါ်၊ ရပ်ကွက်ထဲ လျှောက်သွားပြီး စစ်တိုက်သလိုပဲ ကိုယ်တွေလိုကလေးတွေ တွေ့ရင် ရေနဲ့ အပြိုင်ပက်ကြတာမျိုးကို ပြန်ပြီး အမှတ်တရ ဖော်ထုတ်တဲ့ လှုပ်ရှားမှုလေးပါ။ မှတ်မိသေးတယ်။ ကျွန်တော်ငယ်ငယ်တုန်းကလည်း စတီးပြွတ်တွေနဲ့ သိပ်ပျော်ခဲ့တာ။ အုန်းလက်မဏ္ဍပ်တွေနဲ့ ပြိုင်ပက်ရရင်တော့ မစားသာဘူးလေ။ ကိုယ်တွေ သူငယ်ချင်းအုပ်တောင့်ရင်တော့ တစ်ဘက်က အဖွဲ့ ခံပေရော့ပဲ။ ကိုယ်တွေ သူငယ်ချင်းအုပ်မတောင့်ရင်တော့လည်း ခံပေါ့။ ဒီ Water Splash Walk ရဲ့ ကျေးဇူးနဲ့ ဒီပုံရိပ်တွေက ဆေးရောင်စုံရုပ်ရှင်ဟောင်းတစ်ခုကို ပြန်ကြည့်နေရသလို အဝါရောင်ခပ်များများနဲ့ မျက်စိထဲ ပေါ်လာစေတယ်။

နေ့လည် ၁ နာရီလောက်မှ လေယာဉ်ဆိုက်တော့ အိမ်ကို အပြေးအလွှားရေချိုးပြန်ရတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ Sule Shangrila ကို အရင်သွား၊ အဲဒီကနေမှ စုရပ်နေရာဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်းပေါ်ကို အပြေးလာရတယ်။ နေ့လည် ၃ နာရီလောက်မှ လူအုပ်က ခပ်များများဖြစ်နေပြီ။ အားလုံးက ရေသေနတ်လေးတွေကိုယ်စီနဲ့၊ အရက်မူးနေပုံ မရှိဘဲ ပကတိဖြူစင်နေတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်မျီုးတွေက အားလုံးမှာ တွေ့ရတယ်။ ဝတ်စုံအဆန်းအပြားလေးတွေနဲ့ တွေ့ရသလို၊ ရေသေနတ်မပါသူတွေကလည်း ရေသန့်ဘူးကို ထိပ်ဖောက်ပြီး ရေသေနတ်လုပ်လို့ ရေဆော့နေကြတယ်။ မကြီးစန်း တို့ ကိုပြည်စိုးအောင် တို့လို Celebrities တွေလည်း တွေ့ရတယ်။ သူတို့ဆိုလည်း လူတိုင်းက ချစ်ခင်စွာနဲ့ ဓါတ်ပုံ ဗီဒီယိုတွဲရိုက်သမျှကို ပြုံးပြုံးလေးနဲ့ လိုက်လျောလုပ်ဆောင်ပေးရှာပါတယ်။

အစီအစဉ်အရ ရန်ကုန်မြို့ရဲ့ အထင်ကရ သမိုင်းဝင်အဆောက်အဦးတွေနဲ့ Splash Walkers တွေ တွဲဖက် အမှတ်တရ ဓါတ်ပုံရိုက်ကူးဖို့ရှိတယ်။ ဒီအစီအစဉ်မှာ ရေသေနတ်တွေကိုယ်စီနဲ့ စုရပ် မဟာဗန္ဓုလပန်းခြံလမ်းကနေ ပန်းဆိုးတန်းတစ်လျှောက်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ အနော်ရထာလမ်း၊ သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာလမ်းကနေမှ မဟာဗန္ဓုလပန်းခြံလမ်းကို ပြန်ဝင်ရမှာပါ။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်၊ မြို့တော်ခန်းမ၊ တရားလွှတ်တော်၊ လောကနတ်ပြခန်းအဆောက်အဦ၊ ဝဇီရာရုပ်ရှင်ရုံ၊ စိန့်မေရီဘုရာျးေကျာင်း၊ ဗဟိုပုံနှိပ်တိုက်၊ ဝန်ကြီးများရုံး၊ ဗဟိုစာတိုက်ကြီး၊ Strand ဟိုတယ် စတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို နောက်ခံထားပြီး အမှတ်တရဓါတ်ပုံရိုက်ကြပါတယ်။

လမ်းတစ်လျှောက်လည်း ရေလိုအပ်ရင်ဖြည့်ပေးဖို့ ရေဖြည့်တဲ့ကားတွေ စီစဉ်ပေးထားသလို၊ ငယ်ငယ်ကလိုပဲ တွေ့ကရာ အုန်းလက်မဏ္ဍပ်၊ မဏ္ဍပ်ကြီးတွေမှာ အားမနာတမ်း ရေတောင်းပြီးလည်း ဖြည့်ကြပါတယ်။
လူပေါင်းရာချီလို့ တညီတညွတ်တည်း လျှောက်သွားနေကြတာကို အချို့ကလည်း ဆန္ဒပြသလားပေါ့။ ဝိုင်းအုံကြည့်ကြ၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကြနဲ့။ ရီလည်း ရီရပါတယ်။
ရဲ အချို့ရဲ့ စစ်ဆေးမေးမြန်းတာတွေလည်း ခံခဲ့ရသလို၊ ယာဉ်ထိန်းရဲတွေ နဲ့ ရဲတွေရဲ့ အကူအညီပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

ညနေ ၆ နာရီ ရေပိတ်ချိန် ကွက်တိလေး မူလစုရပ်နေရာပြန်ရောက်ပြီး အားလုံးချစ်ခင်စွာနဲ့ သင်္ကြန်သီချင်းလေးတွေဆိုလို့ လှုပ်ရှားမှုလေးကို ရပ်နားပါတယ်။ ပြီးတော့ အမှိုက်ကူကောက်ပေးတဲ့သူတွေကလည်း အမှိုက်လေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လိုက်သိမ်းဆည်းပေးကြပါတယ်။

ဒီအစီအစဉ်မျိုးလေးတွေ နှစ်တိုင်းပြုလုပ်ပေးနိုင်ရင် ကောင်းတယ်လို့ ကျွန်တော်တော့ ထောက်ခံမိပါတယ်။ တစ်ခုပဲ အရင်ကလို လမ်းတိုင်း ရပ်ကွက်တိုင်းမှာ အုန်းလက်မဏ္ဍပ်တွေ ရှိမနေတော့တာမို့ ရေတော်တော်နဲ့ မစိုနိုင်တာကတော့ ခက်ပါတယ်။ ထူးခြားတဲ့ အစီအစဉ်ထူးလေးတွေ ထပ်ပေါင်းဖြည့်ထည့်ပေးနိုင်ရင်တော့ ပိုကောင်းမှာပါ။ ခုထိကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ရေသေနတ်ကိုင်လမ်းလျှောက်ပြီး သမိုင်းဝင်အဆောက်အဦးတွေနဲ့ ဓါတ်ပုံရိုက်ရတာကလွဲရင် သိပ်ပြီး ထူးခြားမှု မရှိသေးလို့ ပိုပြီးဆွဲဆောင်မှုရှိမယ့် အစီအစဉ်လေးတွေကို စနစ်တကျ သေသေသပ်သပ်လေး ရေးဆွဲလို့ နောက်နှစ်တွေမှာ ပိုပြီးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။

သီဟလုလင်
၁၇ ဧပြီလ ၂၀၁၆

Sunday, April 10, 2016

ဆလုံရွာ မကျုံဂလက် နဲ့ လန်ပိကျွန်းတွေဆီကို

အိပ်မက်ထဲမှာပဲ ရေကူးကောင်းတဲ့ ကျွန်တော်
အိပ်မက်ထဲမှာပဲ ရေကူးကောင်းတဲ့ ကျွန်တော်က မနေ့က ပင်လယ်ထဲမှာ လန့်ခဲ့တဲ့ အလန့်လေးနဲ့ ဒီမနက်မှာ စောစောလေး နိုးလာခဲ့တယ်။ Guide က မှာလိုက်တယ်။ မနက်ကို အစောဆုံး Boat Ferry နဲ့ လိုက်လာပါဆိုတော့ ၆ နာရီလောက်ထ ရေမိုးချိုးပြီး ၇ နာရီလောက်မှာ ဟိုတယ် မနက်စာကို ဆင်းစားလိုက်တယ်။ ထိုင်းအချိန် ၈ နာရီက မြန်မာအချိန် ၇ နာရီခွဲမို့ ကိုယ်မနက်စာ စားပြီးချိန်နဲ့ အဆင်ပြေပြေပဲ သင်္ဘောထွက်ချိန်မီသွားတယ်။ လှေဆိပ်မှာက အမြဲလိုလို ရနောင်းသွားမယ့် လှေ နဲ့ ကော့သောင်းသွားမယ့် လှေ တွေ တစ်ချိန်တည်းထွက်ကြတော့ ဘယ်ဘက်ကနေ ဆင်းရမလဲဆိုတာ လမ်းညွန်တွေ သေချာဖတ်ရတယ်။ တစ်ခါတလေလည်း ရေးထားတာနဲ့ တလွဲစီ။ ခုလည်းကြည့် ရနောင်းသို့ ဆိုတဲ့ ဆိုင်းဘုတ်နေရာကနေ ဆိပ်ခံဘောတံတားကို ဆင်းပြီး ရနောင်းသွားမယ့် Speed Boat ကို ကျော်ခွလို့ ဘေးချင်းယှဉ်ရပ်ထားတဲ့ ကော့သောင်းသွားမယ့် Speed Boat ကို တက်ရတယ်။ ဒီမနက်က လူရှင်းနေတော့ လူ ၈ ယောက်လောက်နဲ့ ကော့သောင်းကို ထွက်လာခဲ့ပါတယ်။ စရောက်တဲ့နေ့က ရိုးရိုးစက်လှေအကြီးစားပဲ စီးခဲ့ရတော့ ၁၅ မိနစ်လောက် ကူးရပေမယ့် ခုလို Yamaha ၂၅၀ စက်နှစ်လုံးအားနဲ့ Speed Boat ကတော့ ၅ မိနစ်လောက်အတွင်း ကော့သောင်းကို ခေါ်သွားပေးပါတယ်။ ဟိုနေ့က ညနေဘက်မှ ရောက်တော့ ကော့သောင်းဘက်ကို မမြင်ရဘူး။ ခုမှပဲ ကော့သောင်းရဲ့ ဆိပ်ကမ်းနဲ့ ဘောတံတားအလှတွေ၊ ကြိုဆိုရေးဆိုင်းဘုတ်တွေကို မြင်တွေ့ခွင့်ရတယ်။

Friday, April 08, 2016

ရေငုပ်ရင်း ပင်လယ်ကြီးရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ရအောင်

သွားနေတုန်း Guide က မိတ်ဆက်ပေးတဲ့ ကျွန်းတွေကို တတ်နိုင်သမျှ လိုက်မှတ်ရတယ်။
နေပူတာနဲ့ ပင်လယ်လေ ပေါင်းပြီး လူကို အသားမည်းသွားစေမယ်မှန်း သိသိရက်နဲ့ မြန်မာပြည်ရဲ့ အလှတရားကို အားပါးတရ ခံစားဖို့ ကျွန်တော် လှေဦးဘက်မှာထိုင်လို့ ဟိုဘက်ဒီဘက် ငေးမောမဆုံးကြည့်နေမိတော့တယ်။ ဘေးမှာ ပါလာတဲ့ Regional Guide ကိုကျော်ကျော်ဟန်ကလည်း အားပါးတရ ရှင်းပြပေးတယ်။ လက်ညှိုးထိုးပြီး ဟိုးကျွန်းက ဘာပါ။ ဘယ်လိုမျိုးပါ။ စသဖြင့် ရေပက်မဝင်အောင် ရှင်းပြပေးသလို၊ တစ်ခါတလေ အားမလိုအားမရ အတင်း ကြည့်ခိုင်းတတ်တယ်။ တစ်ခါတလေ သူပြောပြတာက ကျွန်းတစ်ခုအကြောင်း ကိုယ်မြင်နေတာက တခြားကျွန်းတစ်ခုနဲ့ နောက်မှ ဟိုကျွန်းလား ဒီကျွန်းလား ပြန်မေးပြီး ရယ်လိုက်ရတာ။