ဒေါ်ပု ထမင်းဆိုင် က သံဖြူဇရပ်မြို့ ရဲ့ သံဖြုဇရပ်ကြီး ရှိတဲ့ အဝိုင်း နားလေးမှာ ရှိပါတယ်။ |
ကြုံတုန်းလေး ပြီးခဲ့တဲ့ အပတ် စနေ၊ တနင်္ဂနွေ အားလပ်ရက်လေး မော်လမြိုင်-သံဖြူဇရပ်-စက်စဲ-ကျိုက်ခမီ ဘက် သွားလည်တော့ စားခဲ့ရတဲ့ မြန်မာထမင်းဆိုင်လေး တစ်ခုကို ညွှန်းချင်ပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်သားတွေလည်း ခုနှစ်ပိုင်းတွေမှာ ကိုယ့်မြန်မာပြည်ထဲ ကျယ်ကျယ်ပြန့်ပြန့် သွားလည်နေကြတော့ အကယ်၍များ အဲဒီဘက် ရောက်ခဲ့ ပေါက်ခဲ့ရင် စားနိုင်အောင်ပါ။
ကျွန်တော်တို့ ညကတည်းက ထွက်လာတာ မနက်စောစော ကျိုက်ခမီ ဘက်ရောက်တယ်။ ပြီးတော့ စက်စဲကမ်းခြေဝင် ရေဆော့ပြီး နေ့လည်စာကို သံဖြူဇရပ်မှာ ဝင်စားဖြစ်ကြတယ်။ သေမင်းတမန်ရထားလမ်းကို မဝင်လည်ခင်လေးပေါ့။ အဲဒီ သံဖြူဇရပ်မှာ သံဖြူဇရပ်မြို့ရဲ့ အထင်ကရ သံဖြူဇရပ်ကြီး ရှိတဲ့ အဝိုင်း တစ်ခုရှိတယ်။ အဲဒီနားလေးတင် ဒီ မြန်မာထမင်းဆိုင်ကို ရှာတွေ့နိုင်ပါတယ်။ ဆိုင်နာမည်က "ဒေါ်ပု ထမင်းဆိုင်" တဲ့။ လူလည်း အတော်ကျတယ်။ ရွေးချယ်စရာ မြန်မာဟင်းအစုံပေါ့ ဆီပြန်တွေ၊ အကြော်တွေ၊ အသုပ်တွေ အစုံပါပဲ။