Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 21, 2012

ကိုယ့်အချစ်က အော်လ်တာနေးတစ်ဗ်



အလိုရှိတဲ့အခါ
မင်းအနားက အိမ်မွေးခွေးလှလှလေး။

အလိုမရှိတဲ့အခါ
မင်းလွှင့်ပစ်ဖို့ အသင့်ဖြစ်နေတဲ့ ညမွှေးပန်း။



လူတစ်ယောက်
အတ္တစိတ်နဲ့ ရုန်းကြွနေသော လိုအင်များ
ဘာမှမရလည်း ဖြစ်တယ်။

မျှော်လင့်ခြင်းဆိုတာ
တစ်စုံတစ်ရာလိုအပ်နေခြင်းရဲ့
သင်္ကေတ။

စိတ်ပိုင်းဆိုင်ရာ
အသားစိုင်သက်သက်ခန္ဓာနဲ့ အနမ်း
ဘာမှ မလိုတော့
ဘာမှ မမျှော်လင့်ဘူး။

ဆန္ဒရှိသလား
ရောက်ရာအရပ်က ဆက်သွယ်လိုက်ပါ
ဆန္ဒမရှိဘူးလား
နီးစပ်ရာအမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါ။

အဆင်သင့်
ကိုယ့်အဓိပ္ပာယ်က
“မင်းအလိုတော်အတိုင်း”ပဲ။

အောင်ရင်ငြိမ်း

Credit: သူဖတ်ဖို့ အချစ်ကဗျာများ

0 comments: