Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 28, 2012

မေးခွန်းများ


(ဒီရက်တွေ ကျွန်တော် ကဗျာလေးတွေကို တခုတ်တရ ဖတ်ဖြစ်လာတယ်။ စိတ်တွေက သိမ်မွေ့နူးညံ့နေတယ် ပြောရမလားဘဲ။ မနေ့ညက မဂ္ဂဇင်းတစ်အုပ်ကို ကိုင်မိပြီး ဖတ်လိုက်ရတဲ့ ကဗျာလေးက ခါတိုင်း ကျွန်တော် ဖတ်နေကျ အချစ်ကဗျာတစ်ပုဒ် မဟုတ်ခဲ့ဘူး။ တွေးစရာကောင်းတဲ့ ကဗျာလေးပါ။ ဒီကဗျာလေးကို ဝေမျှချင်စိတ်လည်း ပေါ်လာလို့ တင်ဖြစ်လိုက်ပါတယ်။)


တစ်ခါက
ဗီယက်နမ် ကလေးငယ်တစ်ယောက်ကို
လူတစ်ယောက်ကမေးတယ်
“သမီး သူရဲကောင်းရဲ့ အဓိပ္ပာယ်ကို သိလား”
မူလတန်းကျောင်းသူမလေးက ပြန်ဖြေတယ် (ချက်ချင်း)
“သိပါတယ် ဟိုချီမင်း ပါ”


တစ်နေ့က
အတန်းထဲက ကလေးတွေကို မေးခွန်းလေးတွေ မေးပြီး
အဖြေကိုတော့
လင့်စင်ပေါ်က မုဆိုးလို ကျွန်တော်
နှစ်ပေါင်းများစွာ တထိတ်ထိတ်စောင့်စားရင်း
ထူထပ်ဆဲနှင်းတွေကို ငေးမိ။      ။

ကိုသျှပ် (ကန့်ဘလူ)

Credit: မဟေသီ မဂ္ဂဇင်း

1 comments:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အတွေးရစေတဲ့ ကဗျာလေးကို ပြန်လည်ဝေမျှတဲ့အတွက် ကျေးဇူး ..

ခင်လျက်
မြတ်