ခရစ္စမတ်ဟာ ဘာသာရေးအရ သိမ်မွေ့နက်နဲသလို၊ ပျော်ရွှင်ငြိမ်သက်ခြင်းတွေလည်း ပြင်ဆင်ပေးတယ်လို့ ကျွန်တော် ယူဆပါတယ်။ ပုဂ္ဂလိက ခံစားမှုပါ။ ထပ်တူခံစားရသူတွေလည်း ရှိနိုင်ပါတယ်။ ခရစ္စမတ်ဟာ နှစ်သစ်ကူးချိန်နဲ့ နီးကပ်နေတာမို့ အပျော်တွေကူးစက်ပြီး တစ်ခါတလေလည်း လေးနက်မှုတွေ ပျောက်ကွယ်နေတတ်ပြန်ပါတယ်။ ဒါပေမယ့် ခရစ္စမတ်ကတော့ နှင်းစက်များကြားမှာ အစဉ်အမြဲ အသက်ဝင်နေဆဲပါ။
ငယ်ငယ်ကတည်းက Santa Claus ကို သဘောကျချစ်ခင်ခဲ့တဲ့ ကျွန်တော်က Christmas သီချင်းလေးတွေမှာ ဆိုလည်း Santa Claus အကြောင်း ဆိုထားတာတွေကို သိပ်သဘောကျခဲ့ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Christmas သီချင်းလေးတွေကို အပိုင်း (၂) အနေနဲ့ ဆက်ပြီး တင်ဆက်ပေးတဲ့အခါ အရင်က ပြောထားသလိုပေါ့ Blog DJ လုပ်ပါရစေဦး။ ဒီတစ်ခါတော့ Christmas နောက်ခံ အချစ်သီချင်းလေးတွေကို အများဆုံး ရွေးပေးချင်ပါတယ်။ ဒီလိုဆိုတော့ ဘာသာ လူမျိုးမရွေး ခံစားနားဆင် ကြည့်ရှုနိုင်မှာပေါ့။












