Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, July 19, 2012

ပေးဆပ်ခြင်းသာ အချစ်ပါ...


ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ ဖတ်ဖူးတဲ့ ကျမ်းပိုဒ်လေး တစ်ခု ရှိတယ်။
"Love is a matter of giving everything we are, all the time."
အချစ်ဆိုတာ ကျွန်ုပ်တို့ အစဉ်အမြဲပေးဆပ်ကြဖို့သာ ဖြစ်တယ် တဲ့။

တုံ့ပြန်မှုကို မမျှော်လင့်ဘဲ အတ္တကင်းကင်းနဲ့ ပေးဆပ်ချစ်နိုင်ဖို့ဆိုတာ ပုထုဇဉ်တွေအတွက် လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီတော့လည်း မျှော်လင့်ချက် အနည်းဆုံးလေးနဲ့ ချစ်တတ်ဖို့ပဲ လေ့ကျင့်ကြရတာပေါ့။

တကယ်တော့ အချစ်ဆိုတာ တစ်ဦးတစ်ယောက်ကို သူတော့ဖြင့် မလုပ်တန်လောက်ပါဘူးရဲ့ လို့ ယုံကြည်ချက်လေးထားပြီး ကိုယ့်ရဲ့အသည်းနှလုံးကို ခွဲချေနိုင်ခွင့် ရက်ရက်ရောရော ပေးလိုက်ခြင်း သက်သက်ပါ။

အချစ်မှာ တစ်ဦးနဲ့ တစ်ဦး ထပ်တူကျတဲ့ တုန့်ပြန်မှုလေးကိုတော့ဖြင့် လူတိုင်း မျှော်လင့်တတ်ကြတယ်။ ငါ ချစ်သလောက်လေး ငါ့ကို ပြန်ချစ်ရင်၊ ငါ ဂရုစိုက်သလောက်လေး ငါ့ကို ပြန်ဂရုစိုက်ရင်၊ ငါ ကြင်နာသလောက်လေး ငါ့ကို ပြန်ယုယရင် ဆိုတဲ့ ကိုယ်ပေးသလောက် ကိုယ်ပြန်ရချင်တဲ့ စိတ်လေး ရှိတတ်ကြတော့ ကိုယ့်ရဲ့ အတ္တနဲ့ကိုယ် ပြန်ပြီး ပဋိပက္ခဖြစ်ရပြန်တယ်။

ကိုယ်ပေးတာနဲ့ ပြန်ရတာ မတန်ဘူးလို့ ထင်တဲ့တစ်နေ့ ပူဆွေးသောကတွေက ပိုလာတတ်တယ်။

တကယ်တော့ အချစ်ဆိုတာ မျှော်ကိုးခြင်းမပါတဲ့ ရင်ဘတ်ထဲက ပေးဆပ်ခြင်းသက်သက်အားဖြင့် သာ နှစ်ဦးလုံးအတွက် ငြိမ်းချမ်းစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်မှာပါ။ သူပေးသလောက် ကို ကျေးဇူးတင်တတ်ခဲ့ရင် ကိုယ့်နှလုံးသားလေးဟာလည်း အေးမြကြည်လင်နေမှာပါ။

တကယ်တော့ အချစ်ဆိုတာ တစ်ဦးတစ်ယောက်ကို သူတော့ဖြင့် မလုပ်တန်လောက်ပါဘူးရဲ့ လို့ ယုံကြည်ချက်လေးထားပြီး ကိုယ့်ရဲ့အသည်းနှလုံးကို ခွဲချေနိုင်ခွင့် ရက်ရက်ရောရော ပေးလိုက်ခြင်း သက်သက်ပါ။

သီဟလုလင်

5 comments:

စံပယ်ချို said...

အချစ်ဆိုတာ ကျွန်ုပ်တို့ အစဉ်အမြဲပေးဆပ်ကြဖို့သာ ဖြစ်တယ်
ထာဝရမှန်ကန်နေတဲ့စကားလေးပါပဲသီဟရေ

လွင်ပြင်လှိုင်းငယ် said...

အရမ်းမှန်တဲ့ စကားလေးပါပဲ

အလင်းသစ် said...

အချစ်လား...သူဖျားနေတယ်ဗျ... :)
တန်ဖိုးရှိတဲ့ စာသားလေးတွေပါ ကိုသီဟရေ...

ချယ်ရီ said...

အရမ်းမှန်ပါတယ်

a2m2007blogspot.com said...

တကယ်တော့ အချစ်ဆိုတာ တစ်ဦးတစ်ယောက်ကို သူတော့ဖြင့် မလုပ်တန်လောက်ပါဘူးရဲ့ လို့ ယုံကြည်ချက်လေးထားပြီး ကိုယ့်ရဲ့အသည်းနှလုံးကို ခွဲချေနိုင်ခွင့် ရက်ရက်ရောရော ပေးလိုက်ခြင်း သက်သက်ပါ။ (y)