Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, January 22, 2012

မမြင်တာကြာတဲ့ သူ့မျက်နှာ


မမြင်တာကြာတဲ့ သူ့မျက်နှာ
ရုတ်တရက် မှတ်မထင်ချိန်မှာ တွေ့လို့
ပျော်ရွှင်အံ့သြ အချစ်ပိုတယ်....
ဒါဟာ ကျွန်တော့ချစ်သူ


မမြင်တာကြာတဲ့ သူ့မျက်နှာ
အရင်လို နှစ်လိုဖွယ်အပြုံးနဲ့
အသည်းယားအောင် ရယ်တယ်....
ဒါဟာ ကျွန်တော့ချစ်သူ

မမြင်တာကြာတဲ့ သူ့မျက်နှာ
ဖြူစင်ဝင်းပ လမင်းလေးနှယ်
ကြည်ကြည်လင်လင် သိပ်လှတယ်...
ဒါဟာ ကျွန်တော့ချစ်သူ

မမြင်တာကြာတဲ့ သူ့မျက်နှာ
မျက်ဝန်းလေးမှာ တွဲရစ်ခိုတွယ်
ဖုံးကွယ်ထားတဲ့ အလွမ်းတွေ့တယ်....
ဒါဟာ ကျွန်တော့ချစ်သူ

မမြင်တာကြာတဲ့ သူ့မျက်နှာ
နှုတ်ခမ်းဖူးစိုလေးက တီတီတာ
ချစ်ခွန်းမဆိုသာ ချိုစိမ့်နေတယ်....
ဒါဟာ ကျွန်တော့ချစ်သူ

မမြင်တာကြာသွားလည်း
အချစ်မပြယ်နိုင်အောင် စွမ်းတဲ့
သူ့မှော်အစွမ်းမှာ မရုန်းသာပဲ
ငါ ကိုယ်တိုင် လွင့်မျောသွားတယ်....
ငတ်မွတ်တမ်းတနေတဲ့ ကိုယ်သင်းရနံ့နဲ့
ထွေးပွေ့နွေးထွေးစေခဲ့တာ
မမြင်တာကြာတဲ့ ငါ့ချစ်သူ ခွန်းမျက်နှာပါ။         ။

သီဟလုလင်

(အရမ်းလွမ်းနေချိန်မှာ အနားကို မမျှော်လင့်ဘဲရောက်လာပေးတဲ့ အမြဲချစ်ရပါသော ချစ်သူ ခွန်း (KST) အတွက်ပါ)

3 comments:

Thameesan said...

ခွန်းကိုပြောလိုက်ပါ..
ညီမလေးကံကောင်းတယ်လို့း)

ခင်မင်လျှက်

စံပယ်ချို said...

ချစ်သူခွန်းရေ.....
သိလိုက်တော့နော်
ခွန်းအတွက်တဲ့

ချစ်စံအိမ် said...

ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ