တနင်္ဂနွေနေ့တိုင်း မပျက်မကွက် ဒေသနာတော်များကို ရပ်ဝေးရပ်နီးက ညီအစ်ကိုမောင်နှမတွေအတွက် ခွန်အားယူစရာ ပြန်လည်ဝေငှနိုင်ခွင့်ကို ဒီတစ်ပတ်မှာလည်း ထပ်မံရရှိလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဦးစွာ ချီးမွမ်းပါတယ်။ အသင်းတော်ကို အကြောင်းကြောင်းကြောင့် ဥပုသ်နေ့မှာ မလာရောက်နိုင်ကြတဲ့ ဘုရားရှင်ရဲ့သားသမီးတွေ ဝိညာဉ်ရေး အားမနည်းသွားစေဖို့ ကျွန်တော်လည်း ကိုယ်တတ်စွမ်းတဲ့ဘက်က ကြိုးစားတင်ပြဝေငှပေးနေပါတယ်ခင်ဗျာ။ ဒီတစ်ပတ်တော့ ဆရာကြီး အက်လိုင်းမင်း ရဲ့ "ဝိညာဉ်အလင်းကို ရ၍" ဒေသနာတော်ကို ဝေငှပေးသွားချင်ပါတယ်။ ဖတ်ကြားနာကြတဲ့ စာဖတ်သူ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေဗျာ။ Amen!
နိဒါန်း
သခင်ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့ကြောင်း သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့ ဖတ်ရှုခဲ့ကြရပါသည်။ (လုကာ၊ ၂၄:၃-၃၂) တွင် တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ သွားကြရင်း လွန်ခဲ့သော နှစ်ရက် သုံးရက်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဆွေးနွေးပြောဆိုနေကြပါသည်။ ထိုတပည့်နှစ်ယောက်တို့သည် ခရစ်တော် လက်ဝါးကားတိုင်မှာ အသတ်ခံရသည့်အကြောင်းကို ဆွေးနွေးပြောဆိုနေရင်းနှင့် ခရီးပြုနေကြခြင်း ဖြစ် ပါသည်။ သူတို့သည် စိတ်ဓါတ်ကျလျက် ရှိကြသည်။ သူတို့၏ မျှော်လင့်ချက်က သခင်ယေရှုသည် ယုဒလူများ လွတ်မြောက်ဖို့ ဦးဆောင်ပြီး ကယ်တင်မည်ဟု ယူဆနေခဲ့ကြသည်။ သူတို့သည် ကားတိုင်၌ ကိုယ်တော် အသေခံခဲ့ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုရင်း ခရီးပြုနေခိုက် သူတို့အနီးသို့ ကိုယ်တော် ရောက်ရှိ၍ လာခဲ့ပါသည်။ သို့သော် ထိုအချိန်၌ သူတို့၏ ဝိညာဉ်မျက်စေ့များကို ကွယ်ထား၍ ကိုယ်တော်မှန်း သူတို့ မသိကြပါ။ ကျွန်ုပ်တို့ အသက်တာ၌လည်း မကြာခဏ သွားလာရင်းနှင့် လူတစ်ယောက်ကို မိမိ တွေ့ဖူးသလို ရှိသည်ဟု ဇဝေဇဝါ မသေမချာ အဖြစ်မျိုး ကြုံဖူးကြမည် ဖြစ်သည်။ ကိုယ်တော်သည် သူတို့ နှစ်ဦးအား မည်သည့် အကြောင်းအရာကို ဆွေးနွေးနေကြသနည်းဟု မေးပါသည်။ ထိုအခါ လောဖ အမည်ရှိသောသူက သင်သည် ဧည့်သည် ဖြစ်သလော။ သို့ဖြစ်၍သာ ထိုမြို့၌ ဖြစ်ပျက်ခဲ့သော အကြောင်းအများကို မသိခြင်း ဖြစ်မည်ဟု ဆိုပါသည်။ မိမိတို့က သခင်ယေရှုကို ဣသရေလလူတို့အား ဦးဆောင်၍ ကယ်တင်မည့်သူ အဖြစ်မှတ်ယူထားကြသည်။ သို့သော် ထိုယေရှုက ယခု ကားတိုင်၌ သေသွားပြီဖြစ်သည်။ ငါတို့၏ အပေါင်းအဖော်မိန်းမအချို့တို့က ယေရှုကို သင်္ဂြိုဟ်ထားရာ သင်္ချိုင်းတော်သို့ မနက်စောစော သွားကြရာတွင် အလောင်းတော်ကို မတွေ့ရကြ။ သခင်ယေရှုသည် သေခြင်းမှ အသက်ရှင်ပြန်တော်မူသည် ဟု ကောင်းကင်တမန် ထင်ရှားသော ရူပါရုံကို တွေ့ကြောင်း ပြောဆိုကြသည်။ ထိုအမှုက မဖြစ်နိုင်ပါ။ သို့ဖြစ်၍ ထိုအကြောင်းအရာကို စဉ်းစားရင်း နားမလည်နိုင်၍ ဆွေးနွေးပြောဆိုနေခြင်း ဖြစ်ကြောင်း ဆိုကြပါသည်။
အလင်းကိုရ၍
ထိုတပည့်တော်နှစ်ဦးတို့၏ တွေဝေပြီး နားမလည်နိုင်မှုကို ရှင်းလင်းနိုင်စေဖို့ရန် ကိုယ်တော်သည် မေရှိယ သခင်ဖြစ်မည့်အကြောင်းကို ဆာလံ၊ မောရှေကျမ်းများ၌ ရေးသားဖော်ပြထားချက်များ အားဖြင့် ရှင်းလင်း ဖော်ပြသွန်သင်ပါသည်။ ကျွန်ုပ်တို့သည် ထို တပည့်တော်နှစ်ဦးကဲ့သို့ သခင်ယေရှုကိုယ်တော်တိုင် သွန်သင်ဖော်ပြသော ကျမ်းစာသင်တန်းများ တက်ရောက်ခွင့်ရပါက မည်မျှ ကောင်းမည်နည်း။ ကျွန်ုပ်တို့ အသက်တာ၌ ကိုယ်တော်ကိုယ်တိုင် သွန်သင်ခြင်းကို ခံရပါက မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းမည်နည်း။ ကိုယ်တော်သည် သူတို့နှင့်အတူ ခရီးသွားရင်း၊ သွန်သင်ရင်းနှင့် တဖြည်းဖြည်း ညဦးယံအချိန်သို့ ရောက်ရှိ လာခဲ့ပါသည်။ ထိုအချိန်က ညဘက်လုံခြုံရေး အခြေအနေအရ စိတ်မချရ၍ တပည့်တော်တို့က မိုးလည်း ချုပ်ပြီဖြစ်၍ ကျွန်ုပ်တို့နှင့်အတူ ဤည၌ တည်းခိုပါမည့်အကြောင်း ဖိတ်ခေါ်ကြပါသည်။ ထိုအခါ ကိုယ်တော်သည် သူတို့နှင့်အတူ အိမ်သို့ဝင်၍ ကျွေးမွေးပြုစုမှုကို ခံယူပါသည်။ အစာကို စားဖို့ရန် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီး မုန့်ကို ဖဲ့၍ သူတို့အား ပေးသည့်အခါမှ သူတို့သည် ဝိညာဉ်မျက်စိ ပွင့်၍ ကိုယ်တော်ဖြစ်သည်ကို သိကြပါသည်။ ကိုယ်တော်သည် သူတို့နှင့်အတူ သွားလာခဲ့စဉ်က လူ (၅၀၀၀) ကို ကျွေးမွေးတော်မူစဉ်၌လည်းကောင်း၊ လူ (၄၀၀၀)ကို ကျွေးမွေးတော်မူစဉ်၌လည်းကောင်း အစာကို ယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ လူများကို ပေးဝေတော်မူကြောင်း သတိရ မှတ်မိကြပါသည်။
သခင်ယေရှု သူတို့အား ဖွင့်ပြတော်မူသည့် ဝိညာဉ်အလင်းပေးမှု သုံးခုကို ဖော်ပြလိုပါသည်။
"သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့က လည်း လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။" (လုကာ၊ ၂၄:၃၁-၃၂)
ကျွန်ုပ်တို့ အသက်တာ၌လည်း သခင်ယေရကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော်လည်း ကျွန်ုပ်တို့ အသက်တာ၌ သခင်ယေရှုကို သိလာရခြင်းသည် ဤနည်းအတိုင်းပင် ဖြစ်ပါသည်။ တပည့်တော်တို့သည် ပထမဦးစွာ ဉာဏ်မျက်စိအလင်းပွင့်လာပြီး နှုတ်ကပတ်တော်၏ အနက်ကို နားလည်လာကြပါသည်။ သခင်ယေရှုကို ကျွန်ုပ်တို့ တစ်ကြိမ်မျှ မတွေ့ဖူးသော်လည်း ဝိညာဉ်တော် မှုတ်သွင်းထားခြင်း အားဖြင့် ရေးသားထားသော နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါ၊ ဝိညာဉ်တော်က ဖွင့်ပြသဖြင့် အသက်ရှင်တော်မူသော နှုတ်ကပတ်တော် တည်းဟူသော ခရစ်တော်ကို ကျွန်ုပ်တို့ သိလာရပါသည်။ ကိုယ်တော်သည် ကျမ်းစာကို ဖွင့်ပြ၍ အနက်ကို ဖော်ပြတော်မူခဲ့ပါသည်။ ဂိုဏ်းဂဏများအကြောင်း ကိုယ်တော်မသင်ပေးခဲ့ပါ။ ဘယ်အရာလုပ်ရမည်။ ဘယ်အရာမလုပ်ရဟူသည့် ပညတ်များကိုလည်း ကိုယ်တော်မချပေးခဲ့ပါ။ နှုတ်ကပတ်တော်သည် မိမိအကြောင်း ရေးသားထားခြင်း ဖြစ်သည်ဟုသာ ဖော်ပြ ခဲ့ပါသည်။ သခင်ယေရှုမည်သူဖြစ်ကြောင်းကို နှုတ်ကပတ်တော်အားဖြင့်သာ ကျွန်ုပ်တို့ သိနိုင်ကြပါသည်။
"ကိုယ်တော်ကို မပြစ်မှားဘဲ၊ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။" (ဆာလံ၊ ၁၁၉:၁၁)
ကျွန်ုပ်တို့ နှလုံးသားထဲမှာ မည်သည့်အရာကို သိုထားရမည်နည်း။ ဝိညာဉ်တော်အားဖြင့် ရေးသား ထားသော နှုတ်ကပတ်တော်ကို သိုထားရမည်ဖြစ်ပါသည်။ ထိုနှုတ်ကပတ်တော်ကို ဆင်ခြင်သည့်အခါ အသက်ရှင်တော်မူသော နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ သိကျွမ်းလာမည် ဖြစ်ပါသည်။
"နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။" (ဆာလံ ၁၁၉:၁၀၅)
သမ္မာကျမ်းစာကို ကျွန်ုပ်တို့ ဖတ်ရှုနေသော်လည်း ဝိညာဉ်အသက်မရှိသေးပါက ဝိညာဉ်အလင်းကို ဖွင့်ပြပေး မည့် ဝိညာဉ်တော် မရှိ၍ မည်သို့မျှ နားမလည်နိုင်ပါ။ သခင်ယေရှုသည် သမ္မာကျမ်းစာကို အခြေပြု၍ လောက၏ အလင်းဖြစ်သော ကိုယ်တော်ကို သိဖို့ရန် ဝိညာဉ်မျက်စိကို ပွင့်စေပါသည်။ ကိုယ်တော်သည် တပည့်တော်များအား ဝိညာဉ်မျက်စိကို ဖွင့်ပေး၍ မိမိသည် မည်သူ ဖြစ်ကြောင်း ဖော်ပြသည့်အခါ တပည့်တော်တို့ စိတ်နှလုံး၌ ယိုဖိတ်ခြင်းဖြစ်သကဲ့သို့ ကျွန်ုပ်တို့ အသက်တာ၌လည်း ဝိညာဉ်တော်ဖွင့်ပြခြင်းခံရသည့်အခါ ကိုယ်တော်ကို သိကျွမ်းခွင့်ရကြမည် ဖြစ်သည်။
ယုံကြည်သူတို့၏ အကျိုးအတွက်
လောကကြီးထဲ၌ လူအားလုံးလိုလို ရင်ဆိုင်ကြုံတွေ့ရသော ပြဿနာသုံးမျိုး ရှိပါသည်။ ပထမပြဿနာက အများအားဖြင့် လူတို့သည် အထီးကျန်ကြသည်။ ဒုတိယက ကျွန်ုပ်တို့အသက်တာ၌ ခိုကိုးရာမဲ့သကဲ့သို့ ဖြစ် ကြသည်။ နောက်ဆုံးတစ်ခုက လုံခြုံစိတ်ချမှုမရှိသကဲ့သို့ ခံစားကြသည်။ တပည့်တော် နှစ်ယောက်တို့သည် ကိုယ်တော်အကြောင်း စဉ်းစားရင်းနှင့် လုံခြုံစိတ်ချမှုမရှိသကဲ့သို့ အထီးကျန်ဆန်နေသောအသက်တာမှ စိတ်ချမှု လုံခြုံမှုကို ပေးခဲ့ပါသည်။ တပည့်တော်တို့ အသက်တာ၌ ကိုယ်တော်အတူရှိနေ၍ သူတို့ လုံခြုံစိတ်ချမှု ရခဲ့ကြသည်။
"ဘုရားသခင်ကို ချစ်သောသူ တည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုး ကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြ၏။" (ရောမ၊ ၈:၂၈)
ကျွန်ုပ်တို့သည် ဘုရား၏ သားသမီးဖြစ်လာသည့်အခါ လောကဓံတရား၏ ဖိစိးမှုကို ခံရသောဘဝ၏ သားကောင်များ မဟုတ်တော့ပါ။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် အောင်မြင်သူထက် သာ၍ အောင်မြင်သောသူများ ဖြစ်လာကြပါသည်။ ကျွန်ုပ်တို့ အသက်တာ၌ ကြုံတွေ့နေရကြသော ခပ်သိမ်းသောအမှုတို့သည် ဘုရားသခင်ကို ချစ်သောသူ၊ အကြံအစည်တော်ထဲ၌ ရှိနေသောသူ၏ အကျိုးအတွက် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လောက၌ လူတစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း မတူကြပါ။ တစ်ယောက်က ကြိုက်သောအရာသည် အခြားသောသူတစ်ယောက်အတွက် မနှစ်မြို့စရာ ဖြစ်တတ်သည်။ ဒူးရင်းသီး ကြိုက်သောသူအတွက် ဒူးရင်းသီးအနံ့သည် မွှေးသည်ဟု ထင်မှတ်သော်လည်း၊ မကြိုက်သူအတွက် ထိုအနံ့က ဆိုးသည်ဟု ထင်မှတ်တတ်ပါသည်။ (ရောမ၊ ၈:၂၈) တွင် ဖော်ပြသော ခပ်သိမ်းသောအရာဟူသည်မှာ မိမိဇာတိသဘော၌ အခြေမတည်ဘဲ ဘုရားသခင်၌ အခြေတည်သောကြောင့် ခပ်သိမ်းသောအမှုအရာ၊ အခြေအနေ၌ ကောင်းသည်ဟု ဝန်ခံချီးမွမ်းနိုင်ခြင်း ဖြစ် ပါသည်။ တပည့်တော် နှစ်ယောက်အတွက်ဟူမူကား ခရစ်တော်သည် သူတို့ကို ကယ်တင်မည့်သူ ဟု မျှော်လင့်ထားသည်ဖြစ်၍ ကားတိုင်၌ ကိုယ်တော် သေဆုံးခဲ့ခြင်းသည် သူတို့အတွက် မကောင်းသော အရာ ဖြစ်နေပါသည်။
အချို့သောယုံကြည်သူတို့ အသက်တာ၌ မိမိအတွက် ကောင်းမည်ဟု ထင်မှတ်သောအရာများကို ကိုယ်တော်ပေးပါဟု တောင်းဆိုတတ်ပါသည်။ မိမိ ခံယူချက်ကို ကိုယ်တော်က အတည်ပြုပေးဖို့ ဘုရားသခင်ကိုပါ မိမိအလို၌ ရပ်တည်ပေးဖို့ ဆွဲထည့်တတ်ပါသည်။ တပည့်တော်နှစ်ယောက်တို့၏ အသက်တာ၌လည်း မိမိတို့ ဖြစ်ချင်သည့် အရာ မဖြစ်ကြ၍ သူတို့စိတ်ဓါတ်ကျကြသည်။ သခင်ယေရှုသည် ကားတိုင်၌ အသေမခံရဘဲ သူတို့ကို ကယ်နှုတ်ဖို့ရန် သူတို့ လိုလားကြသည်။ သခင်ယေရှုခရစ်၏ ဝိညာဉ် မျက်စိဖွင့်ခြင်းကို ခံရသည့်အခါမှသာ ကိုယ်တော်သည် လူသားယေရှုမဟုတ်ဘဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို သိမြင်လာကြသည်။ ကိုယ်တော်သည် တပည့်တော်တို့အား မိမိ သည် ယေရုရှလင်မြို့သို့ သွားရမည်။ မတရားစစ်ဆေးခြင်းခံရပြီး အသတ်ခံရမည်။ သို့သော် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု အကြိမ်ကြိမ်ပြောသော်လည်း သူတို့သည် အနက်ကို နားမလည်ကြပါ။ နားနှင့်မျက်စိ ရှိပါလျက် ဝိညာဉ်မျက်စိအလင်း မရသည့်အခါ ထိုအရာကို နားမလည်နိုင်။ မခံယူနိုင်ကြပါ။
ယနေ့ ကျွန်ုပ်တို့အသက်တာ၌လည်း နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါ ဝိညာဉ်အနက်အဓိပ္ပါယ်ကို နားလည်ကြပါသလား။ ဝိညာဉ်အခင်း ဖွင့်ပြမှု မရမချင်း၊ နားမလည်နိုင်ပါ။ တပည့်တော်တို့၏ ဝိညာဉ်မျက်စိ ကို ဖွင့်သည့်အခါ ကိုယ်တော်ဖြစ်ကြောင်းကို သိလာသကဲ့သို့ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဝိညာဉ်အလင်းကို ဖွင့်ပြသည့်အခါ ကိုယ်တော့ကို သိမြင်လာပြီး အကြေံအစည်တော်ကို နားလည်လာကြ ရပါသည်။
ငါ၏သက်သေဖြစ်ကြလိမ့်မည်
တပည့်တော်တို့သည် ကိုယ်တော်ဖြစ်ကြောင်းကို သိသည့်အခါ ကိုယ်တော်သည် သူတို့ရှေ့၌ ကွယ်ပျောက်သွားပါသည်။ သို့သော် ထိုဖြစ်ရပ် အတွေ့အကြုံကျန်ခဲ့၍ သူတို့နှလုံးသား၌ လှုပ်ရှားပြိး ဝမ်းမြောက်ခြင်း ဖြစ်ပေါ်လာခဲ့ကြပါသည်။ ကိုယ်တော် ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော် တို့အား မိန့်တော်မူခဲ့သောစကားကို မှတ်မိကြပါ၏လား။ ကောင်းကင်မှ တန်ခိုးကို ရသောအခါ သင်တို့သည် ငါ၏သက်သေဖြစ်ရကြလိမ့်မည်။
ကိုယ်တော်နှင့် ထိတွေ့ပြီး ကိုယ်တွေ့သက်သေရသောသူတို့သည် မကြာမီ ကိုယ်တော့အကြောင်း အခြားသူများကိုလည်း သက်သေခံဝေငှသူများ ဖြစ်လာပါသည်။ ထိုတပည့်တော်နှဏ်ယောက် တို့သည်လည်း ယေရုရှလင်မြို့သို့ပြန်ပြီးမှ မိမိတို့ တွေ့ကြုံခဲ့သည့် လမ်း၌ဖြစ်ခဲ့သည့်အကြောင်းအရာများ၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူသည့် ကိုယ်တော့အကြောင်းကို ပြန်၍ သက်သေခံပြောပြကြပါသည်။ ထိုတပည့်တော် နှစ်ယောက်က ကိုယ်တော်အကြောင်း သက်သေခံပြောပြနေစဉ်အချိန်၌ပင် သူတို့ရှိရာ အရပ်အလယ်သို့ ကိုယ်တော်ရောက်လာတော်မူ၍ သင်တို့၌ ငြိမ်သက်ခြင်း ဖြစ်စေသတည်းဟု မိန့်တော် မူပါသည်။ ကိုယ်တော်သည် သူတို့၏ ဝိညာဉ်မျက်စေ့ကို ပွင့်စေသည်သာမက သူတို့၏ ဦးနှောက်အသိဉာဏ် ကိုလည်း အလင်းပေးတော်မူပါသည်။ ကျွန်ုပ်တို့ အသက်တာ၌လည်း ကိုယ်တော်ပေးသော အသိဉာဏ် အလင်းကို ရပြီလား။ ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့်သာ ကယ်တင်ခြင်း လွတ်မြောက်ခြင်းကို ရနိုင် ပါသည်။ ခရစ်ယာန်ယုံကြည်ခြင်းသည် ဘာသာတရားတစ်ခု မဟုတ်ပါ။ အသက်ရှင်သော ပုဂ္ဂိုလ်တစ်ပါးနှင့် ဆက်ဆံခြင်း၊ မိဿဟယဖဖွဲ့နိုင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား နှုတ်ကပတ်တော်ကို ဖွင့်ပြသည်။ ဝိညာဉ်မျက်စိကို လင်းစေသည်။ သူတို့၏ နားလည်သောအသိဉာဏ်ကိုလည်း ပွင့်စေပါသည်။
ကျွန်ုပ်တို့သည် တရားစကားကို ကြားနာခြင်းသက်သက်သာ ရှိပါက မကြာမီ အခြားသော လောက အကြောင်းအရာများကို ကြားသည့်အခါ တရားစကားများကို မေ့လျော့သွားတတ်ပါသည်။ ကျွန်ုပ်တို့လက်၌ ရှိသော လက်ချောင်းများနှင့် ဥပမာပေးလိုပါသည်။ ကြားနာခြင်းက လက်မကဲ့သို့ ဖြစ်သည်။ မလုံလောက်ပါ။ ကြားနာထားသော တရားစကားကို ပြန်၍ ဖတ်ရှုဖို့ လိုသည်ဟု ပြောလိုပါသည်။ ထိုအရာသည် လက်ညှိုး ကဲ့သို့ ဖြစ်သည်။ နားနှင့်ကြားရရုံမျှသာမက မျက်စိနှင့်ကြည့်မြင်ပြီး ဖတ်ရှုဖို့လည်း လိုသေးပါသည်။ သို့သော် သမ္မာကျမ်းစာကို လက်မလက်ညှိုး နှစ်ချောင်းနှင့်သာ ကိုင်ထားပါက မမြဲသေးပါ။ စာတန် ဆွဲဆောင်သည့် အခါ လောကအတွေးအခေါ်နောက်သို့ လွယ်ကူစွာ ပါသွားနိုင်ပါသည်။ တရားစကားကို ကြားနာပြီး မျက်စိနှင့် ကြည့်၍ ဖတ်သည်။ မလုံလောက်သေးပါ။ ကြားနာထားသောအရာ၊ ဖတ်ရှုထားသောအရာကို အချိန်ပေး၍ ပြန်လည်လေ့လာဖို့ လိုသေးပါသည်။ ထိုအခါ စာတန်က ကျွန်ုပ်တို့၌ ရှိသော နှုတ်ကပတ်တော်ကို အလွယ်တကူ ပြန်၍ နှုတ်ယူမရနိုင်တော့ပါ။ ထိုသို့ ပြုရုံမျှဖြင့် မပြီး။ ကြားနာပြီးသည့်၊ ဖတ်ရှုပြီးသည့်၊ လေ့လာပြီးသည့် နှုတ်ကပတ်တော်ကို ကျက်မှတ်ထားဖို့ လိုပါသည်။ ထိုအခါ အခြားသူက သင်ဆိုသော နှုတ်ကပတ်တော်သည် အဘယ်သို့နည်းဟု မေးလျှင် ကျမ်းစာထဲမှာ ဟု ဆို၍ ရှာနေပါက အချိန်ကြာသွားမည် ဖြစ်သည်။ သို့သော် ကျက်မှတ်ထားပါက စိတ်နှလုံး၌ ကျက်မှတ်ထားသော ကျမ်းစာကို အလွတ်ရွတ်ဆိုပြောပြနိုင်မည် ဖြစ်ပါသည်။ (ဆာလံ၊ ၁၁၉:၁၁) တွင် ဖော်ပြထားသကဲ့သို့..,
ယခု သမ္မာကျမ်းစာကို လက်လေးချောင်းဖြင့် ကိုင်တွယ်မိပြီဖြစ်၍ စာတန်က အလွယ်တကူ မနှုတ်ယူနိုင်တော့ပါ။ ယခု နောက်ဆုံးလက်သန်းကလေးကလည်း အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် ကြားနာ ဖတ်ရှု လေ့လာ ကျက်မှတ်ထားသော နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ဖို့ အလွန် အရေးကြီး ပါသည်။ မိမိသည် ကျမ်းစာကို အလွတ်ကျက်မှတ်ရရှိထားပြီးပြီဟု ဆိုကာ ဦးနှောက်အသိထဲ၌ ထည့်ထားပြီး ကြွားဝါနေဖို့ မဟုတ်ပါ။ ကျက်မှတ်ထားသော နှုတ်ကပတ်တော်က မည်သို့ဆိုလိုသည်ကို သိရှိဖို့ရန်၊ ဆင်ခြင်အောက်မေ့နေဖို့ လိုပါသည်။ ဘုရားသခင် အသက်ရှင်နေသည်မှာ ဟုတ်သလား။ လူသည် အပြစ်ကြောင့် သေရမည်ဆိုသည်မှာ ဟုတ်ပါသလား။ စသည်ဖြင့် ဆင်ခြင်ပြီး သဘောပေါက် သိရှိထားဖို့ ဆင်ခြင်အောက်မေ့ရမည် ဖြစ်သည်။ ထိုသို့ လက်ငါးချောင်းနှင့် နှုတ်ကပတ်တော်ကို ပိုင်နိုင်စွာ ကိုင်ထားပြိးဖြစ်လျှင် ထိုနှုတ်ကပတ်တော်ကို စာတန်က ပြန်၍ နှုတ်မယူနိုင်တော့ပါ. ထိုကဲ့သို့ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာဆင်ခြင်ပါက ဝိညာဉ်တော်အားဖြင့် ကိုယ်တော်က ဖွင့်ပြ၍ ဝိညာဉ်၌ အလင်းရလာပြီး ကျွန်ုပ်တို့၏ အသိဉာဏ်၌လည်း ပွင့်လင်းလာ၍ မမြင်နိုင်သော သခင် ဘုရားနှင့် အကျွမ်းတဝင်ရှိပြီး အတူတကွ အစဉ်သွားလာ၍ ထူးဆန်းသော အသက်တာ၏ အံ့သြဘွယ် သက်သေများကို ကျွန်ုပ်တို့ ရလာမည် ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ အသက်တာကိုလည်း ခမည်းတော်နှင့် သားတော်၏ လက်မှ မည်သူမျှ လုမယူနိုင်တော့ဘဲ ထာဝရ လုံခြုံစိတ်ချမှုကို ရရှိမည်ဖြစ်သည်။ ထိုသို့ ဖြစ်ကြပါက အံ့သြဘွယ်ဖြစ်ကြောင်း အခြားသူများကို သီချင်းဆိုပြနိုင်ရုံမျှမက အသက်တာအားဖြင့်လည်း သက်သေထူနိုင်ကြမည် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။
ကျွန်ုပ်တို့သည် တရားစကားကို ကြားနာခြင်းသက်သက်သာ ရှိပါက မကြာမီ အခြားသော လောက အကြောင်းအရာများကို ကြားသည့်အခါ တရားစကားများကို မေ့လျော့သွားတတ်ပါသည်။ ကျွန်ုပ်တို့လက်၌ ရှိသော လက်ချောင်းများနှင့် ဥပမာပေးလိုပါသည်။ ကြားနာခြင်းက လက်မကဲ့သို့ ဖြစ်သည်။ မလုံလောက်ပါ။ ကြားနာထားသော တရားစကားကို ပြန်၍ ဖတ်ရှုဖို့ လိုသည်ဟု ပြောလိုပါသည်။ ထိုအရာသည် လက်ညှိုး ကဲ့သို့ ဖြစ်သည်။ နားနှင့်ကြားရရုံမျှသာမက မျက်စိနှင့်ကြည့်မြင်ပြီး ဖတ်ရှုဖို့လည်း လိုသေးပါသည်။ သို့သော် သမ္မာကျမ်းစာကို လက်မလက်ညှိုး နှစ်ချောင်းနှင့်သာ ကိုင်ထားပါက မမြဲသေးပါ။ စာတန် ဆွဲဆောင်သည့် အခါ လောကအတွေးအခေါ်နောက်သို့ လွယ်ကူစွာ ပါသွားနိုင်ပါသည်။ တရားစကားကို ကြားနာပြီး မျက်စိနှင့် ကြည့်၍ ဖတ်သည်။ မလုံလောက်သေးပါ။ ကြားနာထားသောအရာ၊ ဖတ်ရှုထားသောအရာကို အချိန်ပေး၍ ပြန်လည်လေ့လာဖို့ လိုသေးပါသည်။ ထိုအခါ စာတန်က ကျွန်ုပ်တို့၌ ရှိသော နှုတ်ကပတ်တော်ကို အလွယ်တကူ ပြန်၍ နှုတ်ယူမရနိုင်တော့ပါ။ ထိုသို့ ပြုရုံမျှဖြင့် မပြီး။ ကြားနာပြီးသည့်၊ ဖတ်ရှုပြီးသည့်၊ လေ့လာပြီးသည့် နှုတ်ကပတ်တော်ကို ကျက်မှတ်ထားဖို့ လိုပါသည်။ ထိုအခါ အခြားသူက သင်ဆိုသော နှုတ်ကပတ်တော်သည် အဘယ်သို့နည်းဟု မေးလျှင် ကျမ်းစာထဲမှာ ဟု ဆို၍ ရှာနေပါက အချိန်ကြာသွားမည် ဖြစ်သည်။ သို့သော် ကျက်မှတ်ထားပါက စိတ်နှလုံး၌ ကျက်မှတ်ထားသော ကျမ်းစာကို အလွတ်ရွတ်ဆိုပြောပြနိုင်မည် ဖြစ်ပါသည်။ (ဆာလံ၊ ၁၁၉:၁၁) တွင် ဖော်ပြထားသကဲ့သို့..,
"ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည့်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။"
ဟူသကဲ့သို့ နှလုံးထဲမှာ ရှိသော ဗျာဒိတ်စကားက ကိုယ်တော်အလိုတော်ထဲ၌ အသက်ရှင်နိုင်အောင် ကျွန်ုပ်တို့အား အသိပေးနှိုးဆော်ထောက်ကူမည် ဖြစ်ပါသည်။ယခု သမ္မာကျမ်းစာကို လက်လေးချောင်းဖြင့် ကိုင်တွယ်မိပြီဖြစ်၍ စာတန်က အလွယ်တကူ မနှုတ်ယူနိုင်တော့ပါ။ ယခု နောက်ဆုံးလက်သန်းကလေးကလည်း အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် ကြားနာ ဖတ်ရှု လေ့လာ ကျက်မှတ်ထားသော နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ဖို့ အလွန် အရေးကြီး ပါသည်။ မိမိသည် ကျမ်းစာကို အလွတ်ကျက်မှတ်ရရှိထားပြီးပြီဟု ဆိုကာ ဦးနှောက်အသိထဲ၌ ထည့်ထားပြီး ကြွားဝါနေဖို့ မဟုတ်ပါ။ ကျက်မှတ်ထားသော နှုတ်ကပတ်တော်က မည်သို့ဆိုလိုသည်ကို သိရှိဖို့ရန်၊ ဆင်ခြင်အောက်မေ့နေဖို့ လိုပါသည်။ ဘုရားသခင် အသက်ရှင်နေသည်မှာ ဟုတ်သလား။ လူသည် အပြစ်ကြောင့် သေရမည်ဆိုသည်မှာ ဟုတ်ပါသလား။ စသည်ဖြင့် ဆင်ခြင်ပြီး သဘောပေါက် သိရှိထားဖို့ ဆင်ခြင်အောက်မေ့ရမည် ဖြစ်သည်။ ထိုသို့ လက်ငါးချောင်းနှင့် နှုတ်ကပတ်တော်ကို ပိုင်နိုင်စွာ ကိုင်ထားပြိးဖြစ်လျှင် ထိုနှုတ်ကပတ်တော်ကို စာတန်က ပြန်၍ နှုတ်မယူနိုင်တော့ပါ. ထိုကဲ့သို့ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာဆင်ခြင်ပါက ဝိညာဉ်တော်အားဖြင့် ကိုယ်တော်က ဖွင့်ပြ၍ ဝိညာဉ်၌ အလင်းရလာပြီး ကျွန်ုပ်တို့၏ အသိဉာဏ်၌လည်း ပွင့်လင်းလာ၍ မမြင်နိုင်သော သခင် ဘုရားနှင့် အကျွမ်းတဝင်ရှိပြီး အတူတကွ အစဉ်သွားလာ၍ ထူးဆန်းသော အသက်တာ၏ အံ့သြဘွယ် သက်သေများကို ကျွန်ုပ်တို့ ရလာမည် ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ အသက်တာကိုလည်း ခမည်းတော်နှင့် သားတော်၏ လက်မှ မည်သူမျှ လုမယူနိုင်တော့ဘဲ ထာဝရ လုံခြုံစိတ်ချမှုကို ရရှိမည်ဖြစ်သည်။ ထိုသို့ ဖြစ်ကြပါက အံ့သြဘွယ်ဖြစ်ကြောင်း အခြားသူများကို သီချင်းဆိုပြနိုင်ရုံမျှမက အသက်တာအားဖြင့်လည်း သက်သေထူနိုင်ကြမည် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။
0 comments:
Post a Comment