Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, June 03, 2012

ညက အိပ်မက်တယ်


ညက အိပ်မက်တယ်...
သူ့နာမည်နဲ့ ရုပ်ပုံလေး ဖုန်းမျက်နှာပြင်ပေါ်ပြေးလို့
လှမ်းအကိုင်...
နွေးမြမြ အသံချိုက ရင်ကို အရင်လို လှုပ်ခတ်စေမြဲလေ။

ညက အိပ်မက်တယ်...
ကို... နေကောင်းရဲ့လား... မေးသံလေး လွင်လို့
နှလုံးသားထဲတိုင်...
ဆေးတစ်ခွက်လို ခန္ဓာကို အားအင်တွေ ပြည့်ဖြိုးစေမြဲလေ။

ညက အိပ်မက်တယ်...
အိပ်မက်မှာ ငါလည်း ရင်ခုန်ပျော်ရွှင်နေတာ
ဒီမနက်ထိပဲ...
ငါလွမ်းသလို မင်းလည်းလွမ်းလို့ထင်ရဲ့လေ။

တကယ်ပေါင်းစပ်ဖို့ဝေးတဲ့ဘဝတွေမို့၊ လက်လျော့ထားရတဲ့တိုင်
ငါတို့နှလုံးသားတွေက နီးနေဆဲပါလားလို့ သိရတဲ့ခဏ
အိပ်မက်ဟာ အိပ်မက်မဟုတ်တော့ဘူး
မင်းဟာ မင်းမဟုတ်တော့ဘူး
ငါဟာလည်း ငါမဟုတ်တော့ဘူး

ပြန်လာရင် အရင်လို တံခါးလေးဟလို့
ကြိုနေမှာ ဘယ်သူမှ မဟုတ်တဲ့ တစ်ခုတည်းသော အချစ် ပါ။
ညက အိပ်မက်တယ်...
ပြန်လာရင် ဖုန်းဆက်ပါ အချစ်ရယ်။

သီဟလုလင်



4 comments:

စံပယ်ချို said...

ညကအိပ်မက်မက်တယ်
သီဟ ကဗျာတင်ထားတယ်လာဖတ်ပါတဲ့
အဲတာနဲ့ ကဗျာလာဖတ်နေတာ

Thiha Lu Lin said...

ဟဟဟဟ.... မဂျက်ကတော့ နောက်ပြီ။ မဂျက်တို့ လင်မယား နှစ်ယောက်လုံးကို သတိရနေပါတယ်ဗျာ... :)

ချစ်စံအိမ် said...

ပြန်လာရင် အရင်လို တံခါးလေးဟလို့
ကြိုနေမှာ ဘယ်သူမှ မဟုတ်တဲ့ တစ်ခုတည်းသော အချစ် ပါ။
ညက အိပ်မက်တယ်...
ပြန်လာရင် ဖုန်းဆက်ပါ အချစ်ရယ်။အိပ်မက်ကို ယုံဘူး။။

နွေလ said...

ညက အိပ်မက်မက်တယ်
အိပ်မက်ထဲမှာ ရည်းစားအသစ်ရတယ်
အဟဲ ...