Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, July 29, 2012

အောင်မြင်ခြင်း ကောင်းကြီး မင်္ဂလာ (ဒေသနာတော်)


စာဖတ်သူများအားလုံးပဲ မင်္ဂလာရှိတဲ့နေ့ရက်လေး ဖြစ်ပါစေခင်ဗျာ။ ဒီတစ်ပတ် တနင်္ဂနွေမှာလည်း ခါတိုင်းလို အသင်းတော်နဲ့ အကြောင်းအမျိုးမျိုးကြောာင့် ဝေးနေရတဲ့ ယုံကြည်သူတိုင်း ခွန်အားယူနိုင်ဖို့ရာ ဝိညာဉ်ရေး အားပေးမယ့် ဒေသနာတော်တွေကို ဝေမျှတင်ပြပေးချင်ပါသေးတယ်။ ဆရာတော်ကြီးများ ဟောကြားခဲ့တဲ့ ဒီတရားဒေသနာတော်တွေကို ကျွန်တော့ Blog ပေါ်ကနေ တစ်ဆင့် ပြန်လည်ဝေမျှခွင့် ပေးတော်မူတဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်းနဲ့ ဒီနေ့တော့ ဆရာကြီး ဦးကပ်ခန့်ခုပ် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့က ဝေငှဟောကြားခဲ့တဲ့ "အောင်မြင်ခြင်း ကောင်းကြီးမင်္ဂလာ" ဒေသနာတော်ကို စာရှု့သူခရစ်ယာန်ဘာသာဝင်များအတွက် ထပ်ဆင့် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြားနာသူအယောက်စီ တိုင်း အား ဘုရားသခင် ကောင်းကြီးပေးပါစေခင်ဗျာ။ Amen!

Sunday, July 22, 2012

ရင်းနှီးမှုလေးကို တန်ဖိုးထားပေးပါ


ဘယ်သူပဲဖြစ်ဖြစ်...
ဘယ်အခါပဲဖြစ်ဖြစ်...
ဘယ်အခြေအနေပဲဖြစ်ဖြစ်...
ကိုယ်ပိုင်ဆိုင်ရရှိထားတဲ့ ရင်းနှီးကျွမ်းဝင်မှုလေးတစ်ခုကို
တန်ဖိုးထားတတ်ဖို့လိုပါတယ်။

လူ့ဘဝဆိုတာ တကယ့်တိုတိုလေး...
လူသန်းပေါင်းများစွာထဲကမှ ရှားရှားပါးပါး တိုက်တိုက်ဆိုင်ဆိုင်လေး ဆုံကြုံခွင့်ရခဲ့တာမို့...
သာမာန် ရင်းနှီးကျွမ်းဝင်မှုလေးဖြစ်သည့်တိုင်အောင်
တန်ဖိုးထားတတ်ဖို့လိုပါတယ်။

ကိုယ်တော်အားဖြင့် အမှုခပ်သိမ်း (ဒေသနာတော်)


တရားဒေသနာတော်များကို အပတ်စဉ် ဝေမျှခွင့်ရလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဦးစွာ ချီးမွမ်းပါတယ်။ အပတ်စဉ်လည်း ထပ်မံ ဝေမျှခွင့်ရဖို့လည်း ဆုတောင်းပါတယ်။ ဒီတစ်ပတ်မှာတော့ ရန်ကုန်ညီအစ်ကိုများ အသင်းတော်မှာ ဇူလိုင်လ (၈) ရက်နေ့က ဝေငှကြားနာခဲ့ရတဲ့ ဆရာကြီး ဦးညွှန့်လှ ရဲ့ "ကိုယ်တော်အားဖြင့် အမှုခပ်သိမ်း" ဒေသနာတော်ကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ ဒီတရားတော်များကို အကြောင်းအမျိုးမျိုးကြောင့် အသင်းတော်နဲ့ ဝေးကွာနေကြရတဲ့ ယုံကြည်သူဓမ္မမိတ်ဆွေတိုင်း အသစ်သော ဝိညာဉ်ခွန်အားယူနိုင်ရန်အတွက် ရည်ရွယ်သလို၊ ခရစ်ယာန်ဘာသာကို လေ့လာလိုသူတိုင်းအတွက်လည်း အဆင်ပြေစေဖို့ ရည်ရွယ် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြားနာသူအယောက်စီတိုင်းအား ဘုရားသခင်မှ ကြွယ်ဝသောကောင်းကြီးမင်္ဂလာများ အသစ်တဖန်ချပေးသနားပါစေ။ Amen!

Thursday, July 19, 2012

ပေးဆပ်ခြင်းသာ အချစ်ပါ...


ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ ဖတ်ဖူးတဲ့ ကျမ်းပိုဒ်လေး တစ်ခု ရှိတယ်။
"Love is a matter of giving everything we are, all the time."
အချစ်ဆိုတာ ကျွန်ုပ်တို့ အစဉ်အမြဲပေးဆပ်ကြဖို့သာ ဖြစ်တယ် တဲ့။

တုံ့ပြန်မှုကို မမျှော်လင့်ဘဲ အတ္တကင်းကင်းနဲ့ ပေးဆပ်ချစ်နိုင်ဖို့ဆိုတာ ပုထုဇဉ်တွေအတွက် လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီတော့လည်း မျှော်လင့်ချက် အနည်းဆုံးလေးနဲ့ ချစ်တတ်ဖို့ပဲ လေ့ကျင့်ကြရတာပေါ့။

Sunday, July 15, 2012

ဆီပြည့်သောမီးခွက် (ဒေသနာတော်)


ကျေးဇူးတော်ကြောင့် အပတ်စဉ် ဝေမျှခွင့်ရနေတဲ့ ဆရာကြီးများရဲ့ ဒေသနာများကို ယုံကြည်သော စာဖတ်သူများ ကျေနပ်ဖို့ မျှော်လင့်ပါတယ်။ ဒီတစ်ပတ်မှာလည်း ထပ်မံဝေမျှခွင့်ပေးတဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းမိသလို၊ ဒီတစ်ပတ်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် အသင်းတော် နဲ့ ဝေးကွာနေကြရတဲ့ ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမများ ဝိညာဉ်ခွန်အား တိုးလို့ရရှိဖို့ ဆုတောင်းပေး ပါတယ်။ ဒီ တနင်္ဂနွေနေ့မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့က ကြားနာခဲ့ရတဲ့ ဆရာကြီး ဦးတင်မောင်ထွန်း ရဲ့ "ဆီပြည့်သောမီးခွက်" ဒေသနာကို ထပ်ဆင့်လို့ ဝေမျှပေးလိုက်ရပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!

Sunday, July 08, 2012

သိလျက်နှင့် ဝန်မခံခြင်း၏ ဆိုးကျိုး (ဒေသနာတော်)


အပတ်စဉ် ပုံမှန်ဝေမျှပေးလာခဲ့တဲ့အတိုင်း ဒီတစ်ပတ်မှာလည်း ဆရာကြီးတွေရဲ့ ဒေသနာတော်တွေကို ယုံကြည်သူ ဓမ္မမိတ်ဆွေများအတွက် ဆက်လို့ ဝေမျှပေးသွားချင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာကြီး ဦးပေါလ်ခေကျိုင်း ရဲ့ "သိလျက်နှင့် ဝန်မခံခြင်း၏ ဆိုးကျိုး" ဒေသနာတော်ကို ဝေမျှပေးသွားဦးမှာမို့ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!

Sunday, July 01, 2012

ဘုရားသခင်၏ သာသာနာ (ဒေသနာတော်)


ဇူလိုင်လ တစ်ရက်နေ့ကို ရောက်ရှိလာပါပြီ။ အပတ်စဉ် ကျေးဇူးတော်ကြောင့် ဒေသနာတော်များကို ကျွန်တော့ Blog ကနေ တစ်ဆင့်ပြန်လည် ဝေငှနိုင်သောအခွင့်အတွက် ကြည်နူးပီတိဖြစ်မိပါတယ်။ အသင်းတော်ရဲ့ အဝေးကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေရသူတိုင်း ဝိညာဉ်ရေးရာခွန်အား တိုးတက် ရရှိနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အခုတစ်ပတ်မှာလည်း ဆရာကြီး ဦးယောသပ် ဟောကြားခဲ့ဖူးတဲ့ "ဘုရားသခင်၏ သာသနာ" ဒေသနာတော်ကို ပြန်လည်ရှာဖွေလို့ တင်ပြ မျှဝေလိုက်ရပါတယ်ခင်ဗျာ။ ဖတ်ကြားနာသူအယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!