ငါ့မနက်တွေဟာ အရင်လို အမှားများနဲ့ နိုးထနေရဆဲ
ငါ့နေ့လည်စာဟာလည်း အဆွေးဟင်း တစ်ခွက်မပါမဖြစ်နဲ့
ငါ့ညအိပ်မက်မှာတော့ အရင်က မင်းအနမ်းတွေ ခြောက်လှန့်နေခဲ့တယ်။
ဘယ်ဆီမှာလဲ ဘယ်ရောက်နေလဲ ဘယ်တော့ပြန်လာမလဲ
အသည်းနှလုံးက မေးတဲ့ မေခွန်းပေါင်းများစွာ
သူကအနားမှာပါ သူရှိနေပါတယ် သူပြန်လာတော့မှာပါ
ဦးနှောက်က နှစ်သိမ့်အဖြေစကားက ခါးသီးစွာ
"မှတ်မိသေးလား" တစ်ခါက ရုတ်တရက်ပြောလာတဲ့ စကား
သိပ်မှတ်မိနေတာပေါ့...
ဒါက မပြောင်းလဲနိုင်မယ့် ရင်ဘတ်ထဲက အစစ်တွေမို့လား
ငါ့မှာတော့ မနက်ခင်းတိုင်းမှာ
မျက်လုံးအဖွင့်...
မြင်ရမယ့် မင်းမျက်နှာ ဖူးဖူးလေးအတွက်
ငိုရတဲ့ ညတွေသာ ဆက်နေပါတော့တယ် အချစ်ရေ။
သီဟလုလင်
၂၂ စက်တင်ဘာလ ၂၀၁၂
2 comments:
မရေးဘူး မရေးဘူး ထင်နေခဲ့တာ ရေးမယ့်ရေးတော့လဲ
တကယ်ကိုလန်ထွက်နေပါလားသီဟရေ
မျှော်လင့်ရခြင်း မနက်ခင်းတိုင်းသာ မဟုတ်ပဲ
မျှော်လင့်ရခြင်း အချိန်တိုင်းသာ ပိုများကောင်းမလားလို့
(ဆရာလုပ်ဝေဖန်ခဲ့ပြီနော်)
ခင်မင်တဲ့ jasmine
ဟဲဟဲ ဟုတ်ပနော်... မဂျက် ဝေဖန်မှပဲ ပြန်သုံးသပ်မိတော့တယ်။ ကျေးဇူး မဂျက်ရေ...
Post a Comment