Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, January 24, 2012

လင်းလက်ခဲ့တဲ့ လမ်းပြကြယ် (Ted Koppel)


(“အကြံကောင်းရင် တစ်ချက်၊ အမှီကောင်းရင် တစ်သက်” ဆိုတဲ့ ဆိုရိုးစကားလေးနဲ့ မျိုးဆက်သစ်တို့ကို ဆုံးမခဲ့ကြတာ မြန်မာတို့ရဲ့ ရှေးထုံးအစဉ်အလာဖြစ်ပါတယ်။ တစ်ချက်တည်းသာ ဖြစ်ပေမယ့် အကြံကောင်းဆိုရင် ရွှေကြောကြီးတွေ့သလို ဖြစ်မယ်၊ အရိပ်ကောင်းကောင်းမှာ မှီလိုက်ရရင်လည်း တစ်သက်တာ လုံခြုံအေးချမ်းကြီးပွား ထွန်းကားမယ်ပေါ့။ “အကြံကောင်းရင် တစ်ချက်” ဆိုတဲ့ ဆုံးမစကားက ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ဒီဆုံးမစကားကို သိတော့ သိပါရဲ့၊ တစ်သက်လုံး စိတ်ကူးထုတ်လာတာ ခုထိ ဘာအကြံကောင်းမှ မထွက်သေးဘူးဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အကြံကောင်း တစ်ချက်ကို အားကိုးထိုက်သူ တစ်ဦးဦးဆီက ရလိုက်တာမျိုးက ပိုပြီး အဆင်ပြေတတ်ပါတယ်။ ဆရာသမား၊ မိဘဆွေမျိုး စတဲ့ အားကိုးထိုက်သူတွေဆီက အကြံကောင်းတစ်ချက်ကြောင့် ဘဝလမ်းကြောင်းပြောင်းပြီး ကြီးပွားလင်းလက်သွားတဲ့ ဥပမာတွေကို တင်ပြလိုက်ပါတယ်။)

Ted Koppel
Nightline အစီအစဉ်မှူး
ABC အသံလွှင့်ဌာန
“မြတ်နိုးတာလုပ်”

၁၉၅၀ ကနေ ၁၉၇၀ နှစ်ပိုင်းတွေမှာ နယူးယော့ခ်မြို့မှာ သိပ်နာမည်ကြီးတဲ့ ရေဒီယို သတင်းထောက် တစ်ယောက် ရှိခဲ့ပါတယ်။ ဒင်နီမီးနန် တဲ့။ ရှေး အိုင်ရစ်ရှ်ပုံစံ သတင်းထောက်ပေါ့။ ကျွန်တော်က ဘွဲ့ရပြီးခါစ အသက်က ၂၂ နှစ်။ ဒင်နီလုပ်တဲ့ WMCA မှာပဲ Copy Boy ဆိုတဲ့ ဧရာမ ရာထူးကြီးနဲ့ ဝင်အလုပ်လုပ်တယ်။ ခိုင်းသမျှ လုပ်ရတာပါပဲ။ ဒင်နီက သဘောကောင်းတယ်။ ဆရာစား မချန်တတ်ဘူး။ ကျွန်တော်က သတင်းထောက်ဖြစ်ချင်နေမှန်း သိတော့ သူ့သတင်းလိုက်ရာကို နှစ်ခါ - သုံးခါ လောက် ခေါ်သွားဖူးတယ်။ တစ်နေ့ ဘီယာဆိုင်မှာ ထိုင်ကြရင်းနဲ့ “မင်းရဲ့ ဘဝရည်မှန်းချက်က ဘာလဲ” လို့ မေးပါတယ်။ ကျွန်တော်က ကျွန်တော် နိုင်ငံရေးလောကထဲ ဝင်ချင်တယ်။ တစ်နေ့ကျရင် လွှတ်တော်အမတ် ဖြစ်ဖို့တောင် မှန်းရင်မှန်းမယ် လို့ ဖြေလိုက်ပါတယ်။ ဒင်နီက ကျွန်တော် တစ်ခုခု ကြမ်းကြမ်းရိုင်းရိုင်း ပြောလိုက်မိသလိုမျိုး နဲ့ ပြန်ကြည့်ပါတယ်။ “မင်း အမတ်ဖြစ်လည်း ခပ်တုံးတုံးအမျိုးအစားပဲ ဖြစ်မှာပါ။ မင်းဟာ သတင်းထောက် ကောင်း တစ်ယောက် ဖြစ်နိုင်တယ်။ လွှတ်တော် အမတ်ဘဝထက် သတင်းထောက် ဘဝကို မင်း ပိုပျော်မှာပါ။ ကိုယ်ကျွမ်းကျင်တာလုပ်၊ ကိုယ်မြတ်နိုးတာပဲ လုပ်၊ မင်းကြည့်ရတာ သတင်းစာသမားဘဝကို မြတ်နိုးပုံပါပဲ” လို့ သူက ဆုံးမပါတယ်။

အဲဒီဘဝမှာပဲ ပျော်နေခဲ့တာ အခုဆို နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။

ကျော်စောမင်း

Credit: လင်းလက်ခဲ့တဲ့ လမ်းပြကြယ်

3 comments:

စံပယ်ချို said...

ဟုတ်တာပေါ့နော်
ကိုယ်ကျွမ်းကျင်တာလုပ်ပြီး ကိုယ်မြတ်နိုးတဲ့အလုပ်ဆိုရင်
ကိုယ့်ဘ၀အတွက်
အကောင်းဆုံးပါပဲ
ခင်တဲ့
jasmine

Thiha Lu Lin said...

မဂျက်... ကော်မန့်လေးနဲ့ စကားပြောတဲ့ပုံစံက ဘယ်တော့ပဲ ဖြစ်ဖြစ် အရမ်း တည်တည်ငြိမ်ငြိမ်ရှိတယ်နော်... :)

ဧဒင်အချစ်ပုံပြင် said...

မှတ်သား သွားပါတယ်နော် အကို..