Galaxy Series တွေကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့တဲ့ Samsung ရဲ့ အိုင်ဒီယာသစ်လေးက တကယ်ကို အလန်းစားလို့ ပြောနိုင်ပါတယ်။ သတင်းက ကြားနေရတာကြာပြီ။ Camera ကို OS နဲ့ သုံးလို့ရတယ်မယ်တဲ့။ ကျွန်တော့အထင်တော့ လက်ကိုင်ဖုန်းလေးလိုပဲ နေမှာလို့ ထင်ထားပါတယ်။ ရိုးရိုး ဒီဂျစ်တယ် ကင်မရာလေး ဖြစ်မယ်ပေါ့။ ဒါမျိုးတွေကို တချို့ တရုတ်ကလာတဲ့ MP4 Player တွေမှာ တွေ့နေရတာပဲ။ ဆွဲဆောင်မှုမရှိဘူးလို့ထင်ပါတယ်။ ဒါပေမယ့်...
ဒါပေမယ့် Samsung Galaxy Camera လေး ကျွန်တော့လက်ထဲ ရောက်လာချိန်မှာတော့ လိုချင်စိတ်က ဘယ်လိုမှ ထိန်းမရအောင်ပါဘဲ။ ကျွန်တော်တို့ အရွယ်တွေ ခုတလော သိပ်ရူးနှမ်းနေကြတဲ့ အရာက Professional Camera တစ်လုံး ရှိချင်တာပါ။ ခရီးလေးတွေ သွားပြီး ဗဟုသုတလေးတွေရှာချင်၊ အပျော်တမ်းထက် သာလွန်တဲ့ ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာလေးနဲ့ ဟိုရိုက် ဒီရိုက်လုပ်ချင်နေတတ်ကြ တယ်လေ။ ပရော်ဖက်ရှင်နယ် ကင်မရာတွေရဲ့ အားနည်းချက်ဆိုရမှား တစ်ခုက နည်းပညာပိုင်း လေ့လာဖို့ လိုအပ်သလို၊ ကင်မရာနဲ့ စပ်ဆက်ပစ္စည်းတွေရဲ့ ဈေးကလည်း အင်မတန်မြင့်မားတာပါပဲ။ ဒါတွေကို ကျွန်တော် ကိုင်တွယ်ထားတဲ့ Galaxy Camera လေးက အတိုင်းအတာ တစ်ခုထိ ဖြေရှင်းပေးနိုင်ပါတယ်။
အကြောင်းကတော့ သူ့မှာပါဝင်တဲ့ ထူးခြားချက်လေးတွေကြောင့်လို့ ဆိုရပါမယ်။
၂၁ ဆ အထိ ချဲ့ယူရိုက်ကူးနိုင်အောင် ကျစ်လျစ်ကောင်းမွန်တဲ့ မှန်ဘီလူးပါဝင်သလို၊ Display Screen က ၄.၈ လက်မထိတောင် ကျယ်ဝန်းပါတယ်။ သာမန် ကင်မရာတွေထက် ပိုကြီးတယ်လို့ ဆိုနိုင်တဲ့ အနေအထားပါ။ 17.0 mega pixel ပါဝင်ထားတာကလည်း ချဲ့ယူတာကို ပိုပြီး ထောက်ပံ့လို့ ကြည်လင်ကောင်းမွန်တဲ့ ပုံရိပ်အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ အထူးခြားဆုံးကတော့ Jelly Bean 4.1.1 Android OS ပါဝင်တာပါ။ ကင်မရာတစ်လုံးမှာ OS ထည့်သွင်းပေးထားပြီး လူကြိုက်များတဲ့ Jelly Bean Android ကို ထည့်သွင်းပေးထားတာမို့ လူတိုင်းနဲ့ မစိမ်းဘဲ၊ လွယ်လွယ်ကူကူ နားလည် အသုံးချနိုင်ပါတယ်။ Smart Phone တစ်လုံး အသုံးပြုနေရသလိုပါပဲ။
နောက်ထူးခြားချက်တစ်ခုက 3G/ 4G နဲ့ Wi-Fi တွေနဲ့ အင်တာနက် အသုံးပြုနိုင်တာပါပဲ။ 3G/ 4G နဲ့ အင်တာနက် အသုံးပြုချင်ရင် အဆင်ပြေဖို့ SIM Card ထည့်သွင်းပေးနိုင်ဖို့ နေရာလေး ပါဝင်ပါတယ်။ ဖုန်းတော့ ပြောဆိုလို့ မရဘဲ။ Data သီးသန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရိုက်ပြီးသမျှ ပုံလေးတွေကို အင်တာနက်ပေါ် တိုက်ရိုက်တန်းပြီး ဝေမျှနိုင်မှာဖြစ်ပါတယ်။
လုပ်ဆောင်ချက် အသေးစိတ်တွေကို လေ့လာကြည့်ကြရအောင်ပါ။
(၁) Seamless Connectivity (3G/4G & Wi-Fi)
GALAXY Camera နဲ့ ကိုယ်နှစ်သက်ရာ လူမှုမီဒီယာများကတဆင့် ကိုယ့်ရဲ့ ဓါတ်ပုံတွေ ဝေမျှနိုင်ပါတယ်။
(၂) Share Shot
သူငယ်ချင်းတွေ စုဝေးလို့ အမှတ်တရဓါတ်ပုံရိုက်တဲ့အခါ ကင်မရာအလုံးများစွာနဲ့ တစ်လှည့်စီ ရိုက်ရတာမျိုး မလိုတော့ပါဘူး။ GALAXY Camera တစ်လုံးတည်းနဲ့ ရိုက်ပြီး တခြားရှိသမျှ Samsung Galaxy ဖုန်းတွေ ဖြစ်စေ၊ တခြား Wi-Fi Direct စနစ်ပါရှိတဲ့ ကိရိယာတွေ ဖြစ်ပါစေ၊ ကိရိယာ (သို့မဟုတ်) ဖုန်း (၅) ခု ကို တိုက်ရိုက် ပေးပို့နိုင်မှာပါ။
(၃) Smart Pro Mode
ပရော်ဖက်ရှင်နယ်ကင်မရာကြီးနဲ့ ရိုက်ကူးသလို အဆင့်မြင့် ဓါတ်ပုံတွေကို ရိုက်ကူးချင်သူများအတွက် အထူးပြုလုပ်ချက်များစွာ ပါဝင်တာမို့ နှစ်သက်သလို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
(၄) 21x Super Long Zoom
GALAXY Camera ရဲ့ ၂၁ ဆ ချဲ့ စူပါ မှန်ဘီလူးရှည်က ရိုက်ကူးလိုတဲ့အရာများကို အသေးစိတ် ချဲ့ယူ ရိုက်ကူးနိုင်ပြီး ရှင်းလင်းပြတ်သားကောင်းမွန်စွာ ချဲ့ယူနိုင်ပါတယ်။
(၅) Slow Motion Video
အနှေးရိုက်ဗီဒီယို လှလှလေး ရိုက်ချင်သူများအတွက် စိတ်ဝင်စားစရာ လုပ်ဆောင်ချက်ပါ။ တစ်စက္ကန့်ကို ၁၂၀ ဖရိန်နဲ့ ရိုက်ကူးနိုင်ပြီး ၇၆၈x၅၁၂ ရုပ်ထွက်အရည်အသွေး ပေးစွမ်းပါတယ်။
(၆) 4.8" HD Super Clear Touch Display
ကိုယ်တွယ်ထိတွေ့ ခိုင်းစေနိုင်တဲ့ ၄.၈ လက်မ အကျယ်ပုံဖော်မျက်နှာပြင်ပါဝင်ပါတယ်။
(၇) Voice Control
အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ ဒါကတော့ အရင် Galaxy SIII တွေထဲက အသုံးပြုနိုင်တဲ့ စနစ်ပါ။
(၈) Best Face
ကိုယ့်ရဲ့ မျက်နှာအနေအထား အကောင်းဆုံးပုံကို ကင်မရာမှ အလိုအလျောက် ရွေးချယ်ပေးနိုင်တဲ့ စနစ် ပါဝင်ပါတယ်။
ကင်မရာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကတော့ ဒီမှာပါ။
Specifications
Image Sensor: Approx.
17.0 Mega pixels
Lens: Focal
Length - 21x Zoom Lens f=4.1 ~ 86.1mm
Digital
Zoom – Play mode: 1.0X ~ Full size display
Focusing: TTL
Auto Focus (Center AF, Multi AF, Face Detection AF, Smart Touch AF)
Shutter Speed: Smart
Auto: 1/8 ~ 1/2000 sec, Program: 1 ~ 1/2000 sec,
Night:
8 ~ 1/2000 sec, Manual: 16 ~ 1/2000 sec
Exposure: Control – Program AE, Aperture
Priority AE, Shutter Priority AE, Manual Exposure
Metering –
Multi, Spot, Center-weighted, Face Detection AE
ISO
Equivalent – Auto, 100, 200, 400, 800, 1600, 3200
Flash: Modes - Auto, Auto
& Red-eye reduction, Fill-in flash, Slow sync, Flash Off, Red-eye fix
Range –
Wide: 0.2m ~ 6.2m (ISO Auto), Tele: 0.5m ~ 5.1m (ISO Auto), Flash EVC: ±1EV
(1/2 steps)
Recharging
Time – Approx. 4 sec
Still
Image: Shooting Mode:
1. Auto, 2. Casual(6 Mode), 3. Smart Pro(10 Mode), 4. Expert, Effect and Edit
Movie
Clip: Recording Smart
Movie: Movie Size – 1920x1080(30fps), 1280x720(60fps), 1280x720(30fps),
640x480(60fps), 640x480(30fps), 320x240(30fps), Slow Motion Video WVGA:
768x512(120fps, 60fps), Voice recording, Dual Capture, Edit.
Storage: External Memory: micro SDSC (up to
2GB), micro SDHC (up to 32 GB), micro SDXC (up to 64 GB)
ထူးခြားတဲ့ နောက်ဆုံးပေါ် နည်းပညာတိုင်းဟာ လူတိုင်းကို ဆွဲဆောင်မှုပေးနေတာပါ။ ဒါပေမယ့် ဒီကင်မရာလေးကတော့ အခြားဟာတွေထက် နည်းနည်း ပိုတယ်လို့ ပြောချင်ပါတယ်။ အရောင်အသွေး၊ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော့ကို အထူးဆွဲဆောင်လွန်းနေပါတော့တယ်။
သီဟလုလင်
0 comments:
Post a Comment