Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 21, 2012

အခြမ်းမဲ့ ချမ်းတဲ့ ညနေ


ဒါဏ်ရာကို
ဂစ်တာထဲ ထည့်ပြီး
ညရဲ့ ရင်အုံပေါ် ပစ်တင်လိုက်တော့
အဆွေးတွေက
ကြွေကျလာ...


ကန္တာရမှာ မှည့်ဝင်းမယ့်
လမင်းသစ်သီးရေ...
ဖြစ်သလို နေတတ်ခဲ့ပေမယ့်
ဖြစ်သလို မချစ်တတ်တာမို့
နေရာထိုင်ခင်းကိုတော့
အတတ်နိုင်ဆုံး ရှင်းထားတယ်
မင်းလာလိမ့်မယ်ထင်လို့။


ဒီမှာ...
အနွေးဓာတ်ရဖို့
ဖြတ်စညှပ်စ ချည်မျှင်တွေကိုဆက်
တစ်ကိုယ်စာ စောင်တစ်ထည်ကို
ယက်နေမိတော့တယ်။         ။

ချမ်းမင်းအိမ်



Credit: သူဖတ်ဖို့ အချစ်ကဗျာများ

0 comments: