Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, July 22, 2012

ရင်းနှီးမှုလေးကို တန်ဖိုးထားပေးပါ


ဘယ်သူပဲဖြစ်ဖြစ်...
ဘယ်အခါပဲဖြစ်ဖြစ်...
ဘယ်အခြေအနေပဲဖြစ်ဖြစ်...
ကိုယ်ပိုင်ဆိုင်ရရှိထားတဲ့ ရင်းနှီးကျွမ်းဝင်မှုလေးတစ်ခုကို
တန်ဖိုးထားတတ်ဖို့လိုပါတယ်။

လူ့ဘဝဆိုတာ တကယ့်တိုတိုလေး...
လူသန်းပေါင်းများစွာထဲကမှ ရှားရှားပါးပါး တိုက်တိုက်ဆိုင်ဆိုင်လေး ဆုံကြုံခွင့်ရခဲ့တာမို့...
သာမာန် ရင်းနှီးကျွမ်းဝင်မှုလေးဖြစ်သည့်တိုင်အောင်
တန်ဖိုးထားတတ်ဖို့လိုပါတယ်။

ကိုယ့်ရဲ့ အလေးအနက်မထားတဲ့ စကားတစ်ခွန်းက တစ်ဘက်လူကို ပြင်းစွာထိရှစေတတ်သလို၊
ကိုယ်ရဲ့ အလေးအနက်မထားတဲ့ အာရုံတစ်ခုကလည်း
တစ်ဘက်လူကို နာကျည်းစေတတ်ပါတယ်။

ဘာလုပ်လုပ် ကိုယ်ချင်းစာစိတ်လေးထားပြီး အတ္တကို နည်းနိုင်သမျှ နည်းစေခြင်းဖြင့်...
ရင်းနှီးကျွမ်းဝင်မှုလေးရဲ့ တန်ဖိုးကို တက်စေတာ အကောင်းဆုံးပါ။

တန်ဖိုးမထားတာကို ခံစားရဖန်များလာတဲ့ တစ်ဘက်လူကလည်း တူညီတဲ့ တုံ့ပြန်မှုတွေ ရှိလာခဲ့မှလည်း အပိုစကားတွေနဲ့ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့တော့။ စိတ်ပျက်ခြင်းဟာ ဘယ်လိုနည်းနဲ့မှ ပြန်ဖြေဖျက်ဖို့ မလွယ်တဲ့ ကိစ္စမို့ပါ။

ခဏတာကြုံဆုံလာရတဲ့ ဘဝမှာ အပျော်လေးတွေနဲ့ပဲ ဆုံကြုံစေဖို့ ရင်းနှီးကျွမ်းဝင်မှုတိုင်းကို တန်ဖိုးထားလိုက်ရအောင်ပါ။

သီဟလုလင်

3 comments:

mstint said...

မှန်တာပေါ့ သီဟရေ။ တိုတောင်းတဲ့ လူ့ဘဝကြီးထဲမှာ တစ်ပါးသူရဲ့ ပေးဆပ်မှုကို လစ်လျူမရှုဘို့အရေးကြီးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

မှတ်သားသွားပါတယ်ရှင်

တွတ်တွတ် said...

ကျွန်တော်ကတော့..ခင်မင်မှုအတိုင်းအတာ(ဘော်ဒါကေ့စ်)တွေမှာ....လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားတတ်ပါဘူး။ ကျွန်တော့်အပေါင်းအသင်းတွေထဲမှာ..ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ လုပ်ငန်းရှင်၊ ဆိုက်ကားဆရာ၊ ကားဒရိုင်ဘာ၊ အရက်သမား၊ ဘိန်းစား အစုံရှိပါတယ်။ ကိုယ့်လက်ချောင်းလေးတွေ အတို/အရှည်မတူညီပေမယ့် အင်္ဂါစုံမှ လိုရာအလုပ်ကို အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်နိုင်သလို၊ အလွှာစုံနဲ့အံဝင်ဂွင်ကျပေါင်းသင်းနိုင်မှ..ရောက်ချင်တဲ့ ပစ်မှတ်ကိုတည့်တည့်ရောက်မှာပါ။ (စာသိပ်မရေးတတ်လို့.နားလည်မှုလွဲသွားရင်.နားလည်ပေးပါဗျာ)