Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, December 19, 2012

လမင်းလေးရဲ့ အဝေးလူ


ညက ပိုအေးစက်လာလည်း
သူကတော့ မပြောင်းလဲဘဲ... ဟိုးမိုးမြင့်ထက်မှာ တောက်ပဆဲ။

နာရီတွေပဲ ငိုနေသလား
တိုးလို့ သွားတဲ့ စက္ကန့်တိုင်းဟာ ငါ့တွက်ခုတော့ လွမ်းမျက်ရည်များ။

ယောင်ပြီးတ တတ်တဲ့ နာမည်လေးတစ်ခု
နှုတ်ဖျားလှုပ်ရုံလေးပေမယ့် ရင်ထဲမှာတော့ ဟုန်းဟုန်းမြည်တယ်
နှင်းတောင်ဝေပြီ... ပြန်လာချိန်တန်ပြီထင်ရဲ့လေ။

သူဖျစ်ညှစ်ကစားဖူးတဲ့ ပါးပြင်လေးမှာ
အေးစက်တဲ့လေကို လှောင်ပြောင်ဖို့ ပူနွေးနွေးမျက်ရည်စီးပြီ
သူလေ... လမင်းလေးနဲ့ နီးချင်မိတယ်။

ဟိုးမနက်ခင်းတွေ... နှင်းနဲ့မြူတို့ဝေလို့
တစ်ခါက တူတူရှိဖူးတဲ့ မနက်ခင်းများကို လွမ်းမော၊
လမင်းလေးနဲ့ ကင်းမရသူမို့
အဝေးကပဲ တမ်းတရတယ်...
ဒီလူကို စာနာနိုင်ဖို့ ဒီကဗျာလေး ပို့လွှတ်လိုက်မယ်။
ချစ်သူ သိစေ နားလည်ပါစေသား။


သီဟလုလင်
(၁၈ ဒီဇင်ဘာလ ၂၀၁၂)

1 comments:

စံပယ်ချို said...

ဒီလူကို စာနာနိုင်ဖို့ ဒီကဗျာလေး ပို့လွှတ်လိုက်မယ်
ချစ်သူ သိစေ နားလည်စေသားတဲ့နော်.....
ချစ်သူဆိုသူလေးရေ.....သီဟကိုနားလည်လိုက်ပါကွယ်...