စပြီး စီစဉ်တုန်းကတော့ လွိုင်ကော်ကို သာသာယာယာ Tour Agent နဲ့ သွားမလို့ပါဘဲ။ သို့သော်လည်း သူတို့ဘက်က အကြောင်းတစ်ခုနဲ့ ခရီးစဉ်ကို သွားမယ့်နေ့ညနေ (၄) နာရီခွဲလောက်မှ ဖျက်တယ်ဆိုပြီး အကြောင်းကြားတော့ ဟပ်ကော့ကြီးနဲ့ အားချင်း ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ရတယ်။ မျှော်လင့်တာက ကယားပြည်နယ်ကို မရောက်တာကြာတာရော၊ အရင်တုန်းက မသိရ မလည်ရတဲ့ နေရာတွေကို အရောက်သွားချင်တာရော ရှိပေမယ့်လည်း အဆင်မပြေဖြစ်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါနဲ့ ချောင်းသား ငွေဆောင် သွားမယ်လို့ တွေးမိပြီး ကား စုံစမ်းတော့ ညကားတွေ မရှိတော့ဘူး။ မနက်ကားတွေကလည်း လိုင်းကားတွေပဲဆိုတော့ တစ်ရွာတက် တစ်ရွာဆင်းနဲ့ ဘတ်စ်ကားကြီးလို သွားရမယ်။ ပစ္စည်းတွေလည်း တင်ဦးမယ်ဆိုတော့ အဆင်မပြေပြန်ဘူး။ တခြားသွားဖို့ကလည်း အားလုံးနောက်ကျနေပြီ။ နောက်ဆုံးတော့ ကိုယ့်အတွက် အဆင်ပြေမယ့် မန္တလေး ကိုပဲ ရွေးလိုက်တော့တယ်။ မနက်ကားလေးနဲ့ ညနေရောက်ပေါ့။
ကြက်သားပဲရည်သုပ်
10 hours ago