Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, November 17, 2011

Own The Night (LADY ANTEBELLUM) တေးစုအညွှန်း

ဘယ်တော့မှ တိမ်မြုပ်မသွားနိုင်တဲ့ ဂီတပုံစံတစ်ခုဖြစ်တဲ့ Country ဂီတနဲ့ တစ်ကမ္ဘာလုံးက တေးချစ်သူတွေကို ဖမ်းစားနိုင်ခဲ့တတဲ့ Lady Antebellum အဖွဲ့ရဲ့ တေးအယ်လ်ဘမ်အသစ်တစ်ချုပ်က လူတိုင်းရဲ့ နှလုံးသားကို စွဲဆောင် ဖမ်းစားလိုက်ပြန်ပါပြီ။ “Own The Night” လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်မှာ Lady Antebellum အဖွဲ့ဟာ သူတို့ကို အောင်မြင်မှုတွေအများကြီးပေးခဲ့တဲ့ “Need You Now” တေးအယ်လ်ဘမ်တုန်းက သီချင်းပုံစံလေးတွေနဲ့ ထပ်ပြီး ကြိုးစားတင်ဆက်လာပါတယ်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး သီချင်း စုစုပေါင်း (၁၂) ပုဒ် ထည့်သွင်းပေးထားပါတယ်။ တေးအယ်လ်ဘမ်ထွက်ထွက်ချင်းပဲ Billboard 200 နဲ့ Billboard Top Country စာရင်းအသီးသီးမှာ နံပါတ် တစ် နေရာ ချိတ်နိုင်လောက်အောင်ကို အောင်မြင်မှုရသွားခဲ့တာမို့ နားဆင်ချင်စရာကြီး ဖြစ်နေတဲ့အပြင် ဂီတဝေဖန်ရေးဆရာတွေကလည်း Lady Antebellum အဖွဲ့ရဲ့ အဆိုပညာဟာ အရင်တေးအယ်လ်ဘမ် နှစ်ခုထက် ပိုပြီးတိုးတက်လာတယ်လို့ ချီးကျူးထားတာမို့ ပိုပြီးစိတ်လှုပ်ရှားနားဆင်ချင်စရာ ဖြစ်နေပါတယ်။ သီချင်းအများစု ကတော့ စုံတွဲသီချင်းပုံစံလေးတွေ ဖြစ်ပြီး အချစ်သီချင်းကောင်းလေးတွေ ဖြစ်ကြပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲကနေ စင်ဂယ်လ်သီချင်းတွေအဖြစ် ထုတ်ဝေလိုက်တဲ့ တေးသီချင်းနှစ်ပုဒ် We Owned The Night နဲ့ Just A Kiss တွေကလည်း တေးချစ်သူတွေကြား ချက်ချင်း အောင်မြင်သွားပြီး Billboard 100 နဲ့ Billboard Hot Country Songs စာရင်းတွေမှာ နေရာကောင်းတွေ အသီးသီးချိတ်လိုက်နိုင်ခဲ့ပါသေးတယ်။ When You Were Mine, Love I’ve Found In You နဲ့ Somewhere Love Remains တို့လို အချစ်သီချင်းကောင်းတွေလည်း ကြည်ကြည်နူးနူး နားဆင်ကြရဦးမှာပါ။ Country သီချင်းချိုလေးတွေကို နှစ်သက်ကြတဲ့ လူငယ် လူကြီးမရွေး လက်ခံနိုင်မယ့် တေးအယ်လ်ဘမ်အသစ်လေးက လာမယ့် ဂရမ်မီ ဆုပေးပွဲမှာလည်း ဆုပေါင်းများစွာ ပိုင်ဆိုင်နိုင်ဦးမယ်လို့ ခန့်မှန်းရပါတယ်။

Own The Night (LADY ANTEBELLUM) Album Mini-Info
ဂီတအမျိုးအစား
Country
လူကြိုက်များသည့်သီချင်းများ
1. Just A Kiss
2. We Owned The Night
3. When You Were Mine

0 comments: