Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, November 19, 2015

ချင်း ရိုးရာ စားစရာ ပြောင်းဖူးစွပ်ပြုတ် (သို့မဟုတ်) ဆာဗူးသီး


အဘွား အိမ်ကို လာလည်ရင် တစ်ခါတလေ ချင်းရိုးရာ အစားအစာလေးတွေ သူက ဦးဆောင်ပြီး လုပ်ကျွေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်အစားအစာတွေကို အမြဲထိတွေ့နေရတာ ကြာတော့ ချင်းရိုးရာ အစားအစာတွေက ကျွန်တော့ကို သိပ်ပြီးတော့ မဆွဲဆောင်နိုင်တာ မှန်ပေမယ့်၊ ကျန်းမာရေးအရရော၊ ရိုးရာထိန်းသိမ်းသင့်တဲ့ အစဉ်အလာတစ်ခုအရရော စားသင့်တယ်လို့တော့ ကျွန်တော် လက်ခံထားပါတယ်။

ဒီ “ဆာဗူးသီး” လို့ခေါ်ကြတဲ့ အစားအစာကို ချင်းတိုင်းရင်းသားတွေရဲ့ သရေစာ အစားအသောက်တစ်မျိုးအဖြစ် စားသုံးကြတယ်လို့ ပြောကြပေမယ့် အိမ်မှာတော့ အဘွားတို့က ထမင်းနဲ့လည်း စားလေ့ရှိပါတယ်။ “ဆာ” ဆိုတာ ချင်းစကားအရ အသား လို့ ဆိုလိုတာပါ။ “ဗူးသီး” ကတော့ ပြောင်းဖူးပြုတ်ရည်ပေါ့။ ဒီ ဆာဗူးသီး လေးများ စားပြီးရင် တစ်ပန်းကန်စားရုံနဲ့ တစ်နေ့လုံးအလုပ်လုပ်နိုင်စွမ်းအားတွေ ပြည့်သွားလောက်အောင်ကို အဟာရဓာတ်ကြွယ်တယ်လို့ ဆိုပါတယ်။ ဝေးလံသီခေါင်ပြီး အပင်စိုက်ရခက်ခဲတဲ့ ချင်းပြည်နယ်ဘက်တွေမှာ အစားအသောက်ဟာ ကျွန်တော်တို့ ဒီဘက်တွေလို ပေါများမနေပါဘူး။ ရှိတာလေး ရတာလေးကိုပဲ အဓိကအစာ၊ သရေစာ လုပ်စားကြရတာကနေ ပေါက်ပွားလာတယ်လို့ ဆိုရမယ် ထင်ပါတယ်။

Tuesday, November 10, 2015

ကိုယ့်ရဲ့ အချစ်ရေးလျှို့ဝှက်ချက်တွေကို မှန်မှန်ကန်ကန် ဖော်ပြပေးတဲ့ ဆန်းစစ်ချက် (၈) ချက်


ကိုယ့်ရဲ့ အတွင်းစိတ်ထဲက အချစ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို အောက်ဖော်ပြပါ ဆန်းစစ်ချက် (၈) ချက်နဲ့ ဖော်ထုတ်နိုင်တယ်လို့ Daliulian.net က ဖော်ပြထားပါတယ်။ တကယ်ရော ကျွန်တော်တို့ စိတ်ထဲက အချစ်အပေါ်၊ အိမ်ထောင်တစ်ခုအပေါ်၊ ကိုယ့်ချစ်သူအပေါ် ထားတဲ့ ခံစားမှုတွေနဲ့ ထပ်တူကျမလားဆိုတာ အပျော်သဘော ဆန်းစစ်ကြည့်ကြရအောင်။

Monday, November 09, 2015

မဲပေးတဲ့နေ့



"သားရေ... ၅ နာရီခွဲတော့မယ်.. ထတော့လေ"

သွေးနားထင်ရောက်တယ်ဆိုတာ စာထဲမှာသာ ဖတ်ဖူးတာ။ ခုမှ တကယ်ကြုံတော့တယ်။ နားထင်မှာ ဒိတ်ခနဲပဲ။ မနေ့က အသေအချာ နှိုးစက်ပေးထားရက်နဲ့ ဘာဖြစ်လို့ မမြည်တာလဲ။ အမေပဲ နာရီအကြည့်မှားသလား တွေးပြီး နှိုးစက်ပေးထားတဲ့ ဖုန်းကို အမြန်ကောက်ယူကြည့်လိုက်တော့ တကယ်ပဲ ၅ နာရီ ၂၀ မိနစ် ရှိနေပြီ။ ကမန်းကတန်းထပြီး ဖုန်းနာရီရဲ့ Setting ထဲဝင်ကြည့်တော့မှ တနင်္ဂနွေနေ့အတွက် နှိုးစက်ပေးထားတာ မဟုတ်ဘဲ၊ တနင်္လာနေ့အတွက် ဖြစ်နေတယ်။ သေစမ်းဟ။

"ဟုတ် နှိုးပြီ မေမေ။"

စကားလေးပြန်ပြီး ကမန်းကတန်း ရေထချိုးရတယ်။ ရေချိုးရင်း နှုတ်ကလည်း မနေ့ညက Repeat နှိပ်ပြီး ဖွင့်ထားမိတဲ့ "နေ့သစ်များအတွက်" အောင်နိုင်ရေးသီချင်းလေးကို လွှတ်ခနဲ ဆိုဆိုမိသွားတယ်။ အဝတ်အစားလဲပြီး အမေ ဖျော်ပေးထားတဲ့ ကော်ဖီတစ်ခွက် ကောက်မော့လို့ သားအမိ နှစ်ယောက် မသွားခင် ယူရမယ့် ပစ္စည်းတွေကို အပြန်အလှန် သတိပေးဖြစ်ကြတယ်။

"သားရေ ဆန္ဒရှင်သက်သေခံကတ်ပြားက သား သိမ်းထားတာနော်။ မေမေ့ ကတ်ပြားပါ သားဆီမှာမို့လား။"
"ကတ်ပြား မဟုတ်ပါဘူး မေမေရယ်၊ စာရွက်ပိုင်းလေးပါ။"

ကျွန်တော် ရယ်ပြီးပြောတော့ အမေက..

Saturday, November 07, 2015

Smart Manager: သင့်ရဲ့ Galaxy စမတ်ဖုန်းတွေကို အသစ်အတိုင်း ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတစ်ခု


အသိဉာဏ်မြင့်ကိရိယာတွေ ပိုပြီး ပိုပြီး စွမ်းဆောင်လာနိုင်လေလေ၊ သင့်ရဲ့ ကိရိယာလေးကို အမြဲတမ်း အကောင်းဆုံးအနေအထားနဲ့ လုပ်ဆောင်နိုင်စွမ်းရှိနေဖို့ဆိုတာ ပိုပြီး အရေးပါလာလေလေ ပါပဲ။ ဆိုလိုချင်တာက ဘက်ထရီကြာကြာအသုံးခံနိုင်ဖို့လိုမယ်။ ပြီးတော့ သိုမှီးသိမ်းဆည်းစရာနေရာတွေကို သေသေချာချာ စီမံခန့်ခွဲတတ်ဖို့လိုမယ်။ ဒါ့အပြင် ကိုယ့်ကိရိယာရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်မယ့် အဖျက်ဆော့ဝဲလ်တွေရဲ့ ရန်က ကာကွယ်ဖို့ လိုပါမယ်။

ဒီနှစ် အစောပိုင်းမှာ Samsung က Smart Manager ဆိုတဲ့ သုံးစွဲသူတွေအတွက် အသုံးအရမ်းဝင်တဲ့ ဖုန်းအက်ပလီကေးရှင်းတစ်ခုကို စပြီး မိတ်ဆက်ခဲ့တယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့မြန်ဆန်စေဖို့ စီမံခန့်ခွဲမှုတွေ တစ်နေရာတည်းကနေ လုပ်ဆောင်နိုင်မယ့် အက်ပလီကေးရှင်းကောင်း တစ်ခုဖြစ်ပါတယ်။ Galaxy S6 နဲ့ S6 edge စထွက်ကတည်းက ဖုန်းထဲမှာ တစ်ပါတည်း ပါဝင်လာခဲ့တာ ဖြစ်ပြီး Smart Manager ရဲ့ လုပ်ဆောင်ချက်အရည်အသွေးပိုင်းကိုလည်း ဆက်ပြီး မြှင့်တင်ဆောင်ရွက်ပေးနေသလို၊ Smart Manager ကို ယခင်က ထွက်ရှိခဲ့ပြီးတဲ့ ဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် OS ကို ဗားရှင်းမြှင့်ပေးရင်းနဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ စာရေးသူရဲ့ Galaxy Note 4 မှာလည်း မကြာသေးခင်က OS ကို ဗားရှင်းမြှင့်ပေးလိုက်တော့ Smart Manager ပါဝင်လာတာ တွေ့ရပါတယ်။ စပြီး စမ်းသပ်သုံးစွဲကြည့်တာနဲ့တင် တော်တော်လေး ထိရောက်ပါတယ်။ စာရေးသူရဲ့ ဖုန်းက သိမ်းဆည်းစရာနေရာ ပြည့်နေတယ်ချည်း ခဏခဏ ဖြစ်နေပါတယ်။ ကြိုးစားပြီး ဖိုင်တွေ ရှာဖျက်ပေမယ့် သိပ်မကြာခင် ပြည့်နေတယ်ချည်း ဖြစ်ဖြစ်နေတာ နည်းနည်းကြာပါပြီ။ အဲဒီ Smart Manager ရတော့ Storage ကို ကြည့်ပြီး မလိုအပ်တဲ့ဖိုင်တွေကို Delete လုပ်လိုက်တာ အံ့သြစရာ 2GB လောက် ထွက်လာပါတယ်။ အင်တာနက်ကြည့်ရင် ပါလာတတ်တဲ့ တချို့ဖိုင်တွေ၊ ကြော်ငြာတွေနဲ့ နေရာလွတ်မရှိအောင် ပြည့်နေတာမျိုးပါ။ Galaxy S6 edge+ နဲ့ Note5 မှာတော့ ဘက်ထရီ ပိုကြာကြာအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးပြီး အက်ပလီကေးရှင်းတွေကို ထိန်းချုပ်နိုင်ကာ လုံခြုံရေးအဆင့်မြင့်မားတဲ့ Smart Manager အက်ပလီကေးရှင်း စက်ရုံထုတ်ကတည်းက ပါဝင်လာပါတယ်။

Tuesday, November 03, 2015

တက်ခုတ်၊ တက်ပျံ ယိမ်းကများနဲ့ ပူဇော်မျှောတဲ့မီး

ရွှေကျင်မီးမျောပွဲ ညခင်း (ဓါတ်ပုံ Space Warrior Travel)

မြန်မာနိုင်ငံရဲ့ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးမှာ မှေးတင်ရှိနေကြတဲ့ မြို့ရွာအချို့မှာ မြစ်ထဲ ချောင်းထဲ မီးမျှောပြီး ဘုရား၊ နတ် ပူဇော်တဲ့ အလေ့အထတွေ ဒေသအလိုက် ရှိတတ်ပါတယ်။ ထုံးစံအစဉ်အလာ အနည်းငယ် ကွဲပြားနိုင်ပေမယ့် ရည်ရွယ်ရင်းကတော့ တူကြပါတယ်။ အိမ်နီးချင်းနိုင်ငံတချို့မှာလည်း ဒီလို ဓလေ့လေးတွေ ရှိပါတယ်။ အထူးသဖြင့် သီတင်းကျွတ် နဲ့ တန်ဆောင်တိုင်လပြည့်ညတွေမှာ ပြုလုပ်လေ့ရှိကြပါတယ်။ မီးမျှောတဲ့ဓလေ့ကို မြန်မာနိုင်ငံမှာ ကုန်းဘောင်ခေတ်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မီးမျှောတဲ့ ဓလေ့ရှိတဲ့ ဒေသတွေထဲမှာမှ နာမည်အကျော်ဆုံးကတော့ ပဲခူးတိုင်းထဲက ရွှေကျင်မြို့ရဲ့ သီတင်းကျွတ်မီးမျှောပွဲပဲ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားလည်းဖူးရင်း မီးမျှောပွဲကို ပါဝင်ဆင်နွှဲဖို့ ရောက်လာတတ်ကြသလို၊ နိုင်ငံခြားသားတွေလည်း လေ့လာဖို့ လာရောက်လေ့ရှိပါတယ်။