ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာဟာ အရင်းနှီးဆုံး သူစိမ်းတွေလို့ ဆိုလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ပတ်သက်ဆက်နွယ်မှု ရှိနေတဲ့အချိန်မှာတော့ အရမ်းကို ရင်းနှီးကြတာဟာ ဆွေမျိုးရင်းချာတွေ ထက်တောင် သာလွန်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ နှစ်ဦးကြားမှာ ဘယ်လိုအနှောင့်အယှက်မျိုး၊ ဘယ်လို ကြားခံမှုမျိုးမှ အဝင်မခံဘဲကို ချစ်ကြ၊ နားလည်တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြပြီဆိုရင်တော့ သူစိမ်းတွေ ဖြစ်သွားပါတော့တယ်။ သားသမီးတွေ ဆိုရင်တောင် သွေးသား တော်စပ်မှုတွေ ရှိနေပါသေးတယ်။ ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာကတော့ သူစိမ်းတွေလို ဖြစ်သွားပါတော့တယ်။ တစ်ဦးနဲ့ တစ်ဦး ဘယ်လိုအကြောင်းတွေကြောင့်ပဲ လမ်းခွဲကြပါစေ၊ အတိတ်က သတိရစရာ အကြောင်းအရာလေးတွေတော့ ရှိနေတတ်ကြစမြဲပါ။ နာကျည်းမှု၊ မုန်းတီးမှုတွေကြောင့် အားလုံးကို မေ့ပစ်လိုက်ပြီဆိုရင်တောင် ဒါဟာ သိစိတ်က ပြုလုပ်နေတဲ့ လုပ်ဆောင်မှု တစ်ခုပါ။ မသိစိတ်ကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ဆိုက်တဲ့ အကြောင်းအရာတစ်စုံတစ်ခု ကြုံလာခဲ့ရင်ပေါ့။
Wednesday, December 28, 2011
ရည်းစားဟောင်းကို ဘယ်လိုမေ့ရမလဲ
ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာဟာ အရင်းနှီးဆုံး သူစိမ်းတွေလို့ ဆိုလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ပတ်သက်ဆက်နွယ်မှု ရှိနေတဲ့အချိန်မှာတော့ အရမ်းကို ရင်းနှီးကြတာဟာ ဆွေမျိုးရင်းချာတွေ ထက်တောင် သာလွန်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ နှစ်ဦးကြားမှာ ဘယ်လိုအနှောင့်အယှက်မျိုး၊ ဘယ်လို ကြားခံမှုမျိုးမှ အဝင်မခံဘဲကို ချစ်ကြ၊ နားလည်တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွဲသွားကြပြီဆိုရင်တော့ သူစိမ်းတွေ ဖြစ်သွားပါတော့တယ်။ သားသမီးတွေ ဆိုရင်တောင် သွေးသား တော်စပ်မှုတွေ ရှိနေပါသေးတယ်။ ချစ်သူ၊ ခင်ပွန်း၊ ဇနီးဆိုတာကတော့ သူစိမ်းတွေလို ဖြစ်သွားပါတော့တယ်။ တစ်ဦးနဲ့ တစ်ဦး ဘယ်လိုအကြောင်းတွေကြောင့်ပဲ လမ်းခွဲကြပါစေ၊ အတိတ်က သတိရစရာ အကြောင်းအရာလေးတွေတော့ ရှိနေတတ်ကြစမြဲပါ။ နာကျည်းမှု၊ မုန်းတီးမှုတွေကြောင့် အားလုံးကို မေ့ပစ်လိုက်ပြီဆိုရင်တောင် ဒါဟာ သိစိတ်က ပြုလုပ်နေတဲ့ လုပ်ဆောင်မှု တစ်ခုပါ။ မသိစိတ်ကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ဆိုက်တဲ့ အကြောင်းအရာတစ်စုံတစ်ခု ကြုံလာခဲ့ရင်ပေါ့။
Labels:
Articles
Friday, December 16, 2011
ကျွန်တော်ကြိုက်သော Christmas သီချင်းများ (၂)
ခရစ္စမတ်ဟာ ဘာသာရေးအရ သိမ်မွေ့နက်နဲသလို၊ ပျော်ရွှင်ငြိမ်သက်ခြင်းတွေလည်း ပြင်ဆင်ပေးတယ်လို့ ကျွန်တော် ယူဆပါတယ်။ ပုဂ္ဂလိက ခံစားမှုပါ။ ထပ်တူခံစားရသူတွေလည်း ရှိနိုင်ပါတယ်။ ခရစ္စမတ်ဟာ နှစ်သစ်ကူးချိန်နဲ့ နီးကပ်နေတာမို့ အပျော်တွေကူးစက်ပြီး တစ်ခါတလေလည်း လေးနက်မှုတွေ ပျောက်ကွယ်နေတတ်ပြန်ပါတယ်။ ဒါပေမယ့် ခရစ္စမတ်ကတော့ နှင်းစက်များကြားမှာ အစဉ်အမြဲ အသက်ဝင်နေဆဲပါ။
ငယ်ငယ်ကတည်းက Santa Claus ကို သဘောကျချစ်ခင်ခဲ့တဲ့ ကျွန်တော်က Christmas သီချင်းလေးတွေမှာ ဆိုလည်း Santa Claus အကြောင်း ဆိုထားတာတွေကို သိပ်သဘောကျခဲ့ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Christmas သီချင်းလေးတွေကို အပိုင်း (၂) အနေနဲ့ ဆက်ပြီး တင်ဆက်ပေးတဲ့အခါ အရင်က ပြောထားသလိုပေါ့ Blog DJ လုပ်ပါရစေဦး။ ဒီတစ်ခါတော့ Christmas နောက်ခံ အချစ်သီချင်းလေးတွေကို အများဆုံး ရွေးပေးချင်ပါတယ်။ ဒီလိုဆိုတော့ ဘာသာ လူမျိုးမရွေး ခံစားနားဆင် ကြည့်ရှုနိုင်မှာပေါ့။
Labels:
Articles
ကျွန်တော်ကြိုက်သော Christmas သီချင်းများ (၁)
ကျွန်တော့ရဲ့ Blog လေး အသက်မဝင်နိုင်ခဲ့တာ ရက်ပိုင်းလေး ကြာနေပြီ။ ဒီရက်ပိုင်း ကျွန်တော် အလုပ်နည်းနည်း ပိနေပါတယ်။ ကျွန်တော့ရဲ့ အလုပ်ကိုက နှစ်ကုန်ပိုင်းမှာ ပိုပြီး အလုပ်များတတ်တာမျိုးမို့ပါ။ အမှန်ကတော့ ကျွန်တော့ရဲ့ ခရီးသွားဆောင်းပါးလေးကို ဆက်ရေးချင်နေတယ်။ ကျွန်တော် ရေးစရာလေးတွေ အသင့်လည်း ရှိနေပါတယ်။ ဒါပေမယ့် မရှိတာက အချိန်ဖြစ်နေလို့ပါ။ ခုလည်း ရတဲ့ အချိန်လေးမှာ ကျွန်တော့ Blog လေး အသက်ဝင်စေချင်လို့ ကျွန်တော် ကြိုက်ခဲ့ရတဲ့၊ ကြိုက်နေဆဲဖြစ်တဲ့၊ ခရစ္စမတ် သီချင်းလေး တချို့ကို ဝေမျှပေးချင်ပါတယ်။
ခရစ္စမတ်ရဲ့ အဓိပ္ပါယ်ကိုက ချစ်ခြင်းမေတ္တာနဲ့ ဝေမျှခြင်းတွေပါနေတော့ ကျွန်တော်ကလည်း ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ကျွန်တော်ကြိုက်တဲ့ ခရစ္စမတ်သီချင်းလေးတွေကို ရုပ်ရော အသံပါ ပူးတွဲခံစားနိုင်အောင်လို့ You Tube ကနေ ရှာဖွေပြီး တင်ပြပေးလိုက်ရပါတယ်ဗျာ။ တချို့သီချင်းလေးတွေက သီချင်းအနေနဲ့ ရှိပေမယ့် အရုပ်အနေနဲ့ အသက်မဝင်လာတော့၊ You Tube မှာ ဖြတ်ညှပ်ကပ် ပုံလေးတွေပါတဲ့ ဗီဒီယိုအနေနဲ့ ရှိပေမယ့် ကျွန်တော်က အဲလိုမျိုးသီချင်းတွေကျတော့ ခံစားလို့ သိပ်မရပြန်ဘူး။ ဒါကြောင့် တတ်နိုင်သမျှ အဲလို ဖြတ်ညှပ်ကပ်မပါတဲ့ ခရစ္စမတ် ဗီဒီယိုမျိုးကို ရွေးချယ်ထားပါတယ်။ ဒါတောင် တစ်ပုဒ်က ပါသွားသေးတယ်။ ဒါလေးတော့ သည်းခံပြီး အသံအနေနဲ့ခံစားပေးပါ။ အဲဒီတစ်ပုဒ်ပါပဲ။ ကျန်တာတွေကတော့ အရုပ်အသံ အားလုံး လိုက်ဖက်ကောင်းမွန်ပါတယ်။
Labels:
Articles
Thursday, December 08, 2011
ကျွန်တော်နှင့် ဖနွမ်းပင် (၃)
အပျင်းပြေ ညဈေး
ကမ္ဗောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင်က မြစ်ရှုခင်းအလှနဲ့ ညဘဝကို ခံစားကြည့်ရလို့ ငြီးငွေ့တယ်ဆိုရင်တော့ အပြုံးချိုချိုဒေသခံလေးတွေရဲ့ ဈေးရောင်း ဈေးဝယ်သံတွေကို ကြားရမယ့် ညဈေးကို သွားသင့်ပါတယ်။ ဒီညဈေးလေးဟာ River Town အဝင်နားလေးမှာ ရှိပြီး လေဟာပြင်ကြီးလို ကွန်ကရစ်ခင်းထားတဲ့ နေရာကျယ်ကြီးပေါ်မှာ ယာယီဆိုင်ခန်းလေးတွေလာပြီး ရောင်းချကြတာပါ။ ဆိုင်ကယ်အပ်နှံဖို့အတွက် ညဈေးလေးရဲ့ အပြင်ဘက်မှာ လက်ခံဆောင်ရွက်ပေးပြီး Riel 500 ဝန်းကျင် ပေးရပါတယ်။ ညဈေးဆိုပေမယ့် အဖြစ်လုပ်ထားတဲ့ ညဈေးမဟုတ်ပါဘူး။ နိုင်ငံခြားသားတွေကိုပါ ဆွဲဆောင်နိုင်အောင်ကို သေချာပြင်ဆင်ထားတဲ့ ဈေးလေးပါ။ ကျွန်တော်တို့ဆီမှာလည်း တလောက လေဟာပြင်ဈေးလုပ်မယ်လို့ ကြားမိသေးတာကြောင့် ဒီလိုလေးလုပ်ရင်တော့ သိပ်ကောင်းမှာပဲလို့ တွေးမိသွားပါတယ်။
Labels:
Travel and Living
Wednesday, December 07, 2011
သက်တမ်းစေ့မှ လက်ပြနှုတ်ဆက်လှည့်ပါ
(စကားချီး - ကျွန်တော့ဘဝမှာ မှတ်မှတ်ယယ ပထမဆုံးရေးသားဖူးတဲ့ ကျန်းမာရေးဆာင်းပါး ဖြစ်ပါတယ်။ ကျွန်တော် ကျွမ်းဝင်မှုမရှိတဲ့ ဒီကဏ္ဍကို တတ်အားသမျှလေ့လာမေးမြန်းဆည်းဖူးပြီး တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးလေးကို စာထက်အက္ခရာတင်ပေးလိုက်တာက "HEALTH CARE" ဂျာနယ်ပါ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ် အတွဲ (၂)၊ အမှတ် (၄၆) မှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်လည်း ကျန်းမာရေးဆောင်းပါးတွေ အလျဉ်းသင့်သလို ရေးသွားဦးမှာပါ။)
ယနေ့ကမ္ဘာမှာနေ့စဉ်နှင့်အမျှ လူဦးရေ တိုးပွားများပြားလာလိုက်တာ
ခုဆိုရင် သန်းပေါင်း ၇ ထောင်ကျော်တောင် ရှိလာပြီး၊ တစ်ဘက်မှာလည်း လက်ပြနှုတ်ဆက်လို့
ထွက်ခွာနေကြသူတွေလည်း အမြောက်အများ ရှိနေဆဲပါ။ တစ်ချိန်တော့ အားလုံးစွန့်လို့ ထွက်ခွာကြရမှာ
မှန်ပေမယ့်၊စောစောနှုတ်ဆက်ရတာနဲ့နောက်ကျနှုတ်ဆက်ရတာပဲ ကွာနိုင်ပါတယ်။ စာရေးသူတို့ မြန်မာလူမျိုးတွေကတော့
အဆိုပါ အချင်းအရာတွေကို ကံကြောင့်လို့ သက်မှတ်ယုံကြည်ကြပြီး ကံကုန်လို့ ခွဲခွာရတယ်လို့
ဆိုတတ်ကြပါတယ်။ တကယ်ကတော့ ခုလို လူ့လောက ကနေ အချိန်မတိုင်ခင် ထွက်ခွာသွားကြရတယ်ဆိုတာမှာ
ကိုယ့်ဘက်က ဆင်ခြင်နေထိုင်မှုအားနည်းတာကြောင့်လည်း အများကြီးပါတာမို့ ကံကိုချည်း အပြစ်ဖွဲ့ဖို့
မဖြစ်နိုင်ပါဘူး။ လူတွေကြောင့်ပဲဖြစ်လာရတဲ့ရောဂါအဆန်းအပြားမျိုးစုံကလည်း ဟိုက ဒီက
ကြားနေရကြရပြီပဲ။ အဆိုးရွားဆုံးရောဂါအဖြစ် လူတွေ သိမှတ်ထားကြတာကတော့ ကင်ဆာရောဂါအမျိုးမျိုးတွေပဲဖြစ်ပါတယ်။ စာရေးသူတို့မြန်မာပြည်သူတွေ ထိတ်လန့်တုန်လှုပ်ကြတဲ့အထဲမှာလည်း ကင်ဆာရောဂါတွေက
ထိပ်ဆုံးက ပါဝင်နေပါတယ်တဲ့။
Labels:
Health
ကျွန်တော်နှင့် ဖနွမ်းပင် (၂)
မြစ်ကမ်းဘေးက နိဗ္ဗာန်ဘုံ
![]() |
| River Side ရဲ့ အတွင်းဘက် ပလက်ဖောင်း နဲ့ River Town |
ကျွန်တော် ဖနွမ်းပင်ကို နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ရောက်ခဲ့တာမို့ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ ဖနွမ်းပင်ရဲ့ ပထမဆုံး Weekend အလုပ်နားရက်လေးကို ဒီဇင်ဘာလ (၃) ရက်နေ့မှာ စပြီး ရခဲ့တာမို့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်းနဲ့ပဲ ဘယ်မှ မသွားဖြစ်လိုက်ပါဘူး။ စနေနေ့ ညဘက်မှာတော့ ကျွန်တော့ ရုံးက လုံခြုံရေးပိုင်းကို တာဝန်ယူတဲ့ အရာရှိ တစ်ဦးရဲ့ အကူအညီနဲ့ ဖနွမ်းပင်ရဲ့ လူပြောများ စည်ကားလှတဲ့ ဖောရိန်းနာ မြို့တော်ကို ရောက်ရှိခဲ့ပါတယ်။ ဒါ ကျွန်တော့ဘာသာ နာမည်ပေးထားတာပါ။ သူတို့ကိုယ်တိုင်လည်း အဲဒါကို လက်ခံပါတယ်။
Labels:
Travel and Living
Sunday, December 04, 2011
ကျွန်တော်နှင့် ဖနွမ်းပင် (၁)
ကျွန်တော့အလုပ်နဲ့ ပတ်သက်လို့ ကမ္ဗောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့ကို ရောက်ဖို့ အကြောင်းရှိနေတာက ကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်လ လောက်ကတည်းကပါပဲ။ အစီအစဉ်အမျိုးမျိုး ပြောင်းရင်း ရွှေ့ရင်းနဲ့ပဲ ခု ဒီဇင်ဘာကျမှ ဖနွမ်းပင်ကို ရောက်ဖို့ ဖြစ်သွားပါတယ်။ အစီအစဉ်ကလည်း ဖြစ်ချင်တော့ ကောက်ကာငင်ကာမို့ ကျွန်တော်သွားမယ့်ရက်နဲ့ အကိုက်ဆုံးဖြစ်တဲ့ MAI လေယာဉ်ကို ရွေးချယ်ခဲ့ပါတယ်။ နိုဝင်ဘာလ ရဲ့ နောက်ဆုံးရက်လေးမှာ ရန်ကုန်မြို့ရဲ့ ကောင်းကင်ပြာပြာကို ဖြတ်သန်းလို့ ကမ္ဗောဒီးယားနိုင်ငံရဲ့ အပြာရောင် ကောင်းကင်အောက်ကို ခိုဝင်ခဲ့ပါတယ်။
Labels:
Travel and Living
Tuesday, November 29, 2011
ငါ့မှာ မင်းမရှိခဲ့ရင်...
ဒီကဗျာလေးကလည်း စိတ်ကူးယဉ်သက်သက်ပါပဲ။ အသည်းကွဲကဗျာလေးတွေ တင်တာများနေလို့ နည်းနည်းပျော်စရာကောင်းမယ် အချစ်ကဗျာလေး တင်ကြည့်လိုက်ပါတယ်။ ဒါတောင် ဆွေးချင်ချင်ရယ်။ ကဗျာလေးတွေ ဝေမျှချင်နေတဲ့
စိတ်ကလေးနဲ့ သိပ်မကောင်းပေမယ့် တင်လိုက်ပါတယ်။ ဖတ်ကြည့်ပေးပါဦးဗျာ။
Labels:
Poems
ကော်ဖီ မကြိုက်တဲ့ ကျွန်တော့ချစ်သူ
ဒီကဗျာလေးကတော့ စိတ်ကူးယဉ်ပြီးရေးထားတာ သတ်သတ်ပါ။ ကျွန်တော်က ကော်ဖီကို အရမ်းကြိုက်ပေမယ့် ကျွန်တော့မှာ ကော်ဖီမကြိုက်တဲ့ ချစ်သူတော့
မရှိပါဘူးလေ။ ကဗျာလေးတွေ ရေးရတာ အရမ်းပျော်နေတဲ့ အချိန်တုန်းက
ပေါ့ပေါ့ပါးပါးလေး ရေးခဲ့တာဖြစ်ပေမယ့် ခုချိန်မှာတော့ ဒါလေးတွေက အမှတ်တယ
တစ်ခုလို ဖြစ်နေပါပြီ။ တစ်ခါတလေတော့လည်း ကော်ဖီ အတူတူ သောက်ရမယ့်
ချစ်သူလေးကို ဒီနေ့ထိတော့ မျှော်နေမိပါသေးတယ်။ ဖြစ်ခွင့်ရှိမယ်ဆိုရင်
ပေါ့လေ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ကျွန်တော့ရဲ့ ခံစားချက်လေးတွေကို ဝေမျှ
ခံစားပေးပါဦးဗျာ။
Labels:
Poems
ကိုယ့်ချစ်သူ ပိုပြီး ချစ်ခင်လာစေဖို့...
အရင်တစ်ရက်က အမျိုးသားတွေအတွက် ကိုယ့်ချစ်နေတဲ့ သူ ပြန်ပြီး ချစ်လာအောင် ဘယ်လိုနေထိုင် ရမလဲ ဆိုတာ တင်ပြပေးခဲ့ပါတယ်။ ဒီနေ့တော့ အမျိုးသမီးတွေအတွက် ကိုယ့်ချစ်သူ ကိုယ့်အပေါ် ပိုပြီး ချစ်ခင် နှစ်သက်လာစေဖို့ ဆောင်ရန် ရှောင်ရန်တွေကို တင်ပြပေးလိုက်ရပါတယ်။
အချို့အမျိုးသားများဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်အမှန်များကို ထုတ်ဖော်ပြောလေ့ မရှိတဲ့အပြင် အမျိုးသမီးများရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေကို ခံစားနားလည်ပေးဖို့ ခဲယဉ်းလေ့ ရှိပါတယ်။ ဒါပေမယ့် ကံကောင်းစွာ နဲ့ အမျိုးသားအများစုကိုတော့ သူတို့ရဲ့ အမြင်နဲ့ ခံယူချက်တွေကို ပြောင်းလဲအောင် အလွယ်တကူ ပြုပြင်ပေးလို့ ရနိုင်ပါတယ်။ သင်ဖြစ်စေချင်တဲ့ အရာတိုင်း အတွက် သူ့ကို အတင်းအကြပ် ဖိအားပေးတာမျိုးကို မလုပ်မိစေဖို့ နဲ့ အမြဲတစေ ဂရုစိုက်အလေးထားဖို့ မမေ့ပါနဲ့။
Labels:
Articles
Monday, November 28, 2011
ရည်ရွယ်ထားသူ ပြန်လည်မေတ္တာသက်ဝင်လာအောင်...
အနှစ်နှစ် အလလ စောင့်စေားနေခဲ့ရသည့် သင်ချစ်ခင်စွဲလမ်းနှစ်သက်နေမိသော မိန်းကလေးထံမှ ချစ်မေတ္တာ တုံ့ပြန်မှုကို အမြန်ဆုံး ရရှိနိုင်မည့် နည်းလမ်းမျိုးကို ယောက်ျားလေးတိုင်း သိလိုကြမည် ဖြစ်ပါသည်။ သင့်ဆီသို့ မိန်းကလေးတိုင်း အခစား ရောက်လာစေမည့် မှော်ဝင်ပီယဆေးမျိုး ရှိမည် မဟုတ်သော်လည်း အောက်ပါ အချက်များအတိုင်း ကြိုးစားလုပ်ဆောင် ကြည့်ပါက ပြိုင်ဘက်များကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်ပြီး သင်မျှော်လင့်နေခဲ့ရသည့် အချစ်သရဖူကို ဆွတ်ခူးရယူနိုင်မည် ဖြစ်ပါသည်။
Labels:
Articles
Friday, November 25, 2011
မြန်မာ့နိုင်ငံရေးဇာတ်ခုံက တစ်ခန်းရပ်ဇာတ်ကောင် (သို့မဟုတ်) ရတနာနတ်မယ်
ရတနာနတ်မယ်ဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ခဏတာ ပါဝင်ကပြခဲ့တဲ့သူအဖြစ် လူသိများခဲ့သူပါ။ ၁၉၇၈ ခုနှစ် ဝန်းကျင်ခန့်ကမို့ စာရေးသူကျွန်တော်နဲ့ ဝေးကွာလွန်းပါတယ်။ ဒါပေမယ့်လည်း သူပါဝင်ကပြတဲ့ တဒင်္ဂဟာ မြန်မာပြည်သူတွေကြားမှာ ဝေဖန်စရာအမျိုးမျိုးပေါ်ပေါက်ခဲ့တယ်လို့ သိရတဲ့အပြင် ဒီတစ်လော ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာလည်း "ရတနာနတ်မယ်" ဟာ တကျော့ပြန်လို့ အသက်ဝင်လာတာကြောင့် ကျွန်တော့ Blog ပေါ်မှာ မှတ်တမ်းတင်ထားနိုင်ဖို့ လက်လှမ်းမီသမျှ စုစည်းလိုက်ပါတယ်။
Labels:
Articles
ကင်ဆာရောဂါများနှင့်ပတ်သက်၍ ဒေါက်တာဦးမျိုးခင် နှင့် တွေ့ဆုံခြင်း
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကျွန်တော့ဆီကို ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ပြပေးဖို့ အလုပ်တစ်ခု ရောက်လာပါတယ်။ ဒါနဲ့ ကင်ဆာရောဂါတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်နှံ့စပ်ကြတဲ့ ဆရာဝန်ကြီး နှစ်ယောက်ကို အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ရပြီး ဆရာကြီး ဦးမျိုးခင်နဲ့ အရင်ဆုံး အဆက်အသွယ်ရခဲ့ပါတယ်။ အမှန်ပြောရရင်တော့ အလုပ်အတွက်မို့ ကျွန်တော် သိပ်စိတ်ပါဝင်စားခဲ့တာမျိုး မရှိတာတော့အမှန်ပါ။ စဉ်းစားကြည့်လေဗျာ။ ကင်ဆာရောဂါဆိုတာကို ဘယ်သူက စိတ်ဝင်စားချင်မှာလဲ။ ဒါပေမယ့် ကျွန်တော် ဆရာကြီးနဲ့ စကားပြောခွင့်ရတဲ့အချိန်မှာ ကင်ဆာရောဂါဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပြီး၊ ကြိုတင်ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာ သိလိုက်ရပါတယ်။ တော်တော်လေးလည်း တုန်လှုပ်သွားမိသလို၊ နိုင်ငံခြားတိုင်းပြည်တွေမှာ ကိုယ့်နိုင်ငံသားတွေ ကင်ဆာ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ အားတက်သရော လုပ်ဆောင်နေကြပြီး ကိုယ်တွေမှာ ပေါ့ပေါ့ပျက်ပျက် နေမိနေသလားလို့ တွေးပူမိသွားပါတယ်။
Review of Chan Chan's New Album (သိပ်ချစ်တယ်.. အရမ်းမုန်းတယ်..)
နားထောင်ချင်တာ ကြာပါပြီ..။
Album အသစ်အတွက် သီချင်းတွေ ဆိုနေပါပြီ.. ဆိုတာကို ဂျာနယ်ထဲမှာ ရေးထားကတည်းက
နားထောင်ချင်နေတာပါ..။
ဘာပဲဖြစ်ဖြစ်.. Album အတွက် ပေးလိုက်ရတဲ့ ငွေကြေးနဲ့ ပြန်ရတဲ့ သီချင်းအပေါ်ပျော်ဝင်သွားတဲ့ စိတ်..
အများကြီး တန်ပါတယ်..။
သီချင်းရေးဆရာ.. ဂီတအကြောင်းကို ထုံးလိုချေ ရေလိုနောက်လောက်အောင် မသိပေမယ့်
ချမ်းချမ်းကို ချစ်တဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့
ချမ်းချမ်းဆိုတဲ့ သီချင်းကို ကျွန်တော့် Review of Chan Chan's New Album (သိပ်ချစ်တယ်.. အရမ်းမုန်းတယ်..) အဖြစ်
မှတ်တမ်းတင်ဖြစ်ပါတယ်..။
Labels:
Music Album Reviews
Thursday, November 24, 2011
အချစ်ကြောင့် ပြည့်စုံသွားတဲ့ ကဗျာလေး (ကဗျာ)
ဒီကဗျာလေးကို သိပ်ချစ်ရတဲ့ ချစ်သူလေးအတွက် ရည်ရွယ်ပြီး ရေးပေးခဲ့တာပါ။ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်တဲ့ဒါဏ်တွေကို သိပ်ဂရုစိုက်တတ်၊ သိပ်ကြောက်တတ်တဲ့ ချစ်သူလေးက သူနဲ့ကျွန်တော် ချစ်သူဖြစ်စမှာ သူ့အတွက် သီးသန့်ဖြစ်မယ့် ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလားတဲ့။ ကျွန်တော်လည်း မဆိုင်းမတွဘဲ လက်ခံပြီး ညတွင်းချင်း အပြီးရေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တတ်ထားတဲ့ မတက်တခေါက် ဖိုတိုရှော့ ပညာလေးနဲ့ ပေါင်းစပ်ပြီး ပုံဖော်လို့ ချစ်သူဆီကို ပို့ပေးခဲ့ပါတယ်။ ပြီးတော့ သူ့ကို ခွင့်တောင်းပြီးပဲ ကျွန်တော့ Facebook မှာ တင်ဖြစ်သွားပါတယ်။ ကျွန်တော်က သူ့ကို ရည်ညွှန်းကြောင်း သိသာစေမယ့်အချက်လေး အဖြစ် သူ့နာမည်ထဲက စကားတစ်လုံးကို ကဗျာလေးထဲ ထည့်ပြီး ရေးဖွဲ့ပေးခဲ့တာ၊ ဘယ်အချိန်ပြန်ဖတ်ဖတ် ကြည်နူးစေပါတယ်။ မြန်မာနိုင်ငံမှာ Blogspot ကို ဖွင့်ပေးလိုက်တော့ ကျွန်တော်တည်ဆောက်ဖြစ်သွားတဲ့ ကျွန်တော့ Blog ထဲမှာ ဒီကဗျာလေးကို အမှတ်တယ သိမ်းထားချင်တာကြောင့်ပဲ ဒီနေ့ တင်ဖြစ်သွားပါတယ်။
Labels:
Poems
ဥာဏ်ကောင်းတဲ့ သိုးငယ်လေး
တစ်ခါက အစာရှာထွက်တဲ့ သိုးအုပ်ထဲက သိုးငယ်လေးတစ်ကောင်ဟာ သူ့အဖော် သိုးတွေနဲ့ အစာစားနေရင်းမှာပဲ ဟိုးခပ်လှမ်းလှမ်းမှာ အင်မတန်ကို စိမ်းစိုနေတဲ့ မြက်ခင်းတစ်ခုကို လှမ်းမြင်လိုက်တယ်။ မြင်လိုက်ပြီး ပြီးချင်းမှာပဲ ဆာလောင်နေတဲ့ သိုးငယ်ဟာ မြက်ခင်းရှိရာကို တစ်ရှိန်ထိုး ပြေးသွားပါတော့တယ်။ တဖြည်းဖြည်း မြက်ခင်းနဲ့ နီးလာသလို သူရဲ့ အဖော်တွေဖြစ်တဲ့ သိုးအုပ်ကြီး နဲ့တော့ ဝေးဝေး လာခဲ့တယ်။ ဒီလိုနဲ့ မြက်ခင်းပြင်ကိုလည်း ရောက်ရော စိမ်းစို ချိုမြနေတဲ့ မြက်နုသစ်တွေကို အားပါးတရ စားပါတော့တယ်။ အစာစားချင်စိတ် တစ်ခုတည်းအတွက် ဘာကိုမှ မစဉ်းစား မတွေးတောဘဲ ပြေးထွက်လာခဲ့တဲ့ သိုးလေးအတွက် နောင်တရစရာအဖြစ်က ကျရောက်လာပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ ရှေ့မှာ သူ့ထက် အဆပေါင်းများစွာ အင်အားကြီးပြီး သန်မာလှတဲ့ ဝံပုလွေတစ်ကောင်က သူ့ကို ဖမ်းဆီးစားသောက်ဖို့ ရောက်ရှိနေတာကြောင့်ပါပဲ။ ဝံပုလွေကို မြင်မြင်ချင်းမှာ သိုးငယ်ဟာ အရမ်းကို လန့်သွားပါတယ်။
Labels:
Stories
Tuesday, November 22, 2011
ခရစ္စမတ်သီချင်းလေးများ
မကြာမီဆိုရင် ခရစ္စမတ်ပွဲတော်ကြီးကရောက်လာပါတော့မယ်။ မြန်မာနိုင်ငံမှာတော့ နှင်းတွေ ဝေနေအောင် မကျပေမယ့် အေးမြတဲ့ ဆောင်းရာသီရဲ့ အရသာကို အနည်းနဲ့အများတော့ ခံစားကြရပါတယ်။ ဒီလိုအချိန်တိုင်းမှာ နားဆင်လို့ မရိုးနိုင်တဲ့ ခရစ္စမတ်တေးကောင်းလေးတွေကို ခံစားနားဆင်လိုသူတွေအတွက် သီချင်းအယ်လ်ဘမ်လေးတွေ စုစည်းတင်ပြပေးလိုက်ရပါတယ်။ ဒီတေးအယ်လ်ဘမ်တွေကို ကိုယ်တိုင်နားဆင်ဖို့ ဝယ်ယူလိုရင်ဖြစ်ဖြစ်၊ ခရစ္စမတ်လက်ဆောင်ပေးဖို့ ဝယ်ယူလိုရင်ဖြစ်ဖြစ်၊ ဗိုလ်ချုပ်ဈေးက S N' W တေးသံသွင်းနဲ့ နာမည်ကျော် Super Mart တိုင်းမှာ CD II တံဆိပ်နဲ့ ရွေးချယ်ဝယ်ယူနိုင်ပါပြီလို့ သတင်းကောင်းလေး ပါးပါရစေ။
Labels:
Music Album Reviews
Saturday, November 19, 2011
တန်ဖိုးရှိသော ပြိုင်ပွဲ
တစ်ခါက ရွာငယ်လေးတစ်ရွာမှာ အားကစားအလွန်လိုက်စားတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အရွယ်အားဖြင့်လည်း ဆယ်ကျော်သက်အရွယ်ဆိုတော့ သိပ်ကို လန်းဆန်းတက်ကြွနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အဲဒီရွာငယ်လေးမှာ အပြေးပြိုင်ပွဲတစ်ခု ကျင်းပဖို့ ရွာလူကြီးတွေက စီစဉ်ကြပါတယ်။ အဲဒီအခါ အားကစားအရမ်းလုပ်ချင်တဲ့ ယှဉ်ပြိုင်အနိုင်ရဖို့ သွေးဆာနေတဲ့ ကောင်လေးတစ်ယောက် အရမ်းကို သဘောကျနေပါတော့တယ်။
ဒီလိုနဲ့ ပြိုင်ပွဲနေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း များသလို၊ အားပေးကြတဲ့သူတွေနဲ့ ပြိုင်ပွဲဟာ အင်မတန်ကို စည်ကားနေပါတော့တယ်။ လက်ခေါက်မှုတ်ပြီး အားပေးတဲ့သူက အားပေး၊ ဝီစီမှုတ်ပြီး အားပေးသံတွေ၊ ကိုယ်အားပေးမယ့်သူရဲ့ နာမည်ကို တွင်တွင်ခေါ်သံတွေနဲ့ ပြိုင်ပွဲဟာ တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်နေပါတော့တယ်။ အားပေးတဲ့ ပရိတ်သတ်တွေထဲမှာ ပညာဥာဏ်နဲ့ ပြည့်စုံတဲ့ အဘိုးအို တစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ပြိုင်နေကြပါပြီ။ ငြင်းသံခုန်သံ အော်ဟစ်သံ ကလည်း ပိုပြီး ဆူညံနေပါတော့တယ်။
Labels:
Stories
Friday, November 18, 2011
Glee: The 3D Concert Movie တေးစုသစ်လေး ခံစားကြည့်ရအောင်
နိုင်ငံတကာရုပ်သံဇာတ်လမ်းတွဲတွေကို နှစ်သက်စွာကြည့်ရှုတတ်ကြတဲ့
လူငယ်တိုင်း အသည်းစွဲ Glee ရုပ်သံဇာတ်လမ်းတွဲ ထဲက သီချင်းကောင်းလေးတွေကို စုစည်းထားတဲ့
တေးအယ်လ်ဘမ်လို့ ဆိုနိုင်ပါတယ်။ Glee ရုပ်သံဇာတ်လမ်းတွဲဟာ ခေတ်လူငယ် တွေကို ထင်ဟပ်ပုံဖော်ပေးထားတဲ့
ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ နာမည်ကျော်သီချင်းတွေကို ဇာတ်လမ်းတွဲပါ ဇာတ်ကောင်တွေ က ပြန်လည်သီဆိုတဲ့
တေးဂီတဇာတ်မြူး ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်တာမို့ ဂီတချစ်သူလူငယ်တွေကြားမှာလည်း အထူးရေပန်းစားပါတယ်။
ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကြီးမားခဲ့တာမို့ အဲဒီဇာတ်လမ်းတွဲကို ပြဇာတ်အသွင်နဲ့တောင်
ဖျော်ဖြေတင်ဆက်ခဲ့ရတာမျိုးတွေရှိလာပါတယ်။
Labels:
Music Album Reviews
Thursday, November 17, 2011
သီချင်းများနဲ့ ပြန်လည်အသက်ဝင်လာတဲ့ Pop မင်းသမီးလေး BRITNEY SPEARS
စကားချီး - အခုဖော်ပြမယ့် ဆောင်းပါးလေးက ကမ္ဘာကျော်တေးသံရှင် Britney Spears နဲ့ အင်တာဗျူးထားသမျှ ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ထုတ် The Chic မဂ္ဂဇင်း မှာလည်း ဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်ရေးသားခဲ့သမျှကို ပြန်လည်စုစည်းထားချင်တဲ့ ဆန္ဒနဲ့ ကျွန်တော့ Blog မှာ တင်လိုက်တာပါ။
ဘဝဆိုတာ အမြဲ အတက်အကျတွေနဲ့ ဆန်းကြယ်အံ့အားသင့်စရာ
ကောင်းလွန်းတဲ့ အရာပါ။ အောင်မြင်ခြင်းဆိုတာကို ငယ်ငယ်ရွယ်ရွယ်နဲ့ လူတကာအားကျလောက်အောင်
ရယူနိုင်ခဲ့ပြီး ကံဇာတ်ဆရာရဲ့မှော်ဆရာလို လှည့်စားချက်မှာ အဆိုးတွေချည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့
Pop ဂီတလောကရဲ့ ရွှေမင်းသမီးလေးကတော့ Britney Spears ပါ။ အချစ်မှာ ကံဆိုးပြီးရင်းဆိုးခဲ့ရတော့
ကလေးနှစ်ယောက်အမေအဖြစ်နဲ့ ရပ်တည်နေရင်းက ဘဝရဲ့ အလှည့်အပြောင်းဒါဏ်ကို ရူးသွပ်နေသူတစ်ယောက်လို
လုပ်ချင်တာတွေလုပ်ပစ်ပြီး လူတိုင်းက အံ့အားသင့်စရာ ဖြစ်သွား စေခဲ့ပြန်တဲ့ Britney
Spears ကို ဂီတလောကမှာတော့ နေရာပျောက်သွားပါပြီလို့ မှတ်ချက်ချခဲ့ကြပါတယ်။ ပြီးခဲ့တဲ့
၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Circus” ဆိုတဲ့ တစ်ကိုယ်တော်တေးစုကလည်း Britney ရဲ့ ဂီတသမိုင်းမှာရောင်းအားအကျဆုံးတေးစုတစ်ခုဖြစ်သွားခဲ့တော့ ဒီမှတ်ချက်ဟာ တကယ်ပါလား လို့တွေးထင်နေတုန်းမှာပဲ၊
Britney Spears ရဲ့ ဘဝကံကြမ္မာက တစ်မျိုးပြောင်းလဲသွားပြန်ပါတယ်။ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို
တစ်လှည့်ပြန်လည် ရရှိလာစေဖို့ စွမ်းဆောင်ပေးလိုက်တာကတော့ အသစ်ထွက်ရှိလာတဲ့ သူမရဲ့ တေးစု
“Femme Fatale” ပဲ ဖြစ်ပါတယ်။
ခုဆိုရင် အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Britney Jean Spears ဟာ
ဂီတလောကကို ၁၉၉၉ ခုနှစ်မှာ “… Baby One More Time” တေးစုနဲ့ ဝင်ရောက်လာခဲ့သူပါ။ ဂီတသက်တမ်း
တစ်လျှောက် တစ်ကိုယ်တော် တေးစုပေါင်း ခုနစ်ခု တိတိကို ထုတ်ဝေနိုင်ခဲ့ပြီး သားတစ်ဦးနဲ့
သမီးတစ်ဦး မွေးဖွားထားတဲ့ မိခင်လည်းဖြစ်တာမို့ ဂီတလောကနဲ့ အဆက်အသွယ် ကျဲနေသူလည်းဖြစ်ခဲ့ပါတယ်။ “Blackout”တေးစုနောက်ပိုင်းမှာ ဂီတလောကထဲပြန်လည် အချိန်ပေးနိုင်ခဲ့ပေမယ့်
“Circus”တေးစုကတော့ ထင်သလောက် မသွားခဲ့ပြန်ပါဘူး။ ခုထွက်ထားတဲ့တေးစုသစ်ကတော့ အခြေအနေ
ကောင်းတယ် လို့ ဆိုရပါမယ်။ သီချင်းတိုင်းကလည်း စိတ်ဝင်စားစရာ ဂီတသစ်ပုံစံတွေနဲ့ပါ။
အရင်တေးစုတွေနဲ့ မတူတဲ့ ခြားနားတဲ့ အကတေးစုလေးအဖြစ် ဖန်တီးထားပါတယ်။ Britney ဟာ သူမရဲ့
အလုပ်ပေါ် တကယ်လည်း အာရုံစိုက်ပြီး လုပ်ခဲ့သလို သူမရဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက်
လက်ရှိအောင်မြင်နေတဲ့ Lady GaGa၊ Katy Perry၊ Rihanna၊ Ke$ha တို့ထက် သာလွန်ကောင်းမွန်တဲ့
ဂီတပုံစံနဲ့ သီချင်းတွေဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။
အခုလက်ရှိအောင်မြင်နေတဲ့ “Hold It Against Me” နဲ့ “Till
The World Ends” သီချင်းတွေ ပါဝင်တဲ့ “Femme Fatale” တေးစုသစ် ကို ပြီးခဲ့တဲ့ မတ်လ
၂၉ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး ကလို့ကောင်းမယ့် သီချင်းပုံစံ ထည့်ထားတယ် ဆိုပေမယ့်
တခြားအကသီချင်းတွေနဲ့ ကွဲပြားပြီး ခေတ်ရှေ့ပြေးနေအောင် ကြိုးစားဖန်တီးတင်ဆက်ထားပါတယ်။
ဒီတေးစုလေးနဲ့ ပတ်သက်လို့ Britney Spears ကို ကမ္ဘာကျော် Rolling Stone ဂီတမဂ္ဂဇင်းက
Steve Knopper က တွေ့ဆုံ စကားပြောထားသမျှကို The Chic မဂ္ဂဇင်းစာရှုသူတွေအတွက် တင်ပြပေးလိုက်ရပါတယ်။
Labels:
Interview
အင်းရွာငယ်လေးသို့ အလည်တစ်ခေါက်
အမှတ်တရဆိုတာမျိုးက လုပ်ကြံ ဖန်တီးယူလို့မရတာမျိုးပါ။ ကျနော်ဘဝမှာ
ကြုံဆုံခဲ့ရတဲ့ အမှတ်တရတွေ အများကြီးထဲက အင်းလေးဒေသရဲ့ ရွာငယ်လေးတစ်ခုဆီ
အလည်ရောက်ခဲ့ပုံလေးကတော့ တကယ့်ကို အမှတ်တရကြီးပါ။
အင်းလေးကို လူတိုင်းနီးနီး ရောက်ဖူးကြမှာပါ။ မရောက်ဖူးသေးရင်တောင် ရောက်အောင်သွားမယ်လို့ အားခဲထားကြတဲ့ မြန်မာတွေအများကြီးပါပဲ။ ကျနော်လည်း အရမ်းသွားချင်ခဲ့တဲ့ နေရာလေးတစ်ခုပါ။ ဒါပေမယ့် ကျနော်ကတော့ မထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်ဘဲနဲ့ ရောက်သွားလိုက်ရပါတယ်။ တောင်ကြီးခရီးကို တစ်နေ့တစ်ည ကားစီးလာရတာကြောင့် ခရီးရောက်မစိုက် အင်းလေးသွားခွင့်ကြုံတယ်လို့ ဝမ်းပန်းတသာလာပြောတဲ့ မိတ်ဆွေ အစ်မရဲ့ စကားကို ကျနော် မပျော်နိုင်ခဲ့ပါဘူး။ တစ်ညလုံး အိပ်ပျက်ထားတာမို့ ခုညတော့ ကောင်းကောင်းအိပ်ပြီး နေမြင့်မှ ထမယ်လို့ စိတ်ကူးထားတာကြောင့် နောက်နေ့ မနက်အစောကြီး ထသွားရမယ့် အင်းလေးကို မလိုက်ချင်ပါဘူး။ ဒါပေမယ့်လည်း ငြင်းမရတဲ့ အကြောင်းတွေနဲ့ ကျနော်ဟာ နောက်တစ်နေ့ မနက် ၄း၀၀ မှာ အဝတ်အစားလဲပြီး အသင့် စောင့်နေခဲ့ရပါတယ်။
အင်းလေးကို လူတိုင်းနီးနီး ရောက်ဖူးကြမှာပါ။ မရောက်ဖူးသေးရင်တောင် ရောက်အောင်သွားမယ်လို့ အားခဲထားကြတဲ့ မြန်မာတွေအများကြီးပါပဲ။ ကျနော်လည်း အရမ်းသွားချင်ခဲ့တဲ့ နေရာလေးတစ်ခုပါ။ ဒါပေမယ့် ကျနော်ကတော့ မထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်ဘဲနဲ့ ရောက်သွားလိုက်ရပါတယ်။ တောင်ကြီးခရီးကို တစ်နေ့တစ်ည ကားစီးလာရတာကြောင့် ခရီးရောက်မစိုက် အင်းလေးသွားခွင့်ကြုံတယ်လို့ ဝမ်းပန်းတသာလာပြောတဲ့ မိတ်ဆွေ အစ်မရဲ့ စကားကို ကျနော် မပျော်နိုင်ခဲ့ပါဘူး။ တစ်ညလုံး အိပ်ပျက်ထားတာမို့ ခုညတော့ ကောင်းကောင်းအိပ်ပြီး နေမြင့်မှ ထမယ်လို့ စိတ်ကူးထားတာကြောင့် နောက်နေ့ မနက်အစောကြီး ထသွားရမယ့် အင်းလေးကို မလိုက်ချင်ပါဘူး။ ဒါပေမယ့်လည်း ငြင်းမရတဲ့ အကြောင်းတွေနဲ့ ကျနော်ဟာ နောက်တစ်နေ့ မနက် ၄း၀၀ မှာ အဝတ်အစားလဲပြီး အသင့် စောင့်နေခဲ့ရပါတယ်။
Labels:
Travel and Living
Own The Night (LADY ANTEBELLUM) တေးစုအညွှန်း
ဘယ်တော့မှ တိမ်မြုပ်မသွားနိုင်တဲ့ ဂီတပုံစံတစ်ခုဖြစ်တဲ့
Country ဂီတနဲ့ တစ်ကမ္ဘာလုံးက တေးချစ်သူတွေကို ဖမ်းစားနိုင်ခဲ့တတဲ့ Lady Antebellum
အဖွဲ့ရဲ့ တေးအယ်လ်ဘမ်အသစ်တစ်ချုပ်က လူတိုင်းရဲ့ နှလုံးသားကို စွဲဆောင် ဖမ်းစားလိုက်ပြန်ပါပြီ။
“Own The Night” လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်မှာ Lady Antebellum အဖွဲ့ဟာ သူတို့ကို
အောင်မြင်မှုတွေအများကြီးပေးခဲ့တဲ့ “Need You Now” တေးအယ်လ်ဘမ်တုန်းက သီချင်းပုံစံလေးတွေနဲ့
ထပ်ပြီး ကြိုးစားတင်ဆက်လာပါတယ်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး
သီချင်း စုစုပေါင်း (၁၂) ပုဒ် ထည့်သွင်းပေးထားပါတယ်။ တေးအယ်လ်ဘမ်ထွက်ထွက်ချင်းပဲ
Billboard 200 နဲ့ Billboard Top Country စာရင်းအသီးသီးမှာ နံပါတ် တစ် နေရာ ချိတ်နိုင်လောက်အောင်ကို
အောင်မြင်မှုရသွားခဲ့တာမို့ နားဆင်ချင်စရာကြီး ဖြစ်နေတဲ့အပြင် ဂီတဝေဖန်ရေးဆရာတွေကလည်း
Lady Antebellum အဖွဲ့ရဲ့ အဆိုပညာဟာ အရင်တေးအယ်လ်ဘမ် နှစ်ခုထက် ပိုပြီးတိုးတက်လာတယ်လို့
ချီးကျူးထားတာမို့ ပိုပြီးစိတ်လှုပ်ရှားနားဆင်ချင်စရာ ဖြစ်နေပါတယ်။ သီချင်းအများစု ကတော့
စုံတွဲသီချင်းပုံစံလေးတွေ ဖြစ်ပြီး အချစ်သီချင်းကောင်းလေးတွေ ဖြစ်ကြပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲကနေ
စင်ဂယ်လ်သီချင်းတွေအဖြစ် ထုတ်ဝေလိုက်တဲ့ တေးသီချင်းနှစ်ပုဒ် We Owned The Night နဲ့
Just A Kiss တွေကလည်း တေးချစ်သူတွေကြား ချက်ချင်း အောင်မြင်သွားပြီး Billboard 100
နဲ့ Billboard Hot Country Songs စာရင်းတွေမှာ နေရာကောင်းတွေ အသီးသီးချိတ်လိုက်နိုင်ခဲ့ပါသေးတယ်။
When You Were Mine, Love I’ve Found In You နဲ့ Somewhere Love Remains တို့လို အချစ်သီချင်းကောင်းတွေလည်း
ကြည်ကြည်နူးနူး နားဆင်ကြရဦးမှာပါ။ Country သီချင်းချိုလေးတွေကို နှစ်သက်ကြတဲ့ လူငယ်
လူကြီးမရွေး လက်ခံနိုင်မယ့် တေးအယ်လ်ဘမ်အသစ်လေးက လာမယ့် ဂရမ်မီ ဆုပေးပွဲမှာလည်း ဆုပေါင်းများစွာ
ပိုင်ဆိုင်နိုင်ဦးမယ်လို့ ခန့်မှန်းရပါတယ်။
|
Own The Night (LADY ANTEBELLUM) Album
Mini-Info
|
|
|
ဂီတအမျိုးအစား
|
Country
|
|
လူကြိုက်များသည့်သီချင်းများ
|
1.
Just A Kiss
2.
We Owned The Night
3.
When You Were Mine
|
Labels:
Music Album Reviews
Friday, November 11, 2011
သိမ်ငယ်သူ့မျက်ရည် (ကဗျာ)
ဒီကဗျာလေးကို ရေးခဲ့တာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပါ။ ၅ နှစ်လောက်က
အတွေးအရေးဟာ အခုအချိန်မှာတော့ တစ်မျိုးတစ်မယ် ပြောင်းလဲခဲ့ပေမယ့်
အဲ့ဒီအချိန်လေးတစ်ခုကို ပြန်တမ်းတမိတဲ့ စိတ်တစ်ခုနဲ့ ဒီကဗျာလေးကို ဒီ
စာမျက်နှာပေါ် တင်လိုက်ပါတယ်။ ဒီကဗျာကို ပထမဆုံး Friendster မှာ စပြီး
တင်ခဲ့တာပါ။ Comment တွေ တော်တော်ရခဲ့တဲ့ အတွက် အရမ်းပျော်ခဲ့ဖူးပါတယ်။
တချို့တွေကလည်း ကျနော့ကဗျာလေးကို ကြိုက်ဖူးခဲ့ပေမယ့် ဒီစာသားတွေအားလုံးဟာ ကျနော့စိတ်ခံစားချက်တွေ မဟုတ်ဘူး။ That's all fake လို့ နာနာကျည်းကျည်း ပြန်ရေးသွားတာကြုံဖူးပါတယ်။ သေချာတာကတော့ ခုချိန်ထိ ကျနော် ဘယ်သူ့ကိုမှ စိတ်မနာစေခဲ့သေးပေမယ့် စိတ်နာစရာဖြစ်သွားခဲ့ရင်လည်း စိတ်မကောင်းပါဘူး။ အမှန်တော့ ဒီကဗျာဟာ ကျနော် တကယ်ဝမ်းနည်းစရာ ကြုံချိန်မှာ ရေးထားခဲ့တာပါဗျာ။
တချို့တွေကလည်း ကျနော့ကဗျာလေးကို ကြိုက်ဖူးခဲ့ပေမယ့် ဒီစာသားတွေအားလုံးဟာ ကျနော့စိတ်ခံစားချက်တွေ မဟုတ်ဘူး။ That's all fake လို့ နာနာကျည်းကျည်း ပြန်ရေးသွားတာကြုံဖူးပါတယ်။ သေချာတာကတော့ ခုချိန်ထိ ကျနော် ဘယ်သူ့ကိုမှ စိတ်မနာစေခဲ့သေးပေမယ့် စိတ်နာစရာဖြစ်သွားခဲ့ရင်လည်း စိတ်မကောင်းပါဘူး။ အမှန်တော့ ဒီကဗျာဟာ ကျနော် တကယ်ဝမ်းနည်းစရာ ကြုံချိန်မှာ ရေးထားခဲ့တာပါဗျာ။
Labels:
Poems
အစွန့်ပစ်ခံရခြင်းသည်….
ကျွန်တော်တို့တွေရဲ့ဘဝမှာ အရွယ်ကပေးတဲ့ ရင်ခုန်သံနဲ့ အချစ်တစ်ခုကို
ယုံကြည်စွာ မွေးဖွားသန့်စင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း
အကြောင်းမတိုက်ဆိုင်တဲ့အခါမှာ ချစ်သူရဲ့ ရက်ရက်စက်စက်စွန့်ပစ်ခြင်းကို
ရင်နင့်စွာခံစားခဲ့ကြရတယ်။ ကိုယ်ရဲ့ ချစ်သူက ကိုယ့်ကို
ပစ်ပယ်စွန့်ခွာသွားတဲ့အခါ ခံစားရတဲ့ ခံစားချက်ဘယ်လောက်ကြီးမားလဲ ဆိုတာ
အချစ်ကို ခံစားဖူးသူတိုင်း သိကြမှာပါ။ ခုချိန်ထိ ချစ်သူရဲ့
စွန့်ခွာသွားခြင်းမခံရသေးသည့်တိုင် လက်ရှိတွဲနေတဲ့ ချစ်သူကများ ငါ့ကို
စွန့်ခွာသွားရင် ငါ ဘယ်လိုခံစားရမလဲလို့ တွေးကြည့်လိုက်ရုံနဲ့တင်
မြင်သာထင်သာရှိပါတယ်။ ဒါဟာ ချစ်သူရဲ့ စွန့်ပယ်ခံရမှုပါ။ ဒါပေမယ့်
ချစ်သူဆိုတာကတော့ အစားထိုးမယ်ဆိုရင် အစားထိုးလိုက်လို့ရတဲ့
အရာတစ်ခုဆိုတာလည်း ကျွန်တော်တို့အားလုံး သိထားပြီးသားပါပဲလေ။
ဒါဖြင့်ရင် အစားထိုးလို့ မရတဲ့သူက ကျွန်တော်တို့ကို စွန့်ပစ်သွားတဲ့အခါမှာဆို ကျွန်တော်တို့တွေ ဘယ်လောက်တောင် ခံစားလိုက်ရမလဲဆိုတာ တွေးကြည့်ဖူးပါသလား။
Labels:
Articles
ကျွန်တော့ ဖေဖေ
ဖေဖေ....
ကျွန်တော် ဒီလိုခေါ်နိုင်ခွင့် မရတော့တာ နှစ်နှစ်တိတိတောင်ရှိသွားခဲ့ပြီ။
မေလ ၃၀ ရက်....
ဒီနေ့ဟာ ဖေဖေသာရှိနေဦးမယ်ဆိုရင် ဖေဖေရဲ့ မင်္ဂလာရှိတဲ့မွေးနေ့လေး ဖြစ်မှာပေါ့။
ကျွန်တော်ဘဝမှာ
သေခြင်းတရားဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်တဲ့ အကြောင်းအရာလေးတစ်ခု အဖြစ်သာ
သိထားခဲ့ပါတယ်။ ဆွေမျိုးသားချင်းထဲက နီးနီးစပ်စပ်ဆိုလို့ အမေရဲ့မောင်
တစ်ယောက်သာ အသက်ငယ်ငယ်နဲ့ တိမ်းပါးဖူးခဲ့ပါတယ်။ ဒါပေမယ်လည်း ကိုယ်နဲ့
သိပ်မဆိုင်သလိုပဲ ခံစားထားခဲ့တာမို့ မေ့မေ့လျော့လျော့ပါပဲ။ ဒါပေမယ့် ခုလို
ကိုယ်နေထိုင်တဲ့ အိမ်အဝန်းဝိုင်းထဲက၊ ကိုယ့်ရဲ့ အရင်းနီးဆုံးသူထဲက
သေသွားတယ်ဆိုတာမျိုးကို ဖေဖေ ဆုံးတဲ့အချိန်မှ စပြီး ကြုံခဲ့ရတာပါ။
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဆင်းရဲဆင်းရဲ၊ မာနတွေခေါင်ခိုက်နေပါစေ...
အချိန်တန်တော့လည်း လူတိုင်းဟာ ဒီလမ်းကို တစ်နေ့သွားရတော့တာပါပဲလေ။
Labels:
Articles
ချစ်သူသို့ ... (ကဗျာ)
မညီတဲ့ ထမ်းပိုး...
စကတည်းက ယဲ့ယဲ့ပဲမို့....
ချစ်ခဲ့မိသူသာ... အပြစ်ရှိခဲ့တယ်ဆိုရင်...
မင်းရော ငါရော ဟာ...အပြစ်မကင်းတဲ့သူတွေချည်းပဲပေါ့ ချစ်သူရယ်...
ခွဲခွာဖို့စိတ်ကူး ဦးဆုံးကို မတွေးခဲ့ဘူးသူက...
ရင်မှာ နင့်အောင် ကြေကွဲပြီး....
လူမသိတဲ့ တိတ်တဆိတ် လမ်းခွဲမှာတော့....
ကဲ... မငိုနဲ့ ချစ်သူ....
စကတည်းက ယဲ့ယဲ့ပဲမို့....
ချစ်ခဲ့မိသူသာ... အပြစ်ရှိခဲ့တယ်ဆိုရင်...
မင်းရော ငါရော ဟာ...အပြစ်မကင်းတဲ့သူတွေချည်းပဲပေါ့ ချစ်သူရယ်...
ခွဲခွာဖို့စိတ်ကူး ဦးဆုံးကို မတွေးခဲ့ဘူးသူက...
ရင်မှာ နင့်အောင် ကြေကွဲပြီး....
လူမသိတဲ့ တိတ်တဆိတ် လမ်းခွဲမှာတော့....
ကဲ... မငိုနဲ့ ချစ်သူ....
Labels:
Poems
ပဲ့တင်သံပမာ ဘဝဆိုတာ…
တစ်ခါက သားအဖ နှစ်ယောက်သား တောင်တန်းတွေကြား
လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ တစ်နေရာမှာ သားဖြစ်သူက ရုတ်တရက်ချော်လဲသွားပြီး
လဲသွားလို့ခံစားရတဲ့နာကျင်မှုကြောင့် “အား!” လို့ စူးစူးလေး
အော်လိုက်မိတယ်။
ဒီအချိန်မှာပဲ တောင်တန်းတစ်နေရာကနေ
သူအော်လိုက်တဲ့ အသံနဲ့ထပ်တူ “အား!” ဆိုတဲ့အသံကို သားဖြစ်သူက အံ့သြတကြီး
ကြားလိုက်ရတယ်။
Labels:
Stories
အခင်ဆုံးသူငယ်ချင်းက ပါးရိုက်တယ်။ ပြီးတော့အသက်ကယ်ခဲ့တယ်။
ဒီအကြောင်းအရာလေးကတော့ သဲကန္တာရကို ဖြတ်ပြီး ခရီးသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အကြောင်းလေးပါ။
သူငယ်ချင်းနှစ်ယောက်ဟာ ခရီးသွားရင်း တစ်နေရာအရောက်မှာ အကြောင်းအရာတစ်ခုကို ငြင်းခုံကြရင်း စကားအချေအတင် ဖြစ်ကြတယ်။ ဒီတော့ တစ်ယောက်သော သူငယ်ချင်းက အခြားတစ်ယောက်ရဲ့ ပါးကို ရိုက်လိုက်မိတယ်။
ပါးအရိုက်ခံလိုက်ရတဲ့ သူငယ်ချင်းက ကိုယ်ရော၊ စိတ်ပါ နာကျင်ခံစားသွားရတယ်။ ဒါပေမယ့် ဘာတစ်ခုမှ ပြန်မပြောဘဲ သဲပေါ်မှာ.....
"ဒီနေ့ ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းက ငါ့ကို ပါးရိုက်တယ်။" လို့ ရေးလိုက်တယ်။
သူငယ်ချင်းနှစ်ယောက်ဟာ ခရီးသွားရင်း တစ်နေရာအရောက်မှာ အကြောင်းအရာတစ်ခုကို ငြင်းခုံကြရင်း စကားအချေအတင် ဖြစ်ကြတယ်။ ဒီတော့ တစ်ယောက်သော သူငယ်ချင်းက အခြားတစ်ယောက်ရဲ့ ပါးကို ရိုက်လိုက်မိတယ်။
ပါးအရိုက်ခံလိုက်ရတဲ့ သူငယ်ချင်းက ကိုယ်ရော၊ စိတ်ပါ နာကျင်ခံစားသွားရတယ်။ ဒါပေမယ့် ဘာတစ်ခုမှ ပြန်မပြောဘဲ သဲပေါ်မှာ.....
"ဒီနေ့ ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းက ငါ့ကို ပါးရိုက်တယ်။" လို့ ရေးလိုက်တယ်။
Labels:
Stories
အချစ်တစ်ခု ငတ်မွတ်ခြင်း (ကဗျာ)
ငယ်ငယ်က သိခဲ့တဲ့ ဘ နဲ့ ဝ ဟာ ကျောင်းဖတ်စာထဲမှာ
ကျန်ရစ်ရင်း… ကျန်ရစ်ရင်း… နဲ့
ငါဟာ
ဘဝ ကို ခုချိန်မှာ ကောင်းကောင်းကြီး နားလည်တတ်ခဲ့ပြီ။
ခြစ်တတ်ခြင်းနဲ့ စခဲ့တဲ့ ငါ့လက်ရေးဟာလည်း ဗလာစာအုပ်တွေထဲ
ကျန်ရစ်ရင်း… ကျန်ရစ်ရင်း… နဲ့
ငါဟာ
အချစ် ကို ခုတော့ ကောင်းကောင်းကြီး သိတတ်နေခဲ့ပြီ။
နားလည်ခဲ့သမျှ အရာအားလုံးအတွက်
ခံစားစရာ တစ်စုံတရာ ကြုံလာခဲ့ရင်
မျက်ရည်မကျတတ်အောင်လည်း ငါ အံ့ကြိတ်ခံတတ်နေပြီပဲ။
ဒါဟာ ဘဝ ဆိုတာလား…
ဒါဟာပဲ အချစ် ဆိုတာလား…
ကြုံရသမျှ အကောင်းလို့ စိတ်ထဲမှတ်ယူရင်း၊ ခံနိုင်ရည်မွေးခဲ့တဲ့
ငါဟာ
အားပေးမယ့်သူကိုတော့ စောင့်မျှော်နေဆဲပါ။
သီဟလုလင်
(မေလ ၁၀ ရက်နေ့၊ ၂၀၀၆ ခုနှစ်)
မှတ်ချက်။ ။ ဟိုးတုန်းက ရေးထားခဲ့ဖူးတဲ့ ကဗျာစာအုပ်လေး စာအုပ်စင်ရှင်းရင်း ပြန်တွေ့လို့ အဲဒီကဗျာစာအုပ်ထဲက တချို့ကဗျာလေးတွေ ပြန်တင်ဖြစ်တာပါ။
Labels:
Poems
Subscribe to:
Comments (Atom)






























