Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, January 24, 2012

ဘူတာရုံနဲ့တူတဲ့ ကောင်မလေး


-   ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ စောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ ဘူတာရုံကလေးရေ... လွမ်းတယ်...။

-    အရမ်းကြီး မဟုတ်ပေမယ့်... တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။



-    ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်...
ပြောပါ... မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ။
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ...
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ...။

-    ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ...
... လာမယ်...။
မင်းရဲ့ ဘူတာရုံကလေးဆီ...
... လာမယ်...။

-    ဟောဒီကောင်... ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ...။
... နောက်ကျသွားတယ်။

-    အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့ အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ်...။

မင်းခိုက်စိုးစံ

Credit: သူဖတ်ဖို့ အချစ်ကဗျာများ

5 comments:

ဘိုဖြူ said...

အချစ်ကဗျာလေးဖတ်ခဲ့ပါတယ်

စံပယ်ချို said...

သီဟရေ
ကဗျာလေးကောင်းတယ်နော်

Candy said...

အချစ်ကဗျာလေးပဲ...
အချစ်ကဗျာတွေ တင်နေပုံထောက်ရင် တခုခုတော့ တခုခုပဲ ဟဟဟ
နောက်တာ :P

အလင်းသစ် said...

ဟတ်ချိုး..ဟတ်..ဟတ်ချိုးးးး
နှလုံးသားလေး ဖျားနေတယ်ဗျာ။။ အချစ်ကဗျာတွေ
မဖတ်ရဲသေး..ဟေးဟေး။။။

aungkolatt said...

- ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ စောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ ဘူတာရုံကလေးရေ... လွမ်းတယ်...။

- အရမ်းကြီး မဟုတ်ပေမယ့်... တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။



- ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်...
ပြောပါ... မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ။
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ...
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ...။