![]() |
| တို့ဟူးကြော်ကို တို့ဟူးချဉ်လေးနဲ့ တွဲဖက်စားသုံးနိုင်ဖို့ ခင်းကျင်းပေးပါတယ်။ |
တောင်ကြီးမြို့ကို ရောက်လို့ ရှမ်းမနက်စာ ကောင်းကောင်းလေးကို ဆိုင်သန့်သန့်မှာ ထိုင်စားချင်ရင် လက်ရာကောင်းလို့ နာမည်ကြီးတဲ့ "ဆောင်းဦး" ခေါက်ဆွဲဆိုင် ကို ကျွန်တော် သွားနေကျပါ။ ဆိုင်ဆိုပေမယ့် ဟိတ်ကြီးဟန်ကြီးမရှိပါဘူး။ ခု တောင်ကြီးမှာလည်း ဟိတ်ဟန်အပြည့်နဲ့ ဆိုင်ခမ်းခမ်းနားနားတွေ ရှိလာပြီဆိုတော့ သေချာအောင် ရှင်းပြရတာပါ။ ပေါ့ပေါ့ပါးပါးဆိုင်လေးပါပဲ။
ပြီးခဲ့တဲ့ အခေါက်က တောင်ကြီးရောက်တော့ မရောက်တာကြာနေပြီဖြစ်တဲ့ "ဆောင်းဦး" ခေါက်ဆွဲဆိုင်လေးကို မနည်းရှာသွားလိုက်တယ်။ ကျွန်တော့ ရဲ့ problem က ကြိုက်တဲ့စားသောက်ဆိုင်လေး တွေ့ရင် မှတ်တော့ထားလိုက်တယ်။ နောက်ပြန်ရောက်ရင် ဘယ်နေရာလဲ အမြဲမေ့တယ်။ ဒီတစ်ဆိုင်လည်း အဲလိုပဲ။ ဗိုလ်ချုပ်လမ်းမကြီးပေါ်ကနေ လမ်းသွယ်တစ်ခုထဲ ဝင်သွားရတယ်ဆိုတာ မှတ်မိနေပေမယ့် ဆိုင်နာမည်က အစ မမှတ်မိတော့ဘူး။ ဒီတစ်ခါတော့ ဆိုင်နာမည်ကို အသေအချာ မှတ်လာပေမယ့် လမ်းသွယ်ရဲ့ နာမည် မမှတ်မိတော့ဘူး အဟီး။ စိတ်မပူပါနဲ့။ တောင်ကြီးရောက်လို့ စားမယ်ဆိုရင် "ဆောင်းဦး" ခေါက်ဆွဲဆိုင် ဆို တောင်ကြီးသူ တောင်ကြီးသားတွေ လမ်းညွှန်နိုင်ပါလိမ့်မယ်။










