Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, January 13, 2012

ချီးကျူးစကား ဒီလိုပြောမယ်


“စစ်မှန်တဲ့ ချီးကျူးစကားပြောဆိုခြင်းဟာ အကောင်းဆုံးလက်ဆောင်”

သူငယ်ချင်းကြားဖူးလား၊ “စစ်မှန်တဲ့ ချီးကျူးစကား ပြောဆိုခြင်းဟာ အကောင်းဆုံးလက်ဆောင်” တဲ့။ သိပ်မှန်တာပဲနော်။ တစ်ယောက်ယောက်က ကိုယ်လုပ်ထားတာ သိပ်ကောင်းတာပဲလို့ ပြောရင် မကျေနပ်တဲ့သူ မရှိဘူး မဟုတ်လား။ ပြီးတော့ အဲဒီ ချီးကျူးစကားလေးတစ်ခွန်းကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာတာ၊ ကျေနပ်အားရတာတွေက တန်ဖိုး မဖြတ်နိုင်ဘူးလေ။


ကိုယ့်ကို ချီးကျူးစကားဆိုလာရင် အဲဒါမျိုးတွေ ခံစားရသလို သူများကို ချီးကျူးစကားပြောတဲ့အခါမှာလည်း ဒါလေးတွေတော့ သတိထားသင့်တယ်။ အဲဒါတွေက ချီးကျူးတဲ့အခါ စိတ်ပါလက်ပါ ရင်ထဲက ပါပြီး ချီးကျူးဖို့၊ မလိုအပ်ဘဲ မြှောက်ပင့်ပြီး ပုံကြီးချဲ့ ချီးကျူးတာမျိုး မလုပ်ဖို့နဲ့၊ ဘယ်သူပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စ တစ်ခုခုလုပ်တိုင်း ရင်ထဲက လာတဲ့ ချီးကျူးစကားပြောဖို့ပါပဲ။

ကဲ... ဒါဆိုရင် ချီးကျူးစကား လက်ဆောင်လေး ပြောပြီး လူတွေကို စိတ်ချမ်းသာ ပျော်ရွှင်စေကြရအောင်နော်။



Credit: T. club Magazine

0 comments: