<> အမုန်းမှာ ဘယ်နှခါ လွမ်းရမယ်
မှာတမ်း မရခဲ့သူ။
<> ကိုယ့်နှစ်ဆယ့်လေးနာရီ ကမ်းလုံးပြည့်
စံပယ်တွေ တဖွေးဖွေး ကြွေခန်း
ဘယ်အနမ်းနဲ့မှ မကြေတော့။
<> သစ္စာတရား အပြိုအပျက်ကြား
ဆွဲမိ ဆွဲရာ ကိုယ့်ကဗျာအစအနတွေ
အငြိုးနဲ့ ကျွမ်းလောင်။
<> ရွတ်ဆိုနေကျ
နာမည်လေး ပြေးထွက်အသွားမှာ
ပဲ့တင်သံတွေ ပြန်မလာဘူး
ရယ်ရင်ပေါ့ပေမယ့်
ငိုရင်လေးနေမိ။
<> ကမ္ဘာ့ကြေကွဲစရာများထဲ
ကိုယ့်ရင်နင့်မှု အပြင်းဆုံး
ဒီနေ့သတင်းစာမှာ မပါတာလွဲရင်
ကိုယ့်အသည်းကွဲခြင်း
တခမ်းတနား ကြီးကျယ်တယ်။
သစ္စာပိုင်စိုး
Credit: သူဖတ်ဖို့အချစ်ကဗျာများ
0 comments:
Post a Comment