Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, December 16, 2011

ကျွန်တော်ကြိုက်သော Christmas သီချင်းများ (၁)


ကျွန်တော့ရဲ့ Blog လေး အသက်မဝင်နိုင်ခဲ့တာ ရက်ပိုင်းလေး ကြာနေပြီ။ ဒီရက်ပိုင်း ကျွန်တော် အလုပ်နည်းနည်း ပိနေပါတယ်။ ကျွန်တော့ရဲ့ အလုပ်ကိုက နှစ်ကုန်ပိုင်းမှာ ပိုပြီး အလုပ်များတတ်တာမျိုးမို့ပါ။ အမှန်ကတော့ ကျွန်တော့ရဲ့ ခရီးသွားဆောင်းပါးလေးကို ဆက်ရေးချင်နေတယ်။ ကျွန်တော် ရေးစရာလေးတွေ အသင့်လည်း ရှိနေပါတယ်။ ဒါပေမယ့် မရှိတာက အချိန်ဖြစ်နေလို့ပါ။ ခုလည်း ရတဲ့ အချိန်လေးမှာ ကျွန်တော့ Blog လေး အသက်ဝင်စေချင်လို့ ကျွန်တော် ကြိုက်ခဲ့ရတဲ့၊ ကြိုက်နေဆဲဖြစ်တဲ့၊ ခရစ္စမတ် သီချင်းလေး တချို့ကို ဝေမျှပေးချင်ပါတယ်။
ခရစ္စမတ်ရဲ့ အဓိပ္ပါယ်ကိုက ချစ်ခြင်းမေတ္တာနဲ့ ဝေမျှခြင်းတွေပါနေတော့ ကျွန်တော်ကလည်း ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ကျွန်တော်ကြိုက်တဲ့ ခရစ္စမတ်သီချင်းလေးတွေကို ရုပ်ရော အသံပါ ပူးတွဲခံစားနိုင်အောင်လို့ You Tube ကနေ ရှာဖွေပြီး တင်ပြပေးလိုက်ရပါတယ်ဗျာ။ တချို့သီချင်းလေးတွေက သီချင်းအနေနဲ့ ရှိပေမယ့် အရုပ်အနေနဲ့ အသက်မဝင်လာတော့၊ You Tube မှာ ဖြတ်ညှပ်ကပ် ပုံလေးတွေပါတဲ့ ဗီဒီယိုအနေနဲ့ ရှိပေမယ့် ကျွန်တော်က အဲလိုမျိုးသီချင်းတွေကျတော့ ခံစားလို့ သိပ်မရပြန်ဘူး။ ဒါကြောင့် တတ်နိုင်သမျှ အဲလို ဖြတ်ညှပ်ကပ်မပါတဲ့ ခရစ္စမတ် ဗီဒီယိုမျိုးကို ရွေးချယ်ထားပါတယ်။ ဒါတောင် တစ်ပုဒ်က ပါသွားသေးတယ်။ ဒါလေးတော့ သည်းခံပြီး အသံအနေနဲ့ခံစားပေးပါ။ အဲဒီတစ်ပုဒ်ပါပဲ။ ကျန်တာတွေကတော့ အရုပ်အသံ အားလုံး လိုက်ဖက်ကောင်းမွန်ပါတယ်။


ကျွန်တော်က ခါတိုင်းနှစ်တွေမှာတော့ City FM နဲ့ Shwe FM ကနေ ဒီလိုအချိန်ဆို ခရစ္စမတ်သီချင်းလေးတွေ ထုတ်လွှင့်ပေးနေကျဆိုတော့ International Hits အစီအစဉ်နဲ့ Good Night Melody အစီအစဉ် ပရိတ်သတ်တွေ ကတော့ မှတ်မိဦးမှာပါ။ ခုလည်း ကိုယ့်ကိုကိုယ် ရေဒီယိုဒီဂျေ တစ်ယောက်လိုခံစားပြီး သီချင်းလေးတွေ ဖွင့်ပြလိုက်ပါတယ်။ အင်း ရေဒီယိုဒီဂျေတော့ မဟုတ်တော့ဘူးပေါ့။ Blog DJ! 

ပထမဆုံး ကြည့်ရှုနားဆင်စေချင်တဲ့ ခရစ္စမတ်သီချင်းလေးက ခရစ္စမတ်တိုင်း ဘယ်တော့မှ ရိုးမသွားတဲ့ သီချင်းလေး။ ဘုရားကျောင်းတွေမှာ ဆိုကြတယ်။ သတင်းကောင်းလိုက်ဝေတဲ့ Carol Singing အဖွဲ့တွေ ဆိုကြတယ်။ သီချင်းခွေတွေမှာ ဆိုကြတယ်။ Club တွေမှာ ဖွင့်ကြတယ်။ အဲဒီလိုမျိုး လူတိုင်းက သဘောကျကြတဲ့ သီချင်းလေးပါ။ ခရစ္စမတ်သီချင်းတွေထဲမှာ မြူးမြူးလေး ဆိုလို့ကောင်း၊ ကလို့ကောင်းတဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ ကျွန်တော် ဆယ်ကျော်သက်အရွယ်တုန်းကတော့ Carol Singing ထွက်ရင် အဲဒီသီချင်းကို ဆိုလို့ကတော့ အားရ ပါးရ ကပြီး အော်ဆိုလိုက်တာပဲ။ ခုထိလည်း အဲဒီသီချင်းလေးကြားရင် မြူးကြွနေတုန်း။ သီချင်းလေးနာမည်က Feliz Navidad တဲ့။ ပြန်ဆိုထားကြတဲ့ အဆိုတော်တွေ များပေမယ့် ကျွန်တော်က ခရစ္စမတ်ကို မြူးမြူးလေးနဲ့ ကြိုဆိုချင်တာမို့ Remix Version လေးနဲ့ ဗီဒီယိုလေးကို ရွေးပြီးတင်ပြပေးလိုက်ပါတယ်ဗျာ။ အားလုံးကိုလည်း Merry Christmas လို့ စပြီး နှုတ်ဆက်ချင်ပါတယ်။




မြူးမြူးကြွကြွလေးနဲ့ နားဆင်ခဲ့ပြီးရင်တော့ ကျွန်တော်ကြိုက်တဲ့ ခရစ္စမတ်သီချင်းလေးတွေ များစွာထဲက ဒီနှစ်မှ အသစ်ထွက်လာတဲ့ Justin Bieber ရဲ့ ခရစ္စမတ်သီချင်းတစ်ပုဒ် ရွေးပေးချင်ပါတယ်။ ကျွန်တော်က JB ရဲ့ Fan မဟုတ်ပေမယ့် ဒီသီချင်းလေးဟာလည်း ဘယ်တော့မှ မရိုးတဲ့ ခရစ္စမတ်သီချင်းလေးဖြစ်လို့ ကျွန်တော် ဝေမျှချင်တာပါ။ Santa Claus Is Coming To Town တဲ့။ ကျွန်တော် ငယ်ငယ်ကတည်း ခရစ္စမတ် ဘိုးဘိုးကြီးဆိုတဲ့ Santa Claus ကို အရမ်းယုံကြည်ခဲ့တယ်။ နှစ်တိုင်းလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့ ညဆို လက်ဆောင်လေးတွေ တောင်းတယ်။ တောင်းတဲ့အတိုင်းလည်း ဒီဇင်ဘာလ ၂၅ ရက်နေ့မနက်မှာ ရောက်တယ်ဆိုတော့ မယုံဘဲနေမလား။ ဒါဟာ တကယ်တော့ ခရစ္စမတ်မျက်လှည့်လေးပါ။ ကဲ သီချင်းလေးကို ဆက်ပြီး ခံစားကြည့်ပါဦးဗျာ။




ဒီတစ်ခါတော့ ခရစ္စမတ် သီချင်းကြီးတွေဘက်ကို သွားကြရအောင်။ ရိုးတော့ မသွားဘူး။ ဒါပေမယ့် ကြားရတဲ့သူအဖို့ လေးတွဲတွဲကြီး ခံစားရနိုင်တဲ့ သီချင်းလေးပါ။ တကယ်တော့ ဒီသီချင်းလေးက အရမ်း အဓိပ္ပါယ် ပြည့်ဝ လေးနက်ပါတယ်။ သီချင်းလေးက Silent Night တဲ့။ သီချင်းအေးလေးကို နားထောင်ရ ကြည့်ရသူတွေ မပျင်းအောင်လို့ ကျွန်တော်က အားလုံးကြိုက်မယ်ထင်တဲ့ Beyonce ဆိုထားတဲ့ သီချင်းကို ရွေးပေးချင်ပါတယ်။ Live Performance ဖြစ်လို့ သဘောကျကြမှာပါ။




ယှဉ်ပြီးနားထောင်ချင်တဲ့သူတွေအတွက် ဒီ Silent Night သီချင်းကိုပဲ Britney Spears က Live ဆိုထားတာလေး ထပ်ရှာထားပါတယ်။ ခရစ္စမတ် ဂန္တဝင်သီချင်းကြီးကို အကသီချင်းတွေအများဆုံးဆိုတဲ့ အဆိုတော်မမ က ဘယ်လိုများ သီဆိုမလဲ ဆိုတာကို ခံစားကြည့်ပါဦး။ စောစောက Beyonce ဆိုတာနဲ့လည်း ယှဉ်ပြီး နားထောင်အကဲဖြတ်နိုင်တာပေါ့ဗျာ။




ခရစ္စမတ်သီချင်းကြီးကိုပဲ ဆက်တိုက် နားဆင်ကြည့်ရှုလိုက်ရတော့ နည်းနည်းပျင်းသွားမှာစိုးလို့ ကျွန်တော် ခရစ္စမတ်နောက်ခံ အချစ်သီချင်းလေးကို ရွေးပေးချင်ပါတယ်။ ဒီသီချင်းကို ပြန်ဆိုကြတဲ့သူတွေ များပေမယ့် ကျွန်တော်ကတော့ မြန်မာပရိတ်သတ်အကြိုက်ကိုလိုက်ပြီး အားလုံးသိတဲ့ Shakira ရဲ့ Version ကို ဖွင့်ပြပေးချင်ပါတယ်။ Santa Baby ဆိုတဲ့ ခရစ္စမတ်နောက်ခံ အချစ်သီချင်းလေးကို Shakira ကလည်း Live ဖျော်ဖြေတင်ဆက်ထားပါတယ်ဗျာ။




ကဲ ကျွန်တော်ရှာဖွေထားတဲ့ ခရစ္စမတ်သီချင်းလေးတွေ ရှိသေးပေမယ့် ကျွန်တော့ Blog Post လေး အရမ်းရှည်သွားမှာ စိုးလို့ ဒီမှာခဏ ဖြတ်ထားလိုက်မယ်။ ရက်ပိုင်းအတွင်း နောက်ထပ် ကျွန်တော် အရမ်းကြိုက်တဲ့ ခရစ္စမတ်သီချင်းကောင်းလေးတွေကို အားလုံးကြိုက်တဲ့ နာမည်ကျော်အဆိုတော်တွေရဲ့ Version တွေနဲ့ ခံစားရစေဦးမှာပါဗျာ။ အားလုံးပဲ MERRY CHRISTMAS!!!! ပါ။

ဆက်ပါဦးမယ်။

သီဟလုလင်

0 comments: