မကြာမီဆိုရင် ခရစ္စမတ်ပွဲတော်ကြီးကရောက်လာပါတော့မယ်။ မြန်မာနိုင်ငံမှာတော့ နှင်းတွေ ဝေနေအောင် မကျပေမယ့် အေးမြတဲ့ ဆောင်းရာသီရဲ့ အရသာကို အနည်းနဲ့အများတော့ ခံစားကြရပါတယ်။ ဒီလိုအချိန်တိုင်းမှာ နားဆင်လို့ မရိုးနိုင်တဲ့ ခရစ္စမတ်တေးကောင်းလေးတွေကို ခံစားနားဆင်လိုသူတွေအတွက် သီချင်းအယ်လ်ဘမ်လေးတွေ စုစည်းတင်ပြပေးလိုက်ရပါတယ်။ ဒီတေးအယ်လ်ဘမ်တွေကို ကိုယ်တိုင်နားဆင်ဖို့ ဝယ်ယူလိုရင်ဖြစ်ဖြစ်၊ ခရစ္စမတ်လက်ဆောင်ပေးဖို့ ဝယ်ယူလိုရင်ဖြစ်ဖြစ်၊ ဗိုလ်ချုပ်ဈေးက S N' W တေးသံသွင်းနဲ့ နာမည်ကျော် Super Mart တိုင်းမှာ CD II တံဆိပ်နဲ့ ရွေးချယ်ဝယ်ယူနိုင်ပါပြီလို့ သတင်းကောင်းလေး ပါးပါရစေ။
A Canadian Christmas 4 (VARIOUS ARTISTS)
ရာသီစာ ခရစ္စမတ်သီချင်းအယ်လ်ဘမ်လေးတွေ နားဆင်လိုသူများအတွက်
ဒီတစ်လတော့ ခရစ္စမတ်တေးအယ်လ်ဘမ်တွေ ညွှန်းဆိုပေးချင်ပါတယ်။ ကနေဒီးယန်းလူမျိုးတစ်ယောက်ရဲ့
ခရစ္စမတ်ဟာ ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုတော့ ဒီတေးအယ်လ်ဘမ်ထဲမှာ နားဆင်ရှာဖွေနိုင်မှာပါ။
ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်သီဆိုထားကြတဲ့ အဆိုတော်တွေ အားလုံးဟာ ကမ္ဘာကျော်တေးသံရှင်တွေအဖြစ်အောင်မြင်နေကြတဲ့ ကနေဒီးယန်း လူမျိုးတွေပါ။ ဒါကြောင့်လည်းတေးအယ်လ်ဘမ်ကို ဒီခေါင်းစီးပေးထားတာဖြစ်ပြီး
ခုမိတ်ဆက်ပေးချင်တာက စတုတ္ထမြောက်အတွဲပဲဖြစ်ပါတယ်။ ပါဝင်တဲ့ သီချင်းလေးတွေကလည်း ခေတ်အဆက်ဆက်
ကျော်ကြားခဲ့တဲ့ ခရစ္စမတ်သီချင်းကောင်းတွေဖြစ်ပြီး မတူညီတဲ့ ပုံစံသစ်တွေနဲ့ ပြန်လည်ခံစားနိုင်ကြမှာပါ။
Diana Krall, Serena Ryder, Matt Dusk, Theresa Sokyrka, Sarah McLachlan, Suzie
McNeil, Colin James & The Little Big Band, Ron Sexsmith, Anne Murray, Great
Big Sea, Justin Hines, Take Three, The Band, Loreena McKennitt, The Canadian
Tenors နဲ့ Jann Arden တို့ ပါဝင် သီဆိုထားကြပြီး နာမည်ကျော် ခရစ္စမတ်နောက်ခံ အချစ်အလွမ်းတေးတွေဖြစ်တဲ့
Baby, It’s Cold Outside, I’ll Be Home For Christmas စတဲ့သီချင်းတွေအပြင် ဂုဏ်တော်ကျူးဧ
သီချင်းတွေဖြစ်တဲ့ Silent Night စတဲ့ သီချင်းကောင်းတွေ လည်း ပါဝင်ပါတယ်။ Bring The
Boys Home သီချင်းကိုတော့ Jann Arden က Holiday Remix ပုံစံ တင်ဆက်ပြီး တေးအယ်လ်ဘမ်ရဲ့
အပိတ်သီချင်းအဖြစ် ထည့်သွင်းပေးထားတာကို နားဆင်ကြရမှာပါ။ ကနေးဒီးယန်း အဆိုတော်တွေရဲ့
ခရစ္စမတ်တေးသီချင်းများ စုစည်းမှုတေးအယ်လ်ဘမ်လေးက ရာသီအချိန်အခါနဲ့ လိုက်လိုက်ဖက်ဖက် ချိုချိုမြိန်မြိန်
နားဆင်ကြရမှာ ဖြစ်ပါတယ်။
A Canadian Christmas 4 (VARIOUS
ARTISTS) Album Mini-Info
|
|
ဂီတအမျိုးအစား
|
Pop,
Traditional, Contemporary
|
လူကြိုက်များသည့်သီချင်းများ
|
1.
Winter Wonderland
2.
Christmas Must Be Tonight
3.
I’ll Be Home For Christmas
|
From The Heart Christmas (VARIOUS ARTISTS)
လက်ရွေးစင်ခရစ္စမတ်တေးအယ်လ်ဘမ် နားဆင်လိုတဲ့တေးချစ်သူတွေ အတွက်
နာမည်ကျော်တေးသံရှင်တွေပါဝင်တဲ့ ခရစ္စမတ်တေး အယ်လ်ဘမ်တစ်ချပ်ကို ညွှန်းဆိုပေးချင်ပါတယ်။
ဒီတေးအယ်လ်ဘမ်ထဲက သီချင်းတွေကတော့ Pop နဲ့ Pop Rock ပုံစံလေးတွေပါ။ ခရစ္စမတ်သီချင်းတွေက
များသောအားဖြင့် ဟိုးတုန်းက သီချင်းကောင်းလေးတွေကို လက်ဆင့်ကမ်း သီဆိုလာခဲ့ကြတာမို့
Country သီချင်းပုံစံလေးတွေအများဆုံးဖြစ်နေတတ်တာကြောင့် ဒီတေးအယ်လ်ဘမ်ထဲမှာလည်း
Country ပုံစံသီချင်းလေးတွေ ပါဝင်ပါသေးတယ်။ Rod Thomas, Michael Buble, All-4-One,
Sugar Ray တို့လို လူသိများတဲ့ တေးသံရှင်တွေပါဝင်သလို Tomi Swick, Trans-Siberian
Orchestra, Chris Rea, Chicago, Ron Sexsmith, Jim Cuddy, Randy Travis, Dwight
Yoakam, Honeymoon Suite, Howard Jones, Spirit Of The West တို့လည်း ပါဝင်ပါသေးတယ်။
ဒီတေးအယ်လ်ဘမ်ထဲက သီချင်းတွေကတော့ ခရစ္စမတ်သီချင်းအဟောင်းတွေ များပြီး သီချင်းအသစ်တချို့လည်း
ပါဝင်ပါတယ်။ နာမည်ကျော်ခရစ္စမတ်သီချင်းကောင်းတွေဖြစ်တဲ့ I’ll Be Home For
Christmas, Let It Snow! Let It Snow! Let It Snow!, Winter Wonderland, The
Christmas Song (Chestnuts Roasting On An Open Fire) စတဲ့သီချင်းတွေ ပါဝင်ပြီး
Jum Cuddy က Country ပုံစံလေးနဲ့ New Year’s Eve နှစ်သစ်ကြိုသီချင်းကို သီဆိုပေးထားပါသေးတယ်။
Santa Claus ကို ဂုဏ်ပြုဖွဲ့ဆိုထားတဲ့သီချင်းတွေလည်း ပါဝင်သေးပြီး နှစ်သက်မိတဲ့ သီချင်းကတော့
ဒီတေးအယ်လ်ဘမ်ကို စဖွင့်ဖွင့်ချင်း ကြားကြရမယ့် Rob Thomas ရဲ့ A New York
Christmas သီချင်းပါ။ ခရစ္စမတ်ကို သီချင်းလေးတွေနဲ့ ဆင်နွှဲချင်သူတိုင်းကို မဖြစ်မနေ
နားဆင်ကြည့်ပါဦးလို့ ညွှန်းဆိုပေး လိုက်ပါတယ်။
From The Heart (VARIOUS ARTISTS)
Album Mini-Info
|
|
ဂီတအမျိုးအစား
|
Pop,
Pop Rock, Country
|
လူကြိုက်များသည့်သီချင်းများ
|
1.
A New York Christmas
2.
I’ll Be Home For Christmas
3.
New Year’s Eve
|
All Wrapped Up (VARIOUS ARTISTS)
ဒီတစ်ခါတော့ လူငယ်ကြိုက်တေးသံရှင်တွေ များများစားစား
ပါဝင်တဲ့ ခရစ္စမတ်တေးအယ်လ်ဘမ်ကို တင်ပြပေးချင်ပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ လူငယ်ကြိုက်တေးသံရှင်တွေပါသလို
ခရစ္စမတ်တေးကောင်းလေးတွေကို လူငယ်ကြိုက်ဂီတပုံစံ တွေနဲ့ ခံစားနားဆင်ကြ ရမှာဖြစ်ပါတယ်။ တေးအယ်လ်ဘမ်ကို စဖွင့်လိုက်တာနဲ့ R & B ပုံစံအသစ်နဲ့ ဆန်းသစ်သီဆို ထားတဲ့ နာမည်ကျော်
White Christmas သီချင်းကို ကြားကြရမှာပါ။ ဒီသီချင်းကိုတော့ Honor Society အဖွဲ့က သီဆို
ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ Jesse McCartney, Jonas Brothers, Selena Gomez
& The Scene, Aly & AJ, Miley Cyrus, Demi Lovato စတဲ့ လူငယ်ကြိုက် အနုပညာရှင်တွေ
ပါဝင်ထားပြီး Jonas Brothers ရဲ့ ခရစ္စမတ်သီချင်းသစ် နှစ်ပုဒ်ကို ခံစားနားဆင်ကြရဦးမှာပါ။
သီချင်း စုစုပေါင်း (၁၄) ပုဒ် ပါဝင် ပါတယ်။ အစဉ်အလာမပျက် ခရစ္စမတ်သီချင်းဟောင်းတွေကို
ပုံစံပြောင်းပြန်ဆိုထားကြတာတွေလည်း ပါဝင်ပြီး White Christmas, Please Come Home
For Christmas, Winter Wonderland, Let It Snow!, Santa Claus Is Coming To Town စတဲ့
သီချင်းတွေကို ဒီက တေးချစ်သူတွေတော့ ရင်းရင်းနှီးနှီး ဖြစ်နေကြမှာပါ။ Selena Gomez
က Winter Wonderland ကို Rock အထာနဲ့ ပြောင်းလဲအသက်သွင်းထားပြီး Jesse McCartney က
Please Come Home For Christmas ကို ခံစားချက် အပြည့်နဲ့ ပြန်လည်သီဆိုထားပါတယ်။
Miley Cyrus ကတော့ ကလေးတွေ အရမ်းသဘောကျကြတဲ့ Santa Claus Is Coming To Town ကို ပေါ့ပေါ့ပါးပါးလေး
သီဆိုပေးထားတာမို့ တေးအယ်လ်ဘမ်တစ်ခုလုံးဟာ ကျေနပ်သဘောတွေ့ချင်စရာ ဖြစ်သလို နာမည်ကြီး
လူငယ်တေးသံရှင်တွေ ပါဝင်တာကြောင့်လည်း လူငယ်တွေ ပိုနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
ခရစ္စမတ် ရာသီမှာ လက်ဆောင်ပေးဖို့လည်း ကောင်းတာမို့ တင်ပြပေးလိုက်ရပါတယ်။
All Wrapped Up (VARIOUS ARTISTS)
Album Mini-Info
|
|
ဂီတအမျိုးအစား
|
Pop,
R & B, Rock, Punk, Country
|
လူကြိုက်များသည့်သီချင်းများ
|
1.
White Christmas
2.
Please Come Home For Christmas
3.
Santa Claus Is Coming To Town
|
Now Christmas! (VARIOUS
ARTISTS)
နာမည်ကြီးတေးသံရှင်တွေရဲ့ ခရစ္စမတ်သီချင်း အသစ်အဟောင်းတွေ
ပါဝင်တဲ့ တေးစုသစ်လေးတစ်ချပ်ကို ရာသီစာ နားထောင်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။ NOW ကနေ
ဒီလို လက်ရွေးစင်တေးစုတွေ မကြာခဏ ထွက်ရှိလာတတ်ပါတယ်။ ဒီတစ်ခါတော့ ထူးထူးခြားခြား ခရစ္စမတ်တေးသီချင်းများ
စုစည်းမှုပေါ့။ Lady GaGa ၊ Spice Girls ၊ Kylie Minogue ၊ Faith Hill စတဲ့ ဒီက တေးချစ်သူတွေ
ရင်းနှီးကျွမ်းဝင်ပြီးသား တေးသံရှင်နဲ့ တေးဂီတအဖွဲ့တွေအပါအဝင် Diana Krall ၊ The
Canadian Tenors ၊ Collective Soul ၊ Kreesha Turner ၊ KT Tunstall ၊ Nikki
Yanofsky ၊ Hayley Sales ၊ One More Girl ၊ Jann Arden ၊ Trans-Siberian Orchestra
နဲ့ Third Eye Blind တို့ရဲ့ သီချင်းပေါင်း ၁၅ ပုဒ်ကို နားဆင်ခံစားရမှာပါ။ ပါဝင်တဲ့ ခရစ္စမတ်တေးသီချင်းတွေကလည်း နာမည်ကြီးခဲ့တဲ့
ခရစ္စမတ်သီချင်းအဟောင်းတွေ၊ ဒီနှစ်ပိုင်းတွင်းမှာမှ ထွက်လာတဲ့ ခရစ္စမတ် သီချင်းအသစ်တွေလည်း
ပါဝင်ပါတယ်။ ခရစ္စမတ်သီချင်းအဟောင်းတွေပါတယ်ဆိုပေမယ့်လည်း သီဆိုတဲ့အဆိုတော်တွေက သူ့ဟန်
သူ့စတိုင်လ်နဲ့ အသစ်ပြန်ထွင်သီဆိုထားကြတာမို့ နားထောင်ရကောင်းပါတယ်။ Lady GaGa ရဲ့
Christmas Tree သီချင်းကတော့ သံစဉ်လေးက ချစ်ဖို့ကောင်းပေမယ့် ခရစ္စမတ်သီချင်း လို့ပြောရခက်ခက်ပါပဲ။
တစ်မျိုးအဓိပ္ပါယ် ထွက်နေသလားလို့ပါ။ Gospel သီချင်းတွေဖြစ်တဲ့ O Holy Night, Joy
To The World တို့လိုသီချင်းတွေပါဝင်သလို ခရစ္စမတ် နောက်ခံ အချစ်သီချင်းကောင်းလေးများစွာလည်း
ပါဝင်တဲ့ ရာသီစာတေးစုလေးတစ်ချပ်ပဲ ဖြစ်ပါတယ်။
A Very Special Acoustic Christmas (VARIOUS ARTISTS)
ခရစ္စမတ်သီချင်းအဟောင်းတွေကို နားအရသာအပြောင်းအလဲလေးနဲ့
ခံစားနိုင်ဦးမယ့်တေးစု တစ်ခုဖြစ်ပါတယ်။ ဒီတေးစုမှာတော့ ကမ္ဘာကျော် ဝါရင့်တေးသံရှင်အကျော်အမော်ကြီးတွေရဲ့
ခရစ္စမတ်သီချင်းဟောင်းတွေ အများကြီး ပါဝင်ပါတယ်။ ဒါပေမယ့် သီချင်းတွေကိုတော့
Acoustic Style လေးနဲ့ နားဆင်ကြရမှာပါ။ သီချင်းအားလုံးကို Acoustic Style လေးတွေချည်း
စုစည်းထားတာကလည်း သဘောတွေ့ချင်စရာပါပဲ။ Alan Jackson, Reba McEntire, Dan
Tyminski, Willie Nelson, Alison Krauss, Marty Stuart, Ralph Stanley, Patty
Loveless, Wynonna, Pat Green, Sam Bush, Ricky Skaggs, Rhonda Vincent, Tift
Merritt, Norah Jones တို့ရဲ့ သီချင်းတွေနဲ့ ဂီတပညာရှင် Earl Scruggs ရဲ့ ခရစ္စမတ်သံစဉ်တွေကို
နားဆင်ကြရမှာပါ။ ကမ္ဘာကျော် ခရစ္စမတ်တေးသီချင်း ၁၆ ပုဒ် ကို Acoustic ပုံစံနဲ့ အားပါးတရ
နားဆင်ရမယ့် ဒီတေးစုကို ခရစ္စမတ်ရာသီစာ နားဆင်လိုသူများအတွက် ညွှန်းဆိုပေးလိုက်ချင်ပါတယ်။
Smooth Jazz Christmas (VARIOUS ARTISTS)
ခရစ္စမတ်သီချင်းအဟောင်းတွေကိုနှစ်တွေသာပြောင်းခဲ့ပေမယ့်
ကျွန်တော်တို့တွေ မရိုးတမ်း နားထောင်ခဲ့ကြရတယ်။ အဆိုတော်တွေက သီချင်းတွေကို ပုံစံအမျိုးမျိုးနဲ့
သီဆိုခဲ့တာကြောင့်လည်း ခရစ္စမတ်တေးဟောင်းတွေကိုခေတ်မရွေး နားဆင် အကြိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ် ခရစ္စမတ်ရာသီအတွက် ခရစ္စမတ်သီချင်းဟောင်းတွေကို နားအရသာတစ်မျိုးနဲ့
နားဆင်နိုင်မယ့် Smooth Jazz Christmas တေးစုလေးနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ ခေါင်းစဉ်ကြည့်တာနဲ့
တန်းသိနိုင်လောက်ပါတယ်။ ဒီတေးစုထဲက ခရစ္စမတ်သီချင်းတွေက Jazz ဂီတပုံစံနဲ့ နားဆင်ကြရမယ့်
တေးသီချင်းတွေပဲ ဖြစ်ပါတယ်။ နူးညံ့တဲ့ Jazz ဂီတသံစဉ်တွေကြားမှာ ခရစ္စမတ်သီချင်းရဲ့ ထူးခြားတဲ့
အပြောင်းအလဲကို အေးမြတဲ့ ဆောင်းနှင်းတွေ ကြားက ခံစားခွင့်ရဦးမှာဖြစ်ပါတယ်။ ဒီတေးစုထဲမှာ
ခရစ္စမတ်သီချင်းတွေကို Jazz ဂီတသံမှာ အဆိုနဲ့ပေါင်းစပ် နားဆင်ရမှာဖြစ်သလို အဆိုမပါဘဲ
Instrumental သံစဉ်ချည်းသက်သက်လည်း ခံစားနိုင်ဦးမှာဖြစ်ပါတယ်။ တေးသီချင်းပေါင်း ၁၇
ပုဒ်တောင် ပါဝင်ထားပြီး သီချင်းအားလုံးက ခေတ်အဆက်ဆက်က နာမည်ကျော်ခဲ့တဲ့ ခရစ္စမတ်သီချင်းတွေ
ချည်းဖြစ်ပါတယ်။ Jazz ဂီတကိုချစ်တဲ့ ခရစ္စမတ်သီချင်းနားဆင်လိုသူတိုင်း နှစ်သက်နိုင်ဖို့
တင်ပြပေးလိုက်ပါတယ်။
သီဟလုလင်
0 comments:
Post a Comment