Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, February 04, 2013

တစ်နေရာဆီ ဝေးလို့နေလည်း...


လွမ်းတယ်...
ဖုန်းက ကြားတဲ့ အသံလေးကို လွမ်းတယ်
သူပြောတတ်တဲ့ မပီကလာ စကားသံလည်း လွမ်းတယ်။
သူပို့တတ်တဲ့ မက်ဆေ့ခ်ျလေးတွေ လွမ်းတယ်
နေ့စဉ် ကြည့်နေကျ သူ့ ပရိုဖိုင်းလည်း လွမ်းတယ်။
သူပို့ပေးနေကျ သီချင်းလေးတွေ လွမ်းတယ်
သူရေးတတ်တဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ စာတမ်းလေးတွေလည်း လွမ်းတယ်။
သူ ဂရုစိုက်တတ်တာကို လွမ်းတယ်
သူ ချွဲတတ်၊ ဆိုးတတ်တာလည်း လွမ်းတယ်။
အချစ်က အနီး အဝေး မဆိုင်ဘူးဆိုပေမယ့်
အချစ်နဲ့တော့ အမြဲတူတူ နေချင်ပါတယ်။
လွမ်းတတ်လို့ပါ။



သီဟလုလင်
၅ ဇန်နဝါရီ ၂၀၁၃

0 comments: