Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, March 27, 2012

မဏ္ဍပ်ထိုင်ကြမယ်



အထိုင်အထ ပွင့်လင်းမှုဟာ နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုလား
အမြင်မှာ ဝဲနေတဲ့အလွင့်
တိမ်တွေဟာ ခဏတစ်ဖြုတ် ပန်းပုရုပ်လို ဟန်ဆောင်နေတာ
ဒီနေရာမှာ အားလုံးဟာ လိပ်ပြာလွှင့်ထားတာ
သူမ ပက်လိုက်တာ ရေနဲ့ ရမ္မက်တစ်ခုခု
လမ်းပေါ်မှာ အရိုင်းနဲ့ အယဉ်ဟာ တစ်စစီ
လာ... ကိုယ်တို့ အိပ်မက်တွေထဲမှာလို နမ်းကြမယ်
ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ကဒ်ဟာ
လူတိုင်းသာယာသော ကိုယ်ပိုင်ရာသီဥတု တစ်ခုရယူနိုင်ကြောင်း အဓိပ္ပာယ်
ဒီနေ့ထိ လူတိုင်း ဘာ မကောင်းမှုမှ မကျူးလွန်ရသေးလည်း
ဒီအချိန်ထက် ဘာမှ အရေးမကြီးဘူး မဟုတ်လား
အားလုံးဟာ အဝါရောင်မှာ လောင်ကျွမ်းနေပုံ
ဆန္ဒတွေ တောက်လောင်နေပုံ
အနံ့အသက်တစ်မျိုးဟာ တစ္ဆေလို
အပျိုရည်သိပ်သည်းဆမှာ မြူတွေလို ဝိုးတဝါး
ကိုယ့်ကို ထပ်နမ်းပါလို့ ပြောမိသလား
ဟိုနေရာ ဒီနေရာ ပေါက်ကွဲနေတဲ့ အသံတွေကြား
အပျော်ဟာ လေမှာတန်းလန်း ဇောက်ထိုးရပ်လို့
နွယ်ရှင်လိုနေ့ပေါ့
မဏ္ဍပ်မှာ စိတ်တို့ တိမ်းပါးချောက်ချားဖွယ် . . .။     ။

ကမ်းဝေး

Credit: Idea Magazine

Sunday, March 25, 2012

ညတွေထဲက... ည


အဲဒီညက
ရိုးတံပြိုင်းပြိုင်းထနေတဲ့ လမင်းကို
တွေ့ ခဲ့ရတယ်။
အဲဒီညက
သစ်ရွက်ခြောက်တွေလို
နှလုံးသားထဲမှာ သွေးမလျှောက်တော့ဘူး။

ဘုရားသခင်၌ မှီခို၍ လျှောက်လှမ်းခြင်း (ဒေသနာတော်)


တနင်္ဂနွေနေ့တိုင်း ကျွန်တော့ရဲ့ Blog စာမျက်နှာပေါ်ကနေ ဆရာတော်ကြီးတွေရဲ့ ဒေသနာတော်တွေကို မျှဝေခွင့်ရတာ ခုဆိုရင် လေးပတ်တိုင်တိုင်ရှိခဲ့ပါပြီ။ မျှဝေခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း သလို ထပ်မံလို့လည်း မျှဝေခွင့် ရပါစေလို့ ဆုတောင်းပါတယ်။ အပတ်စဉ် တင်ပြပေးနေတဲ့ ဒေသနာတွေကို ရပ်နီးရပ်ဝေးက ယုံကြည်သူမိတ်ဆွေများ အကြောင်းအမျိုးမျိုးကြောင့် ဘုရားကျောင်း မတက်နိုင်ခဲ့ရင် နာယူနိုင်အောင်နဲ့ မယုံကြည်သူမိတ်ဆွေများလည်း လေ့လာခွင့်ရအောင် ရည်ရွယ်ပြီး မျှဝေပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာတော်ကြီး ဦးညွှန့်လှ ဝေငှဟောပြောခဲ့တဲ့ “ဘုရားသခင်၌ မှီခို၍ လျှောက်လှမ်းခြင်း” ဒေသနာတော်ကို မျှဝေပေးလိုက်ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!

Saturday, March 24, 2012

သိမ်မွေ့စွာ ခံစားခြင်း


တမြည့်မြည့် လောင်ကျွမ်း
တတိတိ တိုက်စား
ငါ့ရင်ကမ်းပါး ပြိုချင်တိုင်းပြိုနေ
ဒီထက် နာကျင်တာတောင်
ဒီလောက် နာကျင်မယ် မထင်ဘူး။

နွေရာသီက ကောင်းပါတယ်


အကောင်းမြင်တတ်တဲ့အကျင့်လေးကို ပျိုးထောင်လေ့ကျင့်နေတဲ့ ကျွန်တော့အတွက် ဒီနေ့ ဖတ်လိုက်ရတဲ့ အကြောင်းအရာလေးတစ်ခုက စိတ်ဝင်စားစရာပါ။ စာရေးဆရာမ ဒေါက်တာ နုမြတ် ရေးသားထားတဲ့ “အကောင်းနဲ့အဆိုး ဒွန်တွဲနေသော နွေရာသီ” ဆိုတဲ့ ဆောင်းပါးလေးထဲမှာ နွေရာသီနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းတဲ့အရာလေးတွေနဲ့ ဆိုးစေတဲ့အရာလေးတွေကို ဖော်ပြထားပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ Blog လေးကနေ နွေရာသီက ကိုယ့်ကျန်းမာရေးအတွက် ဘာတွေ ဘယ်လို ကောင်းမွန်သွားစေသလဲဆိုတာလေးတွေပဲ ရွေးချယ်ကောက်နုတ်ဝေမျှပေးချင်ပါတယ်။ ကျွန်တော်က နွေရာသီကို ကောင်းစေချင်လို့ပါ။ ဘာဖြစ်ဖြစ် နွေရာသီက ကောင်းပါတယ်ဗျာ။

Friday, March 23, 2012

ရင်ကိုမှန်သော စာတိုလေးများ (၂)


ကျွန်တော် ဖတ်သမျှ စာတိုပေစလေးတွေထဲက ဖတ်ဖတ်လိုက်ချင်း ကျွန်တော့ရင်ကို လှုပ်ရှားသွားစေပြီး ခံစားချက်တစ်စုံတရာပေးစွမ်းတဲ့ စာတိုလေးများကို ကျွန်တော့ Blog ကနေ စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေကို “ရင်ကိုမှန်သော စာတိုလေးများ” ခေါင်းစဉ်ကြီးအောက်ကနေ ဝေမျှပေးချင်ပါတယ်။ ပထမတစ်ခေါက်တုန်းကတော့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးပြဿနာလေးကို အကြောင်းပြုရေးဖွဲ့ထားတဲ့ တစ်မျက်နှာဝတ္ထုတိုလေးကို တင်ဖြစ်ပါတယ်။ ဒီတစ်ခါစာတိုလေးကတော့ ဝတ္ထုဇာတ်လမ်းလေးမဟုတ်ပါဘူး။ ဆောင်းပါးဆန်ဆန် ရေးဖွဲ့ထားတဲ့ တိုက်တွန်း နှိုးဆော်စာပုံစံမျိုးလေးပါ။ ရေးဖွဲ့ထားသူက အောင်ကျော်ညို (ဆင်းချဆိပ်) ဖြစ်ပြီး နိုင်ငံပိုင် သတင်းစာ တစ်စောင်ဖြစ်တဲ့ မတ်လ (၂၂) ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရဲ့ ယနေ့ဖတ်စရာ၊ မှတ်စရာ ကဏ္ဍမှာ ပါဝင်ခဲ့တာပါ။ ခေါင်းစဉ်ကိုတော့ “လှိုင် ဇာတ်လမ်းတွဲများ” လို့အမည်ပေးထားပါတယ်။ စာဖတ်ဝါသနာပါတဲ့ မိတ်ဆွေများ ဖတ်ရှုကြည့်ပြီး ရင်ကိုမှန် မမှန်လည်း သိချင်ပါတယ်။ ခံစားကြည့်ပါဦးဗျာ။ (သီဟလုလင်)

Thursday, March 22, 2012

နှလုံးသားရဲ့ ဗဟိုတည့်တည့်မှာ


သိပ်ချစ်တယ်... သိပ်ချစ်တယ်...
ချစ်တာထက်ပိုတဲ့ မြတ်နိုးရသူရယ်။
ထပ်ဖန်တလဲလဲပေမယ့်
အပိုစကား မဟုတ်ရပါဘူး
ဒီလူကို အပြစ်တော့မဆိုနဲ့
မင်းကြောင့်မို့ ရူး။

Monday, March 19, 2012

အမှန်တရားရဲ့ အစွန်းတစ်ဖက်မှာ...


သိပ်ချစ်တယ်တဲ့....
အထပ်ထပ်အခါခါပါပဲ
နှလုံးသားက သူ့အတွက်လို့
မရည်ရွယ်ပေမဲ့
ရင်ထဲမှာတော့ သူရှိနေခဲ့တယ်။