Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, January 23, 2012

မကြွေပွင့်


- ဘယ်သူ့နှုတ်ခမ်းမှ
ပန်းပွင့်တယ်လို့...  ကိုယ်မယုံ...။
- ချစ်တဲ့သူ.. သူ့နှုတ်ခမ်း
ပန်းကြာနံ့ထုံ...။
- စိတ်ကောက်တော့ ကြာလိုငုံ
ရင်ခုန်တော့ ကြာလိုဖူး။
- တစ်ခါနမ်းရုံနဲ့
ကြာပန်းငုံ မကြွေပွင့်ရယ်ကြောင့်
(ကိုယ်မှာတော့...)
နေမြင့်လေရူး...။

မောင်စိန်ဝင်း (ပုတီးကုန်း)


Credit: သူဖတ်ဖို့ အချစ်ကဗျာများ

4 comments:

Theint said...

သီဟရေ ကဗျာလေးကြိုက်လို့ G mail မှာ Custom Message လုပ်ဖို့ ကူးသွားတယ်နော်

စံပယ်ချို said...

သီဟရေ
ငယ်ငယ်ကတဲက မောင်စိန်ဝင်းကဗျာအားလုံးကို
ကြိုက်ခဲ့ဖူးတယ်ရူးခဲ့ဖူးတယ်

Candy said...

မောင်စိန်ဝင်းကဗျာတွေကတော့ နုရွပြီး ဘယ်တော့မှ မရိုးဘူးနော် :D

အလင်းသစ် said...

ခက်ညွန့်သန်နုသစ်လို့ ရစ်ပတ်နှောင်တွယ်၊
သံယောဇဉ်ဆိုတာရယ်
"နွယ်" လေးတစ်ပင်ပေါ့၊ ရာသီတွေဘယ်လိုပြောင်းပေမယ့်၊
ခေါင်းထောင်လို့ကြော့။။။

ဆိုတာလေးလည်းကြိုက်တယ်... ဆရာ့ကဗျာတွေကတော့ ဘယ်တော့ဖတ်ဖတ် ရင်ကိုဒက်ကနဲထိတယ်။။ မျှဝေပေးတာ ကျေးဇူးပါ။။