Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, January 08, 2012

သင့်ဘက်က တကယ်ပဲ ချစ်နေတာလား


သင့်စိတ်ထဲမှာ တကယ်ပဲ ချစ်တဲ့စိတ် ဖြစ်နေတာလားဆိုတာကို သိနိုင်ဖို့ဆိုတာ ဖြေရခက်ခဲတဲ့ ပုဒ်စာ တစ်ပုဒ် ဖြစ်နိုင်သလို မရေရာတဲ့ မေးခွန်းတစ်ခုလိုလည်း ဖြစ်နေနိုင်ပါတယ်။ ပြောပြလို့ မရတဲ့ အရာတွေထဲမှာ အချစ်လည်း ပါမှာပါ။ ဖြေလို့မလွယ်တဲ့ မေးခွန်း ဖြစ်ပေမယ့် လူတိုင်းကတော့ ဒီမေးခွန်းကို တည်ဆောက်တတ်ကြပါတယ်။ တချို့တွေက တစ်စုံတစ်ယောက်ကို ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ပြီး ချစ်တတ်ကြသလို၊ တချို့ကျတော့လည်း ကိုယ်တိုင် နှစ်သက်သဘောကျပြီး၊ ဆန္ဒရှိသူကိုသာ လက်ခံပြီး ချစ်တတ်ကြပါတယ်။ တချို့စိတ်သောက ရောက်စရာ၊ စိတ်ပျက်ငြီးငွေ့စရာကောင်းတဲ့ အချိန်နဲ့ အခြေအနေတွေ ရောက်ရင် ကိုယ့်အချစ်ကို သံသယဖြစ်ပြီး ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ ဒီလို လူတွေက ယေဘုယျအားဖြင့်တော့ အချစ်ဆိုတာ သာယာကြည်နူးစရာကောင်းတဲ့ ပျော်ရွှင်ဖွယ်ရာတွေကို ဖန်တီးပေးနိုင်တဲ့ အရာလို့ ထင်ထားပြီး ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက် အဆိုးအကောင်းတွေကို လက်မခံနိုင်တာမျိုးပါ။ တချို့ကတော့ စိတ်ရဲ့ ဖြစ်ပေါ်လာတဲ့ ခံစားမှုအလိုက် တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ဖြစ်ပေါ်လာတဲ့အချစ်ကို လက်ခံကြပါတယ်။ အများအားဖြင့် အဲလိုလူတွေဟာ သူတို့စိတ်ထဲမှာ အချစ်ကို သံသယနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးနေမိသူတွေပါပဲ။ အချစ်နဲ့ ပတ်သက်တဲ့ မေးခွန်းများစွာ ရှိပါတယ်။ လူတစ်ဦးနဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ နှစ်ဦးနှစ်ယောက်ကြား ဆက်ဆံရေးဟာ အချစ်လား။ နှလုံးသားက အချစ်ကို ဘယ်လို ရွေးချယ်တာလဲ။ အချစ်တွေ ဘာကြောင့် အဆုံးသတ်သွားတာလဲ။ အချစ်ဆိုတာ တကယ်ပဲ အဆုံးသတ်သွားတာလား။ အမြဲတမ်း ရှင်သန်နေမှာလား။ ဒါဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားမှုအပေါ် မူတည်ပြီး တကယ်ပဲ ဖြေရခက်တဲ့ မေးခွန်းတွေပါပဲ။



ရယူပိုင်ဆိုင်လိုခြင်းလား

လူတစ်ယောက်အတွက် လေးလေးနက်နက် ခံစားပြီး ဂရုစိုက် ကြင်နာမှုတွေဲ့အတူ စွမ်းအားကြီးမားတဲ့ အချစ်တွေ ပိုင်ဆိုင်တယ်လို့ ထင်ပြီး သူ့ကို လိုအပ်နေတာမျိုးပါ။ အချိန်ပြည့် သူ့အကြောင်းတွေးနေမယ်။ လိုအပ်တာတွေကို ပေးဆပ်ချင်နေတယ်။ သူနဲ့ အတူ ပေါင်းသင်းဆက်ဆံရတာကို နှစ်သက်နေမယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေကိုပါ စွဲလမ်းနေပြီဆိုရင်တော့ သင့်ဘေးမှာ သူ့ကို အမြဲတမ်းမဟုတ်ရင်တောင် သင့်အချိန်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှိနေစေချင်မှာပါ။ ဒီလို လိုချင် တပ်မက်မှုတွေ များလာပြီဆိုရင်တော့ သင်ဟာ သူ့ကို လက်လွတ်ဆုံးရှုံးရမှာ ကြောက်ရွံ့လာမှာပါ။ ဒီအချိန်မျိုးမှာ သင်ဟာ ရယူပိုင်ဆိုင်ဖို့ ကြိုးစားတော့မှာပါ။

ဒီလို လိုချင်တပ်မက်မှုနဲ့ ပိုင်ဆိုင်ချင်မှုတွေဟာ ရှင်းလင်းတိကျဖို့တော့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လှပမှုနဲ့ အပေါ်ယံ ပကာသနတွေကို အခြေခံလို့တော့ မရပါဘူး။ တည်ကြည်လေးနက်တဲ့ အာရုံစူးစိုက်မှုနဲ့ ဦးတည်ချက် တစ်ခုကသာ အချစ်ကို ပိုပြီး လေးနက်လာစေမှာပါ။ တခြားလူတစ်ယောက်အပေါ်ကို စိတ်ဝင်စားမှု ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှုတွေနဲ့ အချစ်ဟာ အခြေခံ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအချိန်မှာ သူ့အပေါ် အကောင်းပဲ တွေးနေပါတော့တယ်။ တစ်ဦးရဲ့ ပျော်ရွှင်မှုတွေကို တစ်ဦးက မျှဝေခံစားရင်း နှစ်ကိုယ်တူကမ္ဘာကို တည်ဆောက်တတ်ပါတယ်။


သဝန်တိုတတ်တာချစ်နေတာလား

ကိုယ့်ချစ်သူက သူများနောက်ပါသွားမယ်ဆိုရင်တော့ သူလည်း ကိုယ့်ကို မချစ်တာကြောင့်လို့ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ လူတစ်ယောက်ကို ချစ်မိရင်တော့ ဝန်တိုခြင်းဆိုတာတွေ ကင်းတတ်ကြပါတယ်။ (ဥပမာ - သူပျော်ရွှင်နေတာကို မနာလိုဖြစ်တာမျိုးပါ)။ ခိုက်ရန် ဖြစ်ပွားမှုတွေလည်း မရှိပါဘူး။ ကောင်းမွန်တဲ့ ခံစားချက်နဲ့ အဆိုးတွေကို မတွေါ်တတ်ပါဘူး။ တချို့တွေဆိုရင် ကိုယ်ချစ်တဲ့သူကို အမြဲတမ်း အကောင်းဆုံးတွေပဲ ပေးချင်နေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ ပြုမူလှုပ်ရှားမှုတွေဟာ ကိုယ့်အတွက် နက်နဲလွန်းတဲ့ စိတ်ဝင်စားမှုတွေ ဖြစ်နေတတ်ပါတယ်။ သူ့အကြောင်း တစ်စုံတစ်ရာကို စဉ်းစားမိတာနဲ့ ပြုံးနေမိတာ၊ သူ့ရဲ့ ဝမ်းနည်းကြေကွဲမှုတွေကို မြင်တိုင်း သင်က ပိုပြီး ပူပင်သောက ဖြစ်နေရတာ၊ အချိန်ပြည့်တွေးနေမိတာတွေဟာ သင်က ချစ်နေတဲ့ သက်သေတွေပါပဲ။ တချို့တွေမှာ ကိုယ့်ချစ်သူက တစ်စုံတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်နေရင်ကို မကြိုက်တတ်ဘဲ ဖြစ်တတ်ကြပါတယ်။ ဒါဟာ ကိုယ့်ထက်ပိုပြီး ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်ကို ဂရုစိုက်မှာ၊ ပိုချစ်သွားမှာကို မလိုလားကြတာကြောင့်ပါ။ ဒါဟာ မယုံကြည်တာကြောင့် မဟုတ်ပါဘူး။ သူ့စိတ်ထဲမှာလည်း သင့်ကို ဒီလိုပဲ အရာအားလုံးထက်ပိုပြီး ပေးထားတယ်လို့ ခံယူထားတာကြောင့် တူညီတဲ့ တုံ့ပြန်မှုကို လိုချင်နေမိတာပါ။ ဒီလို အချစ်မျိုးကတော့ မကြာခဏ ရန်ဖြစ် စကားများတတ်ကြပေမယ့် ညှိနှိုင်းပြီးပဲ ရှေ့ဆက်ကြရမှာပါ။ ပွင့်လင်းဖို့တော့ လိုတာပေါ့။


အခုအောက်ဖော်ပြပါ အချက်ကိုးချက်ထဲက ခုနစ်ချက်လောက် သင်နဲ့ ကိုက်ညီနေရင် သင်ဟာ သူ့ကို တကယ်ချစ်နေပါပြီ။
  1. သင့်မှာ သူ့အတွက် နက်နဲတဲ့ ခံစားချက်နဲ့ ကြင်နာမှုတွေ ရှိနေတယ်။ ဒီခံစားချက်တွေကို သင်ကိုယ်တိုင်လည်း သိနေတယ်။ တစ်ဦးတည်းလည်း တဖွဖွ ရေရွတ်နေမိတယ်။
  2. သူ့ရဲ့ တုံ့ပြန်မှုတိုင်းဟာ သင့်အတွက် ဘာပဲဖြစ်ဖြစ် အရေးပါနေတယ်။ ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ သင်ဟာ ကျေနပ်နေမိတယ်။
  3. သူနဲ့ ပတ်သက်ပြီး သဝန်တိုမှုတွေကို ခံစားရရင်တောင် ကြာရှည်ဖြစ်မနေဘဲ သူ့ကို ယုံကြည်နေမိတယ်။ သင်တို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုတွေနဲ့ ဆက်ဆံမှုတွေဟာ သင့်ကို နာကျင်စေမှာ မဟုတ်ဘူးလို့ ယုံကြည်နေတယ်။
  4. သူနဲ့အတူ ရှိနေချိန်တိုင်း သင့်စိတ်ထဲမှာ ကြည်လင်ပြီး ရှုပ်ထွေးမှုတွေ ကင်းနေတယ်။
  5. သူနဲ့ ရန်ဖြစ်စကားများချိန်တွေမှာ နာရီဝက်လောက်ကြာတာနဲ့ သူ့ကို သဘောတူဖို့ ဆုံးဖြတ်ပြီး သင့်ဘက်က ခံစားချက်အမှန်ကို ရှင်းပြလို့ ပြန်လည် ညှိနှိုင်းချင်နေမိတယ်။ (သူ့ဘက်က မှားယွင်းနေရင်တောင် ကိုယ်က ပြန်ပြီး ပြောပြ၊ ရှင်းပြချင်နေမိတယ်။)
  6. သူ့ဆုံးဖြတ်ချက်တွေဟာ သင့်အတွက် အမြဲမှန်ကန်နေတတ်ပြီး အကောင်းဆုံး အကြောင်းပြချက်တွေနဲ့ သူ့ဘက်ကပဲ သင်က အမြဲရပ်တည်နေမိတယ်။
  7. သူ့အတွက်ဆိုရင် တခြားဘယ်သူ့ခံစားချက်ကိုမှ သင်ဂရုစိုက် မနေတော့ဘူး။
  8. တခြား သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့ချိန်တွေထက်ကို သူနဲ့ တွေ့ချင်တဲ့အချိန်တွေက သင့်မှာ ပိုပြီး များနေတတ်တယ်။
  9. သူဖြစ်ချင်တဲ့ ဘယ်ကိစ္စမဆို သင်က လိုက်လျောပေးဖို့ အသင့် ဖြစ်နေတယ်။
ဒီအချက်တွေထဲက သင်ဟာ ခုနစ်ချက်လောက် ကိုက်ညီနေပြီဆိုရင်တော့ သင့်စိတ်ထဲမှာ တကယ်ပဲ အချစ်စိတ် တွေ ဖြစ်ပေါ်နေပြီဆိုတာ မငြင်းပါနဲ့တော့နော်။


လမင်းလေး


Credit: The Chic Magazine

2 comments:

You are My Religion said...

အရမ်းကောင်းတယ် ကိုသီဟ... ကျေးဇူးနော် ... F3r

myatnoe said...

တော်တော်ကိုပညာပါတယ်နော်ကျေးဇူးပါကိုသီပာ