Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 07, 2012

နားဆင်ချင်စရာ တေးစုလေးများ



ကျွန်တော် နားဆင်နှစ်သက်သဘောကျမိတဲ့အတိုင်း ပြန်လည်ဖောက်သည်ချ လက်တို့ချင်ပါတယ်။ ဒီတေးစုလေးတွေကို နားဆင်ပြီး ပျော်ရွှင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီတေးစုလေးတွေကို ဝယ်သိမ်း နားဆင်ချင်တယ်ဆိုရင် CD II ကနေ တစ်ပြည်လုံးကို ဖြန့်ပေးထားပြီမို့ နီးစပ်ရာ စူပါမားကတ်တိုင်းမှာ မေးဝယ်နိုင်သလို၊ ဗိုလ်ချုပ်ဈေး က S N' W တေးသံသွင်းမှာလည်း ဝယ်ယူနားဆင်နိုင်ပါပြီ။




Destiny’s Child အဖွဲ့ကို ဂီတချစ်သူတိုင်း နှစ်သက်ကြပြီး၊ ရင်းနှီးပြီးဖြစ်မှာပါ။ Kelly ကလည်း အဲဒီ မိန်းကလေး R & B အဖွဲ့ထဲက အဖွဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် Beyonce လောက် နာမည်ကြီးခွင့် မရခဲ့တဲ့သူလို့ ဆိုရပါမယ်။ လူတိုင်းကလည်း Beyonce ပဲဖြစ်ချင်တယ်။ Kelly တော့မဖြစ်ချင်ဘူးလို့ ဟာသစကားဆိုရလောက်အောင်ကို ကြိုးစားကြတာချင်း တူပေမယ့် စန်းချင်းမတူကြတာမို့ Kelly တစ်ယောက် ထင်သလောက် ထိုးဖောက်တက်မလာခဲ့ပါဘူး။ ဒီတေးအယ်လ်ဘမ်ဟာ Kelly အတွက် ဒုတိယမြောက် တစ်ကိုယ်တော် မှတ်တိုင်ပါ။ R & B ဂီတအမြူးလေးတွေနဲ့ ဖမ်းစားဖို့ ကြိုးစားထားပါတယ်။ ရုပ်သံတွေမှာ အောင်မြင်နေတဲ့ I’m Dat Chick သီချင်းနဲ့ တေးအယ်လ်ဘမ်ကို စ ဖွင့်ထား ပြီး သီချင်းစုစုပေါင်း (၁၀) ပုဒ်နဲ့ မနားတမ်း နားဆင်ချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ R & B တေးအယ်လ်ဘမ်တွေရဲ့ အစဉ်အလာလိုဖြစ်နေတဲ့ Featuring အဆိုတော်တွေ ပါဝင်တတ်တဲ့အတိုင်း Lil Playy, Lil Wayne, Big Sean, Rico Love နဲ့ David Guetta တို့က ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ တေးအယ်လ်ဘမ်ကို ဇူလိုင်လ ၂၂ ရက်နေ့က စတင် ဖြန့်ချိခဲ့ပြီး US Billboard 200 စာရင်းမှာ နံပါတ် (၃) နေရာ နဲ့ US Top R&B/Hip Hop Album စာရင်းမှာ နံပါတ် (၁) နေရာ အသီးသီးချိတ်နိုင်ခဲ့တဲ့ တေးအယ်လ်ဘမ်ကောင်းတစ်ချပ်ပါ။ သီချင်းအများစုကတော့ Dance ဂီတ လွှမ်းမိုးနေပြီး အရင်တေးအယ်လ်ဘမ်ထက် ထူးခြားတဲ့အပြင်အဆင် ပြောင်းလဲမှုလေးတွေ လုပ်ထားတာကို ခံစားနားဆင်ရပါတယ်။ ဒီတေးအယ်လ်ဘမ်ကို Kelly တစ်ယောက် ပထမတေးအယ်လ်ဘမ် ထွက်ပြီးတဲ့ ၂၀၀၈ ခုနှစ်ကတည်းက ပြင်ဆင် အသံသွင်းလာခဲ့တာမို့ အချိန်အကြာကြီးယူပြီး အကောင်းဆုံးပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီထဲက David Guetta နဲ့ တွဲဆိုထားတဲ့ Commander သီချင်းဆိုရင် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက လူသိများပြီးသား သီချင်းပါ။ ဒီတေးအယ်လ်ဘမ်မှာ ခုမှ ပြန်ထည့်ဖြစ်ခဲ့ပုံရပါတယ်။ မြူးကြွနေတဲ့ R & B သီချင်းတွေကို နှစ်သက်သူတိုင်း သဘောကျနိုင်မယ့် ဒီတေးအယ်လ်ဘမ်ကို Universal Motown Records ကနေ တစ်ကမ္ဘာလုံးကို ဖြန့်ချိပေးနေတာပါ။

Here I Am (KELLY ROWLAND) Album Mini-Info
ဂီတအမျိုးအစား
R & B, Pop
လူကြိုက်များသည့်သီချင်းများ
1. Motivation (feat. Lil Wayne)
2. Lay It On Me (feat. Big Sean)
3. Commander (feat. David Guetta)
4. Down For Whatever



Hold On ‘Til The Night (GREYSON CHANCE)

အရွယ်ငယ်ငယ်လေးတွေနဲ့ ပါရမီပြည့်စုံလွန်းလို့ စင်ပေါ်ရောက်လာကြတဲ့ လူငယ်တွေ ကမ္ဘာအနှံ့အံသြချီးကျူးဖွယ် ကောင်းလောက်အောင်ကို တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွန်းလို့လာနေပါတယ်။ ခု ဒီတေးသံရှင်လေးကလည်း အတော်လေးမှ ငယ်သေးတဲ့ အသက်အရွယ်နဲ့ပါ။ ဒါပေမယ့် ပါရမီကတော့ ထူးလွန်းပါတယ်။ အသက် (၁၄) နှစ်သာ ရှိသေးတဲ့ Greyson အတွက် ဒီတေးအယ်လ်ဘမ်ဟာ ပထမဆုံးသော မှတ်တိုင်ပါ။ Lady GaGa ကို အားကျနှစ်သက်လွန်း ပြီး Lady GaGa ရဲ့ Paparazzi သီချင်းကို ပြန်ဆိုကာ You Tube တင်ခဲ့လို့ နာမည်ကျော်လာခဲ့တဲ့ ဒီကောင်လေးက သူ့ရဲ့ ပွဲဦးထွက်တေးအယ်လ်ဘမ်မှာ ထူးခြားတဲ့ Pop Rock သီချင်းလေးတွေ ထည့်သွင်းသီဆိုထားတာ ကြားကြရမှာ ဖြစ်ပါတယ်။ သီချင်း စုစုပေါင်း (၁၀) ပုဒ် ထည့်သွင်းပေးထားပြီး သူ့ရဲ့ အဆိုပါရမီကောင်းမွန်တာကို လေးစားအံ့သြဖွယ် နားဆင်ကြရမှာလည်း ဖြစ်ပါတယ်။ စန္ဒရားတီးတဲ့နေရာမှာလည်း တမူထူးစွာ ပါရမီကောင်းလှတာမို့ သူ့ရဲ့ သီချင်းတိုင်းမှာ သူကိုယ်တိုင်တီးခတ်တဲ့ စန္ဒရားလက်သံလေးတွေကလည်း လွင့်ပျံ့နေပါလိမ့်မယ်။ Facebook သုံးသူတိုင်း သိထားကြတဲ့ Unfriend လုပ်တဲ့ကိစ္စလေးကို သူက သီချင်းခေါင်းစဉ်လေးအဖြစ် ယူသုံးပြီး သီဆိုလိုက်တဲ့အခါ လူငယ်တိုင်းနှစ်သက် အားပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ Unfriend You သီချင်းလေးဟာ အောင်မြင်မှုကြီးကြီး ရခဲ့သလို Greyson ကိုလည်း ပိုပြီး နှစ်သက်သွားကြစေပါတယ်။ Justin Bieber လက်သစ်လေးအဖြစ် တင်စားခံနေရတဲ့ Greyson ရဲ့ တေးအယ်လ်ဘမ်သစ်လေးကတော့ လူငယ်ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးတေးအယ်လ်ဘမ် ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။


Hold On ‘Til The Night (GREYSON CHANCE) Album Mini-Info
ဂီတအမျိုးအစား
Pop Rock
လူကြိုက်များသည့်သီချင်းများ
1. Waiting Outside The Lines
2. Unfriend You



သီဟလုလင်

0 comments: