“ခွမ်”
“ဘာဖြစ်တာလဲ ဟေ့”
“ဖေဖေတင်ထားတဲ့ ဖန်ခွက် သားတိုက်ချမိလို့ ဖေဖေ”
“မင်းကွာ လူငယ်ဖြစ်ပြီး နမော်နမဲ့နဲ့။ ဖန်ခွက်ကြီးတစ်ခုလုံး တင်ထားတာတောင် မမြင်ဘူးလားကွ”
ရက်အနည်းငယ်ကြာပြီးနောက်...
“ခွမ်”
“ဒီနေရာမှာ ဘယ်သူ ဖန်ခွက်လာတင်ထားတာလဲ ဟေ့”
“သား တင်ထားတာ ဖေဖေ”
“မင်းကွာ ဒီနေရာမှာ ဖန်ခွက်လာတင်ထားမှတော့ ငါတိုက်ချမိတော့မှာပေါ့ကွာ”
သားက အဖေကို မဝံ့မရဲလေးကြည့်ရင်း မရဲတရဲလေသံဖြင့်...
“ဖေဖေ ဟိုတစ်ခါ အဲ့လိုတင်ထားလို့ သားတိုက်ချမိတာလေ”
အဖေက ဣနြေ္ဒမပျက် လေသံမာမာဖြင့်...
“ဦးနှောက် မရှိတဲ့ ကောင်၊ ဒါတောင် ဒီနေရာမှာ ထပ်လာတင်ထားရသလား”
* * *
နန်းဦးယဉ်
(ဒီဝတ္ထုတိုလေးကို ဖတ်မိတော့ ငယ်ငယ်က ကျွန်တော်နဲ့ ကျွန်တော့ဖေဖေ အကြောင်းကို သတိရသွားမိပြီး စိတ်ထဲမှာ တစ်မျိုးလေး ခံစားသွားရတာမို့လို့ ကျွန်တော့လိုမျိုး ထပ်တူခံစားရသူရှိမလား ရည်ရွယ်ပြီး ဒီဝတ္ထုတိုလေးကို ဝေမျှပေးလိုက်ပါတယ်။)
Credit: မဟေသီ မဂ္ဂဇင်း
4 comments:
ဝတ္ထုလေးက အရမ်းကောင်းတာပဲ
Share ပေးလို့ ဖတ်ခွင့်ရတာ . . .
Thanks a lot ပါ
အတုယူဖို့ကောင်းပါတယ်
ဖတ်ပြီးတော့ ဒီဝတ္ထုလေးထဲက အဖေကို အပြစ်မတင်ပါဘူး
ဘာလို့လဲဆိုတော့ . . . . . .
တော်ပါသေးရဲ့ဗျာ ဒီလိုအဖေ မျိုးကျွန်တော်အဖေမဖြစ်တာပဲ
အဲဒါမျိုးပေါ့ ဦးနှောက်ကို ချွန်းခတ်ခံရတဲ့ ကလေးဆိုတာ။။ တကယ်ဆို ဒီလို မဖြစ်ရဘူးလေ။။။
လူကြီးတွေ လုပ်ရင် အကုန်ကောင်းတယ်..။ခေတ်ကို ကအဲ့လိုကြီးကိုဗျ...နော့်..။
Post a Comment