Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, January 23, 2012

လင်းလက်ခဲ့တဲ့ လမ်းပြကြယ် (Howard Schultz)


(“အကြံကောင်းရင် တစ်ချက်၊ အမှီကောင်းရင် တစ်သက်” ဆိုတဲ့ ဆိုရိုးစကားလေးနဲ့ မျိုးဆက်သစ်တို့ကို ဆုံးမခဲ့ကြတာ မြန်မာတို့ရဲ့ ရှေးထုံးအစဉ်အလာဖြစ်ပါတယ်။ တစ်ချက်တည်းသာ ဖြစ်ပေမယ့် အကြံကောင်းဆိုရင် ရွှေကြောကြီးတွေ့သလို ဖြစ်မယ်၊ အရိပ်ကောင်းကောင်းမှာ မှီလိုက်ရရင်လည်း တစ်သက်တာ လုံခြုံအေးချမ်းကြီးပွား ထွန်းကားမယ်ပေါ့။ “အကြံကောင်းရင် တစ်ချက်” ဆိုတဲ့ ဆုံးမစကားက ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ဒီဆုံးမစကားကို သိတော့ သိပါရဲ့၊ တစ်သက်လုံး စိတ်ကူးထုတ်လာတာ ခုထိ ဘာအကြံကောင်းမှ မထွက်သေးဘူးဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အကြံကောင်း တစ်ချက်ကို အားကိုးထိုက်သူ တစ်ဦးဦးဆီက ရလိုက်တာမျိုးက ပိုပြီး အဆင်ပြေတတ်ပါတယ်။ ဆရာသမား၊ မိဘဆွေမျိုး စတဲ့ အားကိုးထိုက်သူတွေဆီက အကြံကောင်းတစ်ချက်ကြောင့် ဘဝလမ်းကြောင်းပြောင်းပြီး ကြီးပွားလင်းလက်သွားတဲ့ ဥပမာတွေကို တင်ပြလိုက်ပါတယ်။)

Howard Schultz
Chairman, Starbucks
“ကိုယ့်မှာ ဘာတွေ မသိတာ၊ မတတ်တာရှိသလဲ ဆန်းစစ်၊ ပြီးတော့ အဲဒါတွေ သိတဲ့ တတ်တဲ့လူတွေခေါ်ခန့်”


ခေါင်းဆောင်မှုပညာမှာ Warren Bennis ဟာ လေးစားခံရတဲ့ နာမည်ကျော် ပညာရှင်တစ်ယောက်ပါ။ ကျွန်တော်ဟာ သူ့ဟောပြောပွဲတစ်ခုကို ကံကောင်းစွာနဲ့ နားထောင်ခွင့် ရလိုက်ပါတယ်။ သိပ်သဘောကျသွား တာနဲ့ တွေ့ခွင့်တောင်းပြီး အကြံတောင်းပါတယ်။ အဲဒါကြာပါပြီ။ ၁၉၈၀ ဝန်းကျင်ကဆိုတော့ ကျွန်တော်တို့ ကုမ္ပဏီတောင် စာရင်းဝင် မဖြစ်သေးပါဘူး။

နှစ်တွေကြာလာတာနဲ့အမျှ Warren ဟာ ကျွန်တော့အတွက် အလွန်တန်ဖိုးရှိတဲ့ ဆရာသမား၊ အကြံပေးအရာရှိနဲ့ ယုံကြည်ရတဲ့ မိတ်ဆွေကောင်းကြီး ဖြစ်လာခဲ့ပါတယ်။ သူပေးခဲ့တဲ့ အကြံတွေဟာ အဆင့်တိုင်းမှာ ရှိခဲ့၊ အသုံးဝင်ခဲ့တာတွေ ဖြစ်လို့ အကောင်းဆုံးဟာ ဘာလဲဆိုတာတောင် ထုတ်ပြဖို့ ခက်ပါတယ်။ စောစောပိုင်းပြောခဲ့ပြီး နောင်လည်း ထပ်ထပ်ပြောခဲ့တာကတော့ "Invest ahead of the growth curve" ဖြစ်ပါတယ်။ (မျှော်မှန်းထားတဲ့တိုးတက်မှုအဆင့်ထက် ကျော်ပြီး ရင်းနှီးမြှုပ်နှံဖို့ပါ။ ပညာရေးနဲ့ မြင်သာအောင် ပြောရရင် ငါးတန်းကလေးကို ခြောက်တန်းစာ ကြိုသင်ခိုင်းတာပါ။) နောက်တစ်ခုကတော့ ဝန်ထမ်းတွေရဲ့ ပညာရည်၊ အတွေ့အကြုံနဲ့ အရည်အသွေးတွေကို လက်ရှိနဲ့ ငြိမ်မနေဘဲ တိုးပွားအောင် အမြဲလုပ်နေဖို့ပါ။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ရင် ကိုယ့်မာနနဲ့ အတ္တကို ဖိနပ်ချွတ်မှာ ထားခဲ့ပြီး ကိုယ်ဘာမသိသေးသလဲ၊ မတတ်သေးသလဲဆိုတာ ဆန်းစစ်နေရမယ်လို့လည်း ဆုံးမပါတယ်။ ကိုယ့်လုပ်ငန်းကို ကမ္ဘာ့အဆင့်မီ လုပ်ငန်းကြီး ဖြစ်လာဖို့ ရည်မှန်းထားရမယ်လို့လည်း အကြံပေးပါတယ်။

ကျွန်တော်က နိုးနိုးကြားကြားနဲ့ တာဝန်သိတဲ့လူတွေနဲ့ လုပ်ငန်းထောင်ချင်တာပါ။ ပြောရတာတော့ လွယ်တယ်။ လုပ်ရတာ ခက်ပါတယ်။ ဝန်ထမ်းတွေဟာ အရည်အသွေးတွေ၊ အရည်အချင်းတွေနဲ့ ပြည့်နေရုံမျှသာမကဘဲ ဦးတည်ချက်၊ ယုံကြည်ချက်ပါ တစ်သားတည်း ဖြစ်နေကြဖို့ လိုပါတယ်။ ကျွမ်းကျင်ရာ လိမ္မာတာတွေ၊ အမြတ်အစွန်းရဖို့ နည်းလမ်းရှာကြံနိုင်တာတွေနဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီမျိုးမဟုတ်ဘဲ အတ္တ-ပရ အကျိုးမျှအောင် စဉ်းစားပြီး လူသားဝန်းကျင်ကို ကောင်းကျိုးပြုတဲ့ ကုမ္ပဏီ ဖြစ်စေရမယ်ဆိုတဲ့ ဆန္ဒဇွဲက ကျွန်တော်တို့ ကုမ္ပဏီအတွင်းမှာ ချည်ထားတဲ့ ကြိုးပါ။

ကျော်စောမင်း

Credit: လင်းလက်ခဲ့တဲ့ လမ်းပြကြယ်

0 comments: