ရင်ဖွင့်ချင်တယ်....
သနားလိုက်တာလို့တော့ မင်းမပြောနဲ့
ငါမယုံဘူး။
ကွယ်ရာ လှိမ့်ရယ်နေမှာ သိနေတယ်။
စာနာစိတ်လည်းမရှိဘူး....ငါ့ကိုလည်း ထည့်မစဉ်းစားဘူး။
ငါမှိုင်နေရင် အားပေးဖို့တောင် မင်းသတိမရခဲ့ဘူး။
မညာပါနဲ့။
တခြားမျက်နှာကို ပြုံးပျော်စေမှာ သိနေတယ်။
အချိန်မရှိဘူး။ မင်းမသိတာလည်း မဟုတ်ဘူး။
ဒါပေမယ့် ... ဟန်ဆောင်ပြုံးပြဖို့တောင် စိတ်မ၀င်စားဘူး။
နင်းလျှောက်နိုင်ဖို့ လမ်းဖြစ်ပေးတာတောင်....
ခဲဆူးလို့ဆို ... ခြေဆောင့်နင်းတတ်တာ အသည်းနာတယ်ကွာ။
ရင်ဘတ်ကအောင့်ပေမယ့်...
အကြွေးရှိသမျှ ပေးဆပ်ဖို့က ကျန်နေသေးလို့...
ငါတော့ လမ်းလုပ်နေရဦးမှာပါ၊
သီဟလုလင်
*
မှတ်ချက် - ၂၀၀၆ ခုနှစ်က Website တစ်ခုမှာ (Planet ဖြစ်မယ်ထင်ပါတယ်)
ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ ဒီကဗျာလေးကိုတော့ ခု ပြန်ဖတ်ချိန်မှာလည်း
ကြိုက်မိပါတယ်။ ဘယ်လို စိတ်ကူးတွေ၊ ခံစားချက်တွေနဲ့ ရေးမိမှန်း ခုချိန်မှာ
ပြန်စဉ်းစားလို့ကို မရတော့အောင်ပါပဲ။ စိတ်နာခဲ့ဖူးတယ်ထင်တယ်။ :D
0 comments:
Post a Comment