Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, December 04, 2011

ဘယ်ဘက်ရင်အုံက ဒါဏ်ရာ

မြူငွေ့တွေ ရှူလိုက်ရတဲ့ အခိုက်မှာ
ဘာမှ မဆိုင်တဲ့သူကို နင့်ခနဲ သတိရမိတယ် ..
သူကတော့ သိမှာတောင် မဟုတ်ဘူး ..

တစ်ယောက်တည်း မက်ခဲ့တဲ့ အိပ်မက် ..
Doreme ရဲ့ "တစ်ဘက်သတ်ရုပ်ရှင်" သီချင်း
အသက်ဝင်ပြီ ထင်ပါရဲ့ ..


coffee တစ်ခွက်နဲ့ မအေးချင်ယောင်ဆောင်နေခဲ့တဲ့
ဒီဇင်ဘာညရဲ့ နှင်းငွေ့တွေကတော့
ရိုင်းရိုင်းပျပျ ကကြိုးဆင်နေကြတယ် ..

တစ်ယောက်တည်း ဘုံကြိုးပြတ်ခဲ့ရတဲ့ ညတွေအတွက် ..
Diary လေးလဲ သိသလို အိပ်မက်တွေလဲ သက်သေကွယ် ..
မင်းရဲ့ မှုန်ပျပျ သူငယ်ချင်း ဘဝမှာပဲ ငါ ပျော်နေမိတယ် ..

မင်း မလိုချင်တဲ့ ငါ့ဘဝရဲ့ ချမ်းအေးတဲ့ ဒါဏ်ကို တွန်းလှန်နေပါတယ် ..
ခံနိုင်ရည် အင်အားတွေ မဲ့အောင်လို့တော့
စကားလုံးတွေနဲ့ ထပ် မနှိပ်စက်ပါနဲ့ - တောင်းပန်ချင်မိရဲ့

တကယ်ဆို သူ သိဖို့ မရည်ရွယ်ပါဘူး ..
လူ မိသွားတဲ့အခါ ငါ့ ချစ်ခြင်းတွေကို ပြန်လည် သိမ်းဆည်းဖို့ မေ့သွားခဲ့
နင် မြင်သွားတဲ့အခိုက်မှာ မသိချင်ယောင်သာ ဆောင်နေပေးနိုင်မှာလား ..

မကြည့်မိအောင် အားတင်းထားပါတယ် ..
ဒါပေမယ့် တနေ့တခေါက်တော့ မင်း profile ဆီကို ရောက်ရောက်နေမိတယ် .
နင်ဟာ ညှို့တတ်လေသော မြွေတစ်ကောင်လား .. ?

တစ်ဘက်သတ်လေးပါပဲ ..
သူ ချစ်တဲ့ တစ်ဘက်သူကို သတ်ချင်တာတော့ မဟုတ်ဘူး ..
အဲ့ဘဝကို တမ်းတမ်းစွဲ အားကျမိနေတဲ့ ငါ - ဒါပေမယ့် မျိုသိပ်ထားခဲ့ရတယ် .

တကယ်ဆို မလှမ်းသင့်တဲ့ပန်း - နမ်းချင်မိတာကိုက ငါ့အပြစ် ..
ကမ်းလင့်တဲ့ လက်အစုံကို ရိုက်ချပစ်ခဲ့လေသော
ကြမ်းတမ်းတဲ့ ကံကြမ္မာဆိုတာကြီးကို မုန်းတယ် ..



- စိုး သူ ရ -

(စကားချပ် - ဒီကဗျာလေးကို ရေးတဲ့ ညီ စိုးသူရ က စာရေးကောင်းသလို၊ သူ့ကဗျာလေးတွေကလည်း ကိုယ်တိုင်ခံစားထားရလို့ထင်တယ် ဖတ်သူရဲ့ စိတ်မှာ ထပ်တူညီတဲ့ ခံစားချက်လေးများ ပေးစွမ်းနိုင်ပါတယ်။ ဒီကဗျာလေးကို ဖတ်ရတော့လည်း စိတ်ထဲမှာ ခံစားထိခိုက်သွားရလို့ ကျွန်တော့ Blog မှာ တင်ပါရစေဆိုပြီး ခွင့်တောင်းလို့ တင်လိုက်တာပါ။)

0 comments: