သိပ်ချစ်တယ်... သိပ်ချစ်တယ်...
ချစ်တာထက်ပိုတဲ့ မြတ်နိုးရသူရယ်။
ထပ်ဖန်တလဲလဲပေမယ့်
အပိုစကား မဟုတ်ရပါဘူး
ဒီလူကို အပြစ်တော့မဆိုနဲ့
မင်းကြောင့်မို့ ရူး။
ဘာဆိုတာ အချစ်... ဘာဆိုတာ ဘဝ...
အဖြေရယ်မထွက်ဘူး ဘယ်သူ့မေးမေးရယ်။
ဘဝမှာ ရုန်းရပေမယ့်
နှလုံးသားက ဒီလို မဟုတ်ရပါဘူး
သတ္တိတော့လိုတယ်ထင်ရဲ့
တွေဝေခြင်းမှာ မူး။
မျှော်လင့်တယ်... တောင့်တတယ်...
တစ်ခုတည်းသောအရာ မင်းပါ အချစ်ရယ်။
အကြင်နာတွေလိုနေပေမယ့်
နှစ်သိမ့်စကားနဲ့ ချွေးသိပ်စရာတော့ မလိုပါဘူး
မျှော်လင့်ချက်တော့ မရိုက်ချိုးပါနဲ့
မင်း အပြောမှာ လူး။
အချစ်ကိုရှေ့တန်းတင်တယ်...
ပြတ်သား ရဲဝံ့လှည့်ပါ အသည်းရယ်။
အချစ် နဲ့ ဘဝ ဟာ တစ်ကဏ္ဍဆီပဲ
မုန်းခိုင်း မေ့ခိုင်းဖို့ မပြောရဘူး
တူတူပျော်ခဲ့ဖူးတဲ့အချိန်တွေကို မေ့မပစ်ပါနဲ့
အချစ်နဲ့ အတွေ့မှာ မြူး။
သီဟလုလင်
5 comments:
ကဗျာလေးခံစားသွားတယ် ကိုသီဟရေ......
တူတူပျော်ခဲ့ဖူးတာမမေ့နဲ့တဲ့နော်
ကဗျာလေး ကောင်းလိုက်တာ
ခိုးသွားပြီဗျို့....
ခိုးသွားပြီဗျို့....
Post a Comment