ကျွန်တော့ရဲ့ နေ့စဉ်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကြားမှာ မကြာခဏဆိုသလို ကြားရတတ်တဲ့ ညည်းညူသံလေးတွေ ရှိပါတယ်။
"ဒီနေ့ ဈေးရောင်းမကောင်းဘူး။"
"အလုပ်မဖြစ်ဘူး။ ကြွေးတင်တယ်။"
"အထက်က စီနီယာတွေက မတရားဘူး။ အလုပ်မှာ ဒီလောက် စေတနာထားလုပ်ပေးတာတောင် ငါ့ကို နားမလည်ကြဘူး။"
ဒီစကားလေးတွေကို ဟိုတစ်စ ဒီတစ်စ ကြားနေရတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ဘယ်သူမှ၊ ဘယ်အရာမှ ပြည့်စုံကောင်းမွန်တယ်ဆိုတာမှ မရှိနိုင်ဘဲ။ ဒီအထဲကမှ အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးဆိုတာမျိုးနဲ့ ကျွန်တော်တို့တွေ ကျေနပ်ရောင့်ရဲ ကြရတာပဲ မဟုတ်ပါလား။
"ဒီနေ့ ဈေးရောင်းမကောင်းဘူး။"
"အလုပ်မဖြစ်ဘူး။ ကြွေးတင်တယ်။"
"အထက်က စီနီယာတွေက မတရားဘူး။ အလုပ်မှာ ဒီလောက် စေတနာထားလုပ်ပေးတာတောင် ငါ့ကို နားမလည်ကြဘူး။"
ဒီစကားလေးတွေကို ဟိုတစ်စ ဒီတစ်စ ကြားနေရတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ဘယ်သူမှ၊ ဘယ်အရာမှ ပြည့်စုံကောင်းမွန်တယ်ဆိုတာမှ မရှိနိုင်ဘဲ။ ဒီအထဲကမှ အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးဆိုတာမျိုးနဲ့ ကျွန်တော်တို့တွေ ကျေနပ်ရောင့်ရဲ ကြရတာပဲ မဟုတ်ပါလား။
နေ့စဉ် နေ့တိုင်းမှာ အဆိုးတွေ ဆိုတာ ပုံစံ အမျိုးမျိုးနဲ့ ထင်မှတ်မထားတဲ့ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ ဆီကို တိုးဝင်ချဉ်းကပ်လာကြပါတယ်။ ကျွန်တော်တို့ကို အမျိုးမျိုး အလဲထိုး အနိုင်ယူဖို့လည်း ကြိုးစားကြတယ်။ ဒီလို နေ့စဉ် အဆိုးမျိုးစုံကြောင့်လည်း ကမ္ဘာကြီးပေါ်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်လို့ အရှုံးပေးထွက်ခွာသွားကြသူတွေလည်း မနည်းမနော ရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့် ထွက်ပေါက် တစ်ခုတော့ မဟုတ်တန်ရာပါဘူး။
မှတ်သားဖူးတဲ့ အဆိုအမိန့်လေးတစ်ခု ရှိတယ်။
"လူတွေဟာ သူတို့ရဲ့ လက်ရှိဘဝအတွက် ပတ်ဝန်းကျင် အနေအထားတွေကို အမြဲ အပြစ်ဖို့ကြတယ်။ ကျွန်တော်ကတော့ ပတ်ဝန်းကျင် အနေအထားကြောင့် ဆိုတာကို အယုံအကြည် မရှိဘူး။ ဒီကမ္ဘာပေါ်မှာ ပေါက်ပေါက်မြောက်မြောက် ဖြစ်နေသူများဟာ သူတို့လိုချင်တဲ့ ပတ်ဝန်းကျင်အနေအထားမျိုးကို ကြိုးစား ရှာဖွေတယ်။ မတွေ့ရင်လည်း အဲဒီ အနေအထားမျိုး ဖြစ်လာအောင် ဖန်တီးယူတယ်။" - ဂျော့ခ်ျ ဘားနာ့ဒ်ရှော (၁၉၈၆ - ၁၉၅၀)
ဒီစကားလေးက သိပ်ကောင်းတာပဲ။ ကျွန်တော်တို့တွေရဲ့ ဘဝမှာ အကောင်းဆိုတာတွေ လာတော့မှာမို့ အဆိုးဆိုတာတွေကို ခုခဏ ရင်ဆိုင်နေကြရတာလေ။ ဒီအချိန်ခဏလေးကို သည်းခံခြင်းအပြည့်၊ နောက်လာမယ့် အကောင်းလေးတွေအတွက် ကြိုတင်ရွှင်လန်းခြင်း အပြည့်နဲ့ ဖြတ်သန်းနိုင်ခဲ့ရင် ပေါ့ပေါ့ပါးပါးနဲ့ အခက်အခဲတွေ၊ အဆိုးတွေကို အောင်အောင်မြင်မြင် နည်းလမ်းမှန်မှန်နဲ့ ဖြတ်သန်းလာနိုင်ကြမှာပါ။
ကျွန်တော့ကိုယ့်တွေ့ဖြစ်ရပ်လေးတစ်ခုပေါ့။ ပြန်တွေးတိုင်းလည်း ကျေးဇူးတင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိပါတယ်။ ဟိုးအရင်ကာလတုန်းက အလုပ်ခွင်မှာ ကျွန်တော် အရှက်ကွဲ မျက်ရည်ကျရတဲ့အထိ အပြောအဆိုခံခဲ့ရစဉ်ကပေါ့။ ကိုယ်တိုင်လည်း အလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ခဲ့တဲ့တိုင် ဒီလို မထင်မှတ်ထားတဲ့ ဖြစ်ရပ်ကြောင့်ဘဲ ကျွန်တော် သိပ်မြတ်နိုးရတဲ့ အလုပ်ခွင်ကို စွန့်လွှတ်ခဲ့ရတယ်။ အဲဒီအချိန်တုန်းကတော့ တော်တော်လေး စိတ်ဆိုးချင်စရာပါ။ စိတ်နာမယ်ဆိုရင်တောင်ရတဲ့ အနေအထား။ ဒါပေမယ့် အဲဒီအချိန်က အဲဒီလို အဆိုးတရား၊ အခက်အခဲဆိုတာကို ကြုံဆုံခဲ့ရလို့လည်း၊ ဒီနေ့ ဒီအချိန်မှာ အဲဒီအလုပ်ထက် များစွာ ကောင်းမွန်တဲ့နေရာတစ်ခုမှာ ရောက်ရှိသွားရတယ်ဆိုတာ အခြားသူတွေထက် ကိုယ့်ကိုကိုယ် သိရှိနေရတော့ ဘယ်လောက် ကျေနပ်ပြုံးပျော်ရသလဲ။ ဒီအချိန်မှာ အဲဒီအချိန်က မျက်ရည်ကျခဲ့ရတဲ့ ကိစ္စရပ်လေးကို ပြုံးပြုံးလေး ပြန်တွေးပြီး အဲဒီပုဂ္ဂိုလ်ကို ကျေးဇူးတွေ တင်နေနိုင်ခဲ့ပြီလေ။ သူကြောင့်သာ မဟုတ်ခဲ့ရင် နွားစားခွက်လေးထဲမှာ အနည်ထိုင် ခမ်းခြောက်သွားတဲ့ ဘဝလေး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အဆိုးဆိုတာတွေကို လုံးဝလက်မမြှောက်ဘဲ အကောင်းတွေ လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်နဲ့ ရဲရဲရင်ဆိုင်တိုးဝင်သင့်ပါတယ်။
အောင်မြင်တဲ့သူတွေရဲ့ တစ်ဖက်မှာ ဘာသာတရားရဲ့ အဆုံးအမ၊ ပဲ့ပြင်မှုဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုမို့၊ ဘုရား တရား မမေ့ဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့် ဘာသာရေးဟာ အရေးပါသလဲဆိုရင် ဘဝရဲ့ အဆိုးတွေကို ကြံ့ကြံ့ခိုင်နိုင်ဖို့ရာမှာ မိမိစိတ်ကို အတည့်မတ်စေနိုင်ဆုံးအရာ၊ အတည်ငြိမ်စေနိုင်ဆုံးအရာ၊ ယုံကြည်မှုအမွေးဖွားနိုင်ဆုံးအရာတစ်ခု ဖြစ်လို့ပါ။ အဆိုးတွေကို ရဲရဲရင်ဆိုင်နိုင်ဖို့ ဘာသာတရားရဲ့ အထောက်အမလည်း လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ အဆိုးတွေနဲ့ ကြုံဆုံရပြီဆိုတိုင်း ဘာသာတရားကို ယခင်ထက် ပိုမိုလုပ်ဆောင်သင့်ပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် ပုံစံအမျိုးမျိုးနဲ့ ကြားနေရတဲ့ ညည်းညူးစကားတွေကလည်း ထပ်ကြားနေရဦးမှာပါ။ ဒါပေမယ့်လည်း ဒီစကားရပ်တွေကို ကြားရတိုင်းတော့ အဆိုးထဲက အကောင်းကို ဘယ်လို ရှာရမလဲဆိုတာ တွေးတော အားသစ်မွေးဖို့ပါပဲ။ ပြည့်စုံခြင်းဆိုတာ ဘယ်အခါမှ မရှိတဲ့ လောကကြီးမှာ အဆိုးချည်းပဲလည်း မဖြစ်နိုင်တာမို့ နောင်လာမယ့် အကောင်းတွေအတွက် ခုခဏရင်ဆိုင်နေရတဲ့ အဆိုးဆိုတာကို ကျွန်တော်တို့တွေ ပြုံးရွှင်ကျေနပ်စွာနဲ့ပဲ လက်ခံကြိုဆို ရင်ဆိုင်လိုက်ရအောင်လား။
သီဟလုလင်
စက်တင်ဘာလ ၃၀၊ ၂၀၁၂
0 comments:
Post a Comment