Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။
Showing posts with label Stories. Show all posts
Showing posts with label Stories. Show all posts

Tuesday, June 14, 2016

ကျွန်မတို့သည် ဧဝ များသာ


လူတွေက ဒီဘက်ခေတ်မှာ တန်းတူညီမျှရေးလို့ အော်ဟစ်နေကြပေမယ့် အမျိုးသမီးများဟာ တကယ်ရော တန်းတူအခွင့်အရေး အပြည့်အဝ ရရှိကြပါရဲ့လား လို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့ အမျိုးသမီးတွေဟာ မီးဖိုချောင်ထဲမှာပဲ ချက်ပြုတ်နေတဲ့ စားဖိုမှူးတွေ မဟုတ်တော့ဘူး၊ အိမ်သန့်ဖို့အတွက် တံမြက်စည်းလှည်း၊ ဖုန်သုတ်နေရတဲ့ သန့်ရှင်းရေးတွေ မဟုတ်တော့ဘူး။ အမျိုးသမီးတွေကို လုပ်ငန်းခွင်တွေမှာပဲ နေရာတစ်ခုပေးလို့ လုပ်ဆောင်နိုင်စွမ်းတွေ ပေးလိုက်ပြီဆိုတာကရော အမျိုးသားတွေက တကယ်ကို ကျေနပ်နားလည်မှုနဲ့ ပေးတယ်ထင်လား။ ကျွန်မတော့ မထင်။ အနည်းဆုံးတော့ ကျွန်မတို့ဟာ အိမ်ပြန်ရောက်ရင်လည်း အိမ်မှုကိစ္စတွေ မလုပ်မဖြစ် လုပ်ဆောင်ကြရတာပါပဲ။ တကယ်တော့ ဒါတွေဟာ ဟိုးအရင် ကမ္ဘာဦးကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပါပဲ။

Monday, October 19, 2015

လူသာအို လူပိုမဖြစ်စေတဲ့ အမေ့မေတ္တာသက်ကြွယ်ရိပ်မွန်


"အိုမင်းသူများကို ကြင်နာခြင်းသည်
 သူတို့၏
 ဘဝနေဝင်ချိန်ကို ထွန်းတောက်စေသည်။"

ဘာရယ်ကြောင့်လည်း မသိ၊ စက်တင်ဘာလ အစောပိုင်းကတည်းက ကြံရွယ်ထားတာတစ်ခုက ဒီနှစ်မွေးနေ့တော့ အလှူတစ်ခုလုပ်မယ်၊ လုပ်ရင်လည်း ဘိုးဘွားရိပ်သာ တစ်ခုခုမှာ လုပ်မယ်လို့ စဉ်းစားထားခဲ့တယ်။ စဉ်းစားခဲ့တဲ့အတိုင်းလည်း ဆွေမျိုးမိတ်ဆွေတွေနဲ့ တိုင်ပင်ရင်း လှည်းကူးမြို့နယ်ဘက်မှာ ဘိုးဘွားရိပ်သာ တစ်ခု ရှိတယ်လို့ သတင်းလေးကြားရတော့ ဒီနှစ်ကို ရန်ကုန်မြို့အပြင်တစ်နေရာက ဘိုးဘွားရိပ်သာကို သွားပြီး ဒါနပြုတာ ပိုပြီး ကြည်နူးစရာ ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ကြိုတင်အကြောင်းကြား အစီအစဉ်ဆွဲထားလိုက်တယ်။

နောက်သိပ်မကြာခင် သူငယ်ချင်းမိတ်ဆွေတွေထဲက အောက်တိုဘာလဖွားတွေ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ဘိုးဘွားရိပ်သာတွေမှာ သွားလှူနေကြတာ တွေ့ရတော့ အရမ်းအံ့အားသင့်သွားရတယ်။ အော် ဒါကြောင့်လည်း မွေးလတူတဲ့သူတွေ စိတ်တူနေကြတာကိုး လို့ တွေးမိသွားတယ်။ ကျွန်တော်လည်း အောက်တိုဘာလဖွားတစ်ယောက်ပါပဲ။ နောက်ထပ် တိုက်ဆိုင်မှုတစ်ခုက အောက်တိုဘာလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့ ဖြစ်နေတာပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော် အရင်တုန်းက ရေးခဲ့ဖူးပါတယ်။ ဒီ Blog မှာလည်း တင်ထားသလို၊ ကျွန်တော့ Facebook မှာလည်း ဝေမျှထားခဲ့ဖူးပါတယ်။

Saturday, October 17, 2015

ကျွန်တော့ရဲ့ ၂၀၁၅ မွေးနေ့


၂၀၁၅ ခုနှစ် ကျွန်တော့ရဲ့ မွေးနေ့လေးကို ထူးထူးခြားခြားလေး ဖြစ်စေချင်လို့ ကြံဖန်စီစဉ်ခဲ့ပါတယ်။ အရင်နှစ်တွေတုန်းကလည်း countdown လေးတွေ လုပ်ခဲ့တယ်။ ခုဆို သုံးနှစ်လောက်ရှိပြီ။ ပထမ တနှစ်တုန်းက ကလေးဘဝကနေ တဖြည်းဖြည်း ကြီးလာတဲ့ ပုံလေးနဲ့ countdown လုပ်ခဲ့တယ်။ မနှစ်ကတော့ ကျွန်တော့နေ့စဉ်ဘဝမှာ ဖြတ်သန်းရင်း အမှတ်မထင် တိုက်ဆိုင်ကြုံတွေ့ရတဲ့ နံပါတ်လေးတွေနဲ့ countdown လုပ်ခဲ့တယ်။ ဒီနှစ်တော့ နှစ်ခါပြန်ပြောစရာ မလိုဘဲ၊ ဒီလိုလုပ်ချင်တယ် ကူညီပေးမလား လို့ မေးလိုက်လို့ ချက်ချင်း လုပ်ပေးမယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ countdown လေး လုပ်ဖြစ်တယ်။

နောက်တစ်ခုအနေနဲ့ ကျွန်တော့ကို ကျွန်တော့ပတ်ဝန်းကျင်က မိတ်ဆွေ သူငယ်ချင်းတွေ ဘယ်လိုမြင်ကြသလဲ သိချင်လို့ ဗီဒီယိုလေးနဲ့ မှတ်တမ်းတင်ရင်း ကျွန်တော့အကြောင်း မေးဖြစ်ခဲ့တယ်။ သူတို့ဖြေထားသမျှကတော့ ဒီထဲက အတိုင်းပါပဲ။ ရီရတာလည်း ရှိသလို၊ ကြည်နူးရတာလည်း ရှိတယ်။ ဒီ ဗီဒီယိုလေးကို နှစ်ညတိတိ အိပ်ပျက်ခံပြီး လုပ်ခဲ့တယ်။ ဘာမှ မဟုတ်ပေမယ့်လည်း ကျေနပ်မိတယ်။ မွေးနေ့ကို ဘာလို့ special day လည်းလို့ ထင်ကောင်းထင်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော်က ဟိုးငယ်ငယ်လေးကတည်းက ကိုယ့်မွေးနေ့ ၊ သူများမွေးနေ့ အားလုံးကို သတိထား ဂရုပြုတတ်ခဲ့တယ်။ မွေးနေ့ဆိုတာကို ပြောတယ်။ ဒါကြောင့်လည်း မွေးနေ့ဆိုတာ ကျွန်တော့အတွက်တော့ အထူးနေ့ပါပဲ။

ဒီဗီဒီယိုလေးမှာ ပါဝင်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဖြစ်တဲ့ ကိုကျော်ကျော်ထွန်း၊ Jennie ၊ ကောင်းကောင်း၊ သက်ပိုင်လင်း ၊ Sky ၊ ချစ်သွေးကို၊ ဆုသက်ထား၊ ဖိုးသား၊ ပိုးဇော်ခန့် နဲ့ James တို့ကို ကျေးဇူးတင်ပါတယ်။ မပြည့်စုံပေမယ့်လည်း အကောင်းမြင်ပေးကြလို့လည်း ပိုကျေးဇူးတင်ပါတယ်။ နောက် countdown အစီအစဉ်မှာ မငြီးမငြူ ပါဝင်ပေးကြတဲ့ ချစ်သူငယ်ချင်းများ - သီရိ ၊ အားတီ ၊ Axiong ၊ သောင်းထက် နဲ့ လဲ့ဝါ ၊ စိမ့် ၊ ကိုကို ၊ တူလေး ဂါဂါး ၊ မေမေ ၊ မိုးသူ ၊ မိုးကြီး ၊ သူရ ၊ ကိုတယ်ဒီ ၊ ကိုဆွေဟိန်း ၊ ဒေးဒေး ၊ ဝေ ၊ ရဲကို ၊ Kool ၊ ဆုမြတ် ၊ သက်ပိုင် တို့အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ပါဝင်ကူညီပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်း အယောက်တိုင်းကို ကျေးဇူးအထူးတင်ပါတယ်လို့ မှတ်တမ်းတင်ပါတယ်။

ချစ်ခင်စွာဖြင့်
သီဟလုလင်
၁၇ အောက်တိုဘာလ ၂၀၁၅

Sunday, September 20, 2015

ထိုသူနှင့် ပတ်သက်၍



"ကျွန်တော် ဦးမြင့်အောင် နဲ့ တွေ့စရာ ဘာအကြောင်းမှ မရှိဘူး မေမေ။"
"ဟဲ့ သား၊ ဘယ်လိုပြောလိုက်တာလဲ။"

ပြောပြောဆိုဆိုနဲ့ ကျွန်တော့အခန်းတံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်မိတယ်။ ဒါက ဦးမြင့်အောင် ကို ကျွန်တော် မလိုလားမှန်း သိသာအောင် ပြုလိုက်တာသက်သက်ပါ။ ကျွန်တော့ရဲ့ စိတ်လှုပ်ရှားနေမှုကိုလည်း အစိုင်အခဲအဖြစ်တည်းမထားချင်လို့ ဖောက်ထုတ်လိုက်တာလို့လည်း ပြောကောင်းပြောလို့ရပါတယ်။ ကျွန်တော့ရင်ထဲက နားကျည်းချက်တွေက တစ်စထက်တစ်စ ပိုလာဖို့ပဲ ရှိလို့ မဖြစ်ခင် ရှောင်လွှဲလိုက်တာက အားလုံးအတွက် ပိုပြီးကောင်းပါလိမ့်မယ်။


သိပ်ချစ်တယ်


ကျွန်မ ချစ်သူ ဘယ်သူဆိုတာကို ကမ္ဘာသိအောင် ကြေငြာပြဖို့ ကျွန်မ ဘယ်တုန်းကမှ မရှက်မကြောက်ခဲ့ဘူးသလို၊ သိပ်ချစ်ရတဲ့ ချစ်သူရှေ့မှောက် ဒူးထောက်ခစားရမယ်ဆိုရင်တော့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

ကျွန်မ ချစ်သူဟာ ကျွန်မဘဝရဲ့ အချစ်ရဆုံးသော ချစ်သူတစ်ယောက်သာမက ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

**************************************************************************

နိုဝင်ဘာလ (၁၅) ရက်နေ့ရဲ့ လားရှိုးမြို့ မနက်ခင်း နှင်းငွေ့ငွေ့ကြားမှာ ကျွန်မတို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်။ မျက်လုံးကျယ်ကျယ်ထဲက မျက်ဆံညိုညိုနဲ့ ကျွန်မချစ်သူက စကားပြောရင်လည်း တိုးညင်း ငြင်သာပြီး ယဉ်ကျေးချိုသာတယ်။ ကျွန်မတို့ ပထမဆုံးစတွေ့တဲ့နေ့မှာပဲ သူက ကျွန်မကို စကိတ်စီးမလားလို့ မေးတယ်။

Sunday, June 17, 2012

ဖေဖေ့လက်ဆောင်


သားအဖနှစ်ယောက် ရှိပါတယ်။ ဇနီးသည်ဖြစ်သူ မရှိတော့ပေမယ့် ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင် မပြုဘဲ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလာခဲ့တာ သူ့သားရဲ့ တစ်သက်ပါပဲ။ အကြွယ်ဝ အချမ်းသာကြီး မဟုတ်တဲ့တိုင်အောင် အတော်အတန် ပြေလည်မှုရှိတာကြောင့် အပူအပင်လည်း မများလှပါဘူး။ ဒါကြောင့် သားဖြစ်သူရဲ့ နေထိုင်မှုဘဝအတွက် လိုလေသေးမရှိ ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။ ပညာရေးအရလည်း သားဖြစ်သူရဲ့ ရွေးချယ်မှုကိုလိုက်ပြီး အကောင်းဆုံး ဖြည့်စွမ်းပေးခဲ့တာချည်းပါပဲ။

Friday, April 20, 2012

ရင်ကိုမှန်သော စာတိုလေးများ (၃)


စာတွေဖတ်မှတ်မိသမျှထဲမှာ ကျွန်တော့ရင်ကို တည့်တည့်မှန်တဲ့ စာတိုလေးများစွာ ရှိပါတယ်။ တကယ်က စာရှည်ရှည်တွေလည်း ရှိပါတယ်။ ဒါပေမယ့် Blog လိုမျိုးမှာ စာဖတ်သူတိုင်းက တိုတိုနဲ့ ထိထိမိမိ ရှိတာမျိုးကို ဖတ်ဖို့ ပိုလိုလားမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ Blog မှာ စာဖတ်ရင် ကျွန်တော် ကိုယ်တိုင်လည်း စာနည်းနည်းနဲ့ ကောင်းတာလေးတွေကို ဖတ်ချင်စိတ် ပိုများနေလို့ပါ။ မဟုတ်ရင်တော့ ပုံလေးတွေ ဝေဝေဆာဆာ ကြည့်ရတာမျိုးကို ပိုသဘောကျတယ်လေ။ ဒါကြောင့် ကျွန်တော် ဖတ်မှတ်မိသမျှ စာတွေထဲက စာတိုလေးတွေကို အဓိက ထုတ်နှုတ်ပြီး စာဖတ်ဝါသနာတူတဲ့ သူတွေနဲ့ ဝေမျှ ခံစားချင်တာပါ။

ဒီတစ်ခါ ရင်ကိုမှန်တဲ့ စာတိုလေးက တစ်မျက်နှာ ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ ကလောင်ရှင်ကတော့ ကလျာငြိမ်းစံ တဲ့။ ဝတ္ထုလေးရဲ့ နာမည်ကိုတော့ “ပိုးထိပန်း” လို့ ပေးထားပါတယ်။ မဟေသီ မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ တစ်မျက်နှာ ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ ကျွန်တော့ရင်ကို ထိရှခဲ့သလို၊ စာဖတ်သူတိုင်းရဲ့ ရင်ကိုလည်း ထပ်တူ ထိရှလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ (သီဟလုလင်)

Wednesday, April 18, 2012

ကျွန်တော့ရဲ့ ၂၀၁၂ သင်္ကြန်နေ့ရက်လေးများ


ဒီနှစ်သင်္ကြန်တော့ ကျွန်တော် ထူးထူးခြားခြားလေး အိမ်မှာနေဖြစ်တဲ့ အချိန်ပိုများနေပါတယ်။ တကယ်က ခရီးသွားလိုက်ရ ကောင်းသား လို့တော့ တစ်ချိန်လုံးတွေးမိနေပါတယ်။ တစ်ကိုယ်တော်ခရီးသွားရတာကို အရင်လုပ်ခဲ့တဲ့ အလုပ်တွေက သင်ပြပေးလိုက်လို့ ကျင့်သားရနေပြီးသားမို့လည်း သူငယ်ချင်းအဖော် မရှိလည်း ခရီးသွားဖို့ ကျွန်တော် တက်တက်ကြွကြွ ရှိတတ်ပါတယ်။ ကျွန်တော့ရဲ့ ပင်ကိုစရိုက်ကိုကလည်း တစ်ကိုယ်တည်းနေရတာကို ပိုသဘောကျတယ်လို့ ဆိုရမှာပါ။ ခရီးသွားဖို့လည်း လက်ထဲမှာ လုံလုံလောက်လောက် မုန့်ဖိုးလေးရှိနေပေမယ့် ဘာကြောင့်ရယ်မသိ၊ မထွက်ဖြစ်ပြန်ဘူး။ စိတ်တွေက ပင်ပန်းနောက်ကျိနေတယ်။ တကယ်သွားလိုက်ရင်တော့လည်း ပေါ့ပါးသွားနိုင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။

Sunday, March 11, 2012

ရင်ကိုမှန်သော စာတိုလေးများ (၁)


“ရင်ကိုမှန်သော စာတိုလေးများ” ဆိုတဲ့ ခေါင်းစဉ်ကြီးလေးတစ်ခုကို ဒီနေ့တော့ စပြီး တည်ဆောက်ဖြစ်သွား ပါပြီ။ ဒီခေါင်းစဉ်ကြီးအောက်နေမှ ကျွန်တော်နှစ်သက်သဘောကျတဲ့ စာတိုပတ်စလေးတွေကို စုစည်း တင်ဆက်ပေးသွားချင်ပါတယ်။ အဓိက ကတော့ ကျွန်တော့လို စာဖတ်ဝါသနာပါသူတွေနဲ့ ဖတ်ရသမျှ စာလေးတွေထဲက ကောင်းရာနိုးနိုးလေးတွေကို တဆင့်ဝေမျှပေးသွားချင်လို့ပါ။ ဒီနေ့ ဒီ ခေါင်းစဉ်ကြီးအောက် ကနေမှ “မြင်းမိုရ်တောင်ကို ရွှေ့သူများ” ဆိုတဲ့ တစ်မျက်နှာဝတ္ထုတိုလေးကို ဝေမျှပေးချင်ပါတယ်။ ဒီ တစ်မျက်နှာဝတ္ထုလေးကို တိုတိုနဲ့ ပေးချင်တဲ့ အကြောင်းအရာကို စာဖတ်သူရင်ထဲရောက်အောင် ပို့ပေးနိုင်တဲ့ စာရေးဆရာကတော့ အေးထွန်း (မောက်မယ်) ပါ။ ၂၀၁၂ ခုနှစ်၊ မတ်လ အတွက် ထုတ်ဝေတဲ့ မဟေသီ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရတာဖြစ်ပြီး မိဘကျေးဇူးသိတတ်စေလိုတဲ့ ရည်ရွယ်ချက်ရှိမှန်းတော့ ခေါင်းစဉ် ကြည့်ရုံနဲ့ သိသာပါတယ်။ စာတွေ ရှည်ရှည်ဖတ်ရတာထက် တိုတိုနဲ့ ထိမိတဲ့ စာတွေကို ကြိုက်တတ်တဲ့ ကျွန်တော့အတွက် ရင်ကိုလာမှန်တဲ့ ဒီစာတိုလေးကို စာဖတ်ဝါသနာရှင် ကျွန်တော့မိတ်ဆွေတွေ ဖတ်နိုင်အောင်လို့လည်း ဝေမျှလိုက်ပါတယ်ဗျာ။ (သီဟလုလင်)

Monday, February 13, 2012

I Love You, Honey


တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်၊ သိပ်မြတ်နိုးလို့ လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိတယ်။ သူတို့ဟာ အိမ်ထောင်သက်တမ်းနှစ်နှစ်လောက် ရှိလာကြပြီ။ ခင်ပွန်းဖြစ်သူက စာပေဝါသနာပါပြီး ဟိုစပ်စပ် ဒီစပ်စပ် စာရေးလေ့ရှိတယ်။ တစ်ဆက်တည်းမှာပဲ သူဟာ ဓါတ်ပုံဆရာလည်း လုပ်သေးတယ်။ သူတို့ မင်္ဂလာဆောင်တုန်းကပုံတွေကို အမြတ်တနိုးသိမ်းထားလေ့ရှိတယ်။ သူတို့ဟာ သိပ်ချစ်ကြပါတယ်။ ခင်ပွန်းဖြစ်သူက အေးတိအေးစက်နေတတ်သလောက် သူ့ရဲ့ ဇနီးက ဒေါသထွက်လွယ်တယ်။ သူနဲ့ နားလည်မှုလွဲပြီး မကြာခဏ ရန်ဖြစ်ရတယ်။ အခုလည်း သူတို့ကြားမှာ ပြဿနာလေးတစ်ခုက ရှိနေပြန်တယ်။

Saturday, January 28, 2012

အပြစ်


“ခွမ်”
“ဘာဖြစ်တာလဲ ဟေ့”
“ဖေဖေတင်ထားတဲ့ ဖန်ခွက် သားတိုက်ချမိလို့ ဖေဖေ”
“မင်းကွာ လူငယ်ဖြစ်ပြီး နမော်နမဲ့နဲ့။ ဖန်ခွက်ကြီးတစ်ခုလုံး တင်ထားတာတောင် မမြင်ဘူးလားကွ”

Saturday, January 21, 2012

နွေးထွေးတဲ့ထမင်းဝိုင်း


ဒီစာစုလေးက အဖြူအစိမ်းဝတ်နဲ့ ကျောင်းစာသင်ရတဲ့ အရွယ်မှာတုန်းက သင်ကြားခဲ့ဖူးတဲ့ ဟိုးကျောင်းသင်ခန်းစာ စာစုလေးနဲ့ သဘောသဘာဝချင်း ဆင်ပါတယ်။ သင်ခဲ့ရတဲ့စာက ကြာပြီဆိုတော့ လုံးစေ့ပတ်စေ့တော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် အဲဒီစာစုကနေပေးတဲ့ message ကိုတော့ ယနေ့ထိ မှတ်မိနေဆဲပါပဲ။ အဲဒါကြောင့် The Wooden Bowl ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။

Sunday, January 01, 2012

ခိုင်မာတဲ့ ယုံကြည်ချက်လေးကြောင့်သာ...


အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ John Roebling ဟာ တကယ့်ကို ခန်းနားကြီးကျယ်တဲ့ တံတားတစ်စင်း ဆောက်လုပ်ဖို့ စိတ်ကူးရနေပါတယ်။ အဲဒီတံတားကတော့ New York မြို့နဲ့ Brooklyn မြို့ကို ဆက်သွယ်မယ့် တံတားပါ။ သူ့အကြံအစည်ကို သူ့မိတ်ဆွေ အပေါင်းအသင်းတွေကို ပြောပြချိန်မှာတော့ New York နဲ့ Mahattan မြို့နဲ့ Brooklyn မြို့နှစ်မြို့ကြားက မြစ်ဟာ သိပ်ကို ရှည်လျားလှပြီး တံတားဆောက်ဖို့ ခက်ခဲလွန်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် Roebling ကတော့ နည်းနည်းလေးမှ ယုံကြည်မှုတွေ လျော့ မသွားခဲ့ပါဘူး။

Thursday, November 24, 2011

ဥာဏ်ကောင်းတဲ့ သိုးငယ်လေး


တစ်ခါက အစာရှာထွက်တဲ့ သိုးအုပ်ထဲက သိုးငယ်လေးတစ်ကောင်ဟာ သူ့အဖော် သိုးတွေနဲ့ အစာစားနေရင်းမှာပဲ ဟိုးခပ်လှမ်းလှမ်းမှာ အင်မတန်ကို စိမ်းစိုနေတဲ့ မြက်ခင်းတစ်ခုကို လှမ်းမြင်လိုက်တယ်။ မြင်လိုက်ပြီး ပြီးချင်းမှာပဲ ဆာလောင်နေတဲ့ သိုးငယ်ဟာ မြက်ခင်းရှိရာကို တစ်ရှိန်ထိုး ပြေးသွားပါတော့တယ်။ တဖြည်းဖြည်း မြက်ခင်းနဲ့ နီးလာသလို သူရဲ့ အဖော်တွေဖြစ်တဲ့ သိုးအုပ်ကြီး နဲ့တော့ ဝေးဝေး လာခဲ့တယ်။ ဒီလိုနဲ့ မြက်ခင်းပြင်ကိုလည်း ရောက်ရော စိမ်းစို ချိုမြနေတဲ့ မြက်နုသစ်တွေကို အားပါးတရ စားပါတော့တယ်။ အစာစားချင်စိတ် တစ်ခုတည်းအတွက် ဘာကိုမှ မစဉ်းစား မတွေးတောဘဲ ပြေးထွက်လာခဲ့တဲ့ သိုးလေးအတွက် နောင်တရစရာအဖြစ်က ကျရောက်လာပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ ရှေ့မှာ သူ့ထက် အဆပေါင်းများစွာ အင်အားကြီးပြီး သန်မာလှတဲ့ ဝံပုလွေတစ်ကောင်က သူ့ကို ဖမ်းဆီးစားသောက်ဖို့ ရောက်ရှိနေတာကြောင့်ပါပဲ။ ဝံပုလွေကို မြင်မြင်ချင်းမှာ သိုးငယ်ဟာ အရမ်းကို လန့်သွားပါတယ်။

Saturday, November 19, 2011

တန်ဖိုးရှိသော ပြိုင်ပွဲ


တစ်ခါက ရွာငယ်လေးတစ်ရွာမှာ အားကစားအလွန်လိုက်စားတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အရွယ်အားဖြင့်လည်း ဆယ်ကျော်သက်အရွယ်ဆိုတော့ သိပ်ကို လန်းဆန်းတက်ကြွနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အဲဒီရွာငယ်လေးမှာ အပြေးပြိုင်ပွဲတစ်ခု ကျင်းပဖို့ ရွာလူကြီးတွေက စီစဉ်ကြပါတယ်။ အဲဒီအခါ အားကစားအရမ်းလုပ်ချင်တဲ့ ယှဉ်ပြိုင်အနိုင်ရဖို့ သွေးဆာနေတဲ့ ကောင်လေးတစ်ယောက် အရမ်းကို သဘောကျနေပါတော့တယ်။

ဒီလိုနဲ့ ပြိုင်ပွဲနေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း များသလို၊ အားပေးကြတဲ့သူတွေနဲ့ ပြိုင်ပွဲဟာ အင်မတန်ကို စည်ကားနေပါတော့တယ်။ လက်ခေါက်မှုတ်ပြီး အားပေးတဲ့သူက အားပေး၊ ဝီစီမှုတ်ပြီး အားပေးသံတွေ၊ ကိုယ်အားပေးမယ့်သူရဲ့ နာမည်ကို တွင်တွင်ခေါ်သံတွေနဲ့ ပြိုင်ပွဲဟာ တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်နေပါတော့တယ်။ အားပေးတဲ့ ပရိတ်သတ်တွေထဲမှာ ပညာဥာဏ်နဲ့ ပြည့်စုံတဲ့ အဘိုးအို တစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ပြိုင်နေကြပါပြီ။ ငြင်းသံခုန်သံ အော်ဟစ်သံ ကလည်း ပိုပြီး ဆူညံနေပါတော့တယ်။

Friday, November 11, 2011

ပဲ့တင်သံပမာ ဘဝဆိုတာ…


            တစ်ခါက သားအဖ နှစ်ယောက်သား တောင်တန်းတွေကြား လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ တစ်နေရာမှာ သားဖြစ်သူက ရုတ်တရက်ချော်လဲသွားပြီး လဲသွားလို့ခံစားရတဲ့နာကျင်မှုကြောင့် “အား!” လို့ စူးစူးလေး အော်လိုက်မိတယ်။
            ဒီအချိန်မှာပဲ တောင်တန်းတစ်နေရာကနေ သူအော်လိုက်တဲ့ အသံနဲ့ထပ်တူ “အား!” ဆိုတဲ့အသံကို သားဖြစ်သူက အံ့သြတကြီး ကြားလိုက်ရတယ်။

အခင်ဆုံးသူငယ်ချင်းက ပါးရိုက်တယ်။ ပြီးတော့အသက်ကယ်ခဲ့တယ်။

ဒီအကြောင်းအရာလေးကတော့ သဲကန္တာရကို ဖြတ်ပြီး ခရီးသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အကြောင်းလေးပါ။

သူငယ်ချင်းနှစ်ယောက်ဟာ ခရီးသွားရင်း တစ်နေရာအရောက်မှာ အကြောင်းအရာတစ်ခုကို ငြင်းခုံကြရင်း စကားအချေအတင် ဖြစ်ကြတယ်။ ဒီတော့ တစ်ယောက်သော သူငယ်ချင်းက အခြားတစ်ယောက်ရဲ့ ပါးကို ရိုက်လိုက်မိတယ်။

ပါးအရိုက်ခံလိုက်ရတဲ့ သူငယ်ချင်းက ကိုယ်ရော၊ စိတ်ပါ နာကျင်ခံစားသွားရတယ်။ ဒါပေမယ့် ဘာတစ်ခုမှ ပြန်မပြောဘဲ သဲပေါ်မှာ.....
"ဒီနေ့ ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းက ငါ့ကို ပါးရိုက်တယ်။" လို့ ရေးလိုက်တယ်။