Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, March 07, 2012

ချင်းပြည်နယ်၏ အသက်အငယ်ဆုံးနှင့် ပထမဦးဆုံး Miscrosoft Enterprose Admin လက်မှတ်ရသူ


ဒီအကြောင်းအရာလေးကို ကျွန်တော့ Blog ကနေ Share လုပ်ဖြစ်တာကတော့ လူမျိုးရေး နည်းနည်း ပါသွားပြီထင်တယ်။ တကယ်ကတော့ အဲလိုထက် ချင်းပြည်နယ် ဆိုတာ မြန်မာနိုင်ငံရဲ့ ခေါင်တဲ့ဒေသတွေမှာ တစ်ခုအပါအဝင်ပါ။ တောင်တန်းကြီးတွေ ထူထူထပ်ထပ်နဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့ တိုးတက်ဖို့ နှောင့်နှေးနေသလို ချင်းလူမျိုး အများစုကလည်း နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ဖို့ကို ပိုပြီး အာသီသရှိတယ်လို့ မြင်မိပါတယ်။ ဒါက ကျွန်တော့ရဲ့ ပုဂ္ဂလအမြင်ပါ။ နိုင်ငံထဲမှာပဲ ကိုယ့်ဒေသ တိုးတက်ထွန်းကားရေးအတွက် လုပ်ဆောင်ပေးနေသူတွေလည်း အများကြီးတွေ့ဖူးပါတယ်။ ခုလို တိုးတက်မှု နှေးနေသေးတဲ့ အရပ်ဒေသတစ်ခုကနေ အသက် (၁၇) နှစ်ပဲရှိသေးတဲ့ ချင်းအမျိုးသားလေးတစ်ယောက် ချင်းပြည်နယ်အတွင်းမှာ ပထမဦးဆုံး Microsoft Enterprise Admin လက်မှတ်ရသွားတယ်ဆိုတာ ကျွန်တော့အတွက်တော့ ဂုဏ်ယူစရာလို့ မြင်မိပါတယ်။ အဲဒီ ချင်းအမျိုးသားလေးရဲ့ နာမည်က Cing Sian Dal ပါ။ Dal Pi လို့ အတိုခေါ်ကြပါတယ်။ သူရဲ့ အင်တာဗျူးလေးကို ဖတ်ပြီး အခြားသော ချင်းလူငယ်တွေလည်း အတုယူနိုင်ဖို့ မျှော်လင့်လို့ အင်တာနက်ဂျာနယ်ကနေ ကူးယူတင်ပြပေးလိုက်ပါတယ်။


တကယ်တော့ Microsoft Company က ပေးအပ်တဲ့ MCITP လက်မှတ်ဟာ Network Engineer တစ်ဦးအဖြစ် အသက်မွေးလိုသူတစ်ဦးအတွက် ပြည့်စုံတဲ့ လက်မှတ်တစ်ခု ဖြစ်ပါတယ်။ အခုလို Microsoft က ချီးမြှင့်တဲ့ MCITP လက်မှတ်ရရှိထားတဲ့ ပညာရှင်တွေထဲက အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်ပြီး ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ Cing Sian Dal (Dal Pi) နဲ့ စကားပြောဖြစ်သမျှကတော့...

Internet: မင်္ဂလာပါညီလေးရေ။ ညီလေးက MCITP (EA) ပြီးသွားပြီလို့ သိရပါတယ်။ ညီလေးရဲ့ နာမည်၊ လူမျိုးနဲ့ အသက်ဘယ်လောက်ရှိပြီဆိုတာကို ပြောပြပေးစေချင်ပါတယ်။
Dal Pi: ကျွန်တော် MCITP (EA) ဖြေဆိုအောင်မြင်ပြီးသွားပါပြီ။ ဒါပေမယ့် ဆက်လက်လေ့လာရဦးမှာပါ။ ကျွန်တော့နာမည်က Cing Sian Dal (Dal Pi) ဖြစ်ပါတယ်။ ကျွန်တော်က ချင်းလူမျိုးပါ။ အခု (၁၇) နှစ် ရှိပါပြီ။ လက်ရှိတော့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ပညာဆည်းပူးနေပါတယ်။

Internet: ညီလေးအနေနဲ့ ဘယ်အသက်အရွယ်ကစပြီး Computer ကို လေ့လာခဲ့တာလဲ။ Computer နဲ့ ပတ်သက်တဲ့ ညီလေးရဲ့ စိတ်ဝင်စားမှုကို ပြောပြပါလား။
Dal Pi: Computer နဲ့ ပတ်သက်ပြီး အသက် (၁၄) နှစ်ကစပြီး လေ့လာဖြစ်ခဲ့ပါတယ်။ ကျွန်တော် Computer နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာကတော့ Programming နဲ့ ပတ်သက်တဲ့အရာပေါ့။ Programming မှာဆိုရင် ကျွန်တော်အကြိုက်ဆုံး Languages ကတော့ C, Perl, Python နဲ့ PHP တို့ဖြစ်ပါတယ်။

Internet: ညီလေးအနေနဲ့ MCITP ကို ဘယ်ကျောင်းမှာ သင်ကြားခဲ့ရပါသလဲ။ MCITP မှာ EA Subject ကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့ပါသလဲ။
Dal Pi: MCITP ကိုတော့ ကျွန်တော် Info Myanmar Computer Studies (IMCS) မှာ သင်ယူခဲ့ပါတယ်။ MCITP ရဲ့ EA Subject ကို ဘာလို့ ရွေးလဲဆိုတော့ မရွေးခင်တုန်းက ကျွန်တော် Web Programming ကို Develop လုပ်တဲ့အချိန်မှာ Server နဲ့ ပတ်သက်ပြီး သိလာရမှာ အများကြီး ရှိပါတယ်။ ရှိတော့ Server နဲ့ ပတ်သက်ပြီး အကုန်သိအောင်ဆိုပြီး MCITP (EA) ကို ရွေးချယ်ခဲ့ပါတယ်။ ကျောင်းတက်နေစဉ်မှာတော့ Microsoft Server ရဲ့ တချို့လုပ်ဆောင်မှုတွေကို နားမလည်ဘူး။ အဓိက ကတော့ Background Process က ဘယ်လိုလဲပေါ့။ ဒါနဲ့ Linux Server ကို အနည်းအကျဉ်းလေ့လာခဲ့ပါတယ်။ နောက်တော့ နားလည်သွားတယ်။ Server ရဲ့ လုပ်ငန်းက အဓိက ထိန်းချုပ်ဖို့ဆိုတော့ ကျွန်တော့မှာ ကိုယ်ပိုင်စက်အလုံအလောက် မရှိဘူး။ ကျောင်းမှာ Lab အတွက် တော်တော်များများ ထားပေး ထားပါတယ်။ Router တို့ Switch တို့ ဆက်စပ်ပစ္စည်းတွေ အပါအဝင်ပေါ့။ Server Lab ကကြီးတယ် ဆိုတော့ ကျွန်တော်တို့ VM Ware နဲ့ Hyper-V တွေကို သုံးပြီး စမ်းသပ်ကြတယ်။

Internet: MCITP ကို လေ့လာမယ့်လူငယ်တွေ အတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ။ ညီလေးကရော ဘယ်လို ကြိုတင်လေ့လာခဲ့ရသလဲ ပြောပြပေးပါလား။
Dal Pi: MCITP က အဓိက Server အပိုင်းဆိုတော့ Networking ကို ပိုင်ပြီးမှ အဆင်ပြေပါမယ်။ ကျွန်တော်လည်း Networking ကို ပိုင်အောင် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

Internet: ဒီလိုမျိုး MCITP-EA ကိုရပြီးသွားတော့ ဆက်ပြီး ဒီ Microsoft နဲ့ ပတ်သက်ပြီး ဘာတွေ ထပ်လေ့လာချင်သေးလဲ။
Dal Pi: MCITP-EA ရသွားပေမယ့် Microsoft Server ကိုလည်း ပိုင်အောင် သုံးဖို့ ဆက်လက်လေ့ကျင့် ရပါလိမ့်မယ်။ Microsoft နဲ့ပတ်သက်ပြီး ကျွန်တော်အများကြီး ထပ်မလေ့လာနိုင်တော့ဘူးဗျ။ ဘာလို့လဲ ဆိုတော့ Microsoft က တော်တာ် ကျယ်ပြန့်ပါတယ်။ အမှန်အတိုင်းပြောရရင် Microsoft နဲ့ ပတ်သက်ပြီး အကုန်လုံးလေ့လာနိုင်ဖို့ မဖြစ်ပါဘူး။

Internet: ညီလေးအနေနဲ့ Microsoft Exam တွေနဲ့ ပတ်သက်ပြီး ဖြေဆိုမှု၊ လေ့လာမှုနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုချက်လေး ပေးပါလား။
Dal Pi: Microsoft စာမေးပွဲကို ဖြေဆိုမယ့်လူတစ်ယောက်အတွက်တော့ သင်ယူမှု၊ လေ့လာမှုကို အထူးအားစိုက်ထားရပါမယ်။ နောက်ထပ် အရေးကြီးတာကတော့ ကိုယ့်ကို လမ်းကြောင်းမှန်တစ်ခုပေါ် တွန်းပို့ပေးနိုင်မယ့် Guide လို့ခေါ်မှာပေါ့နော်။ ဒီလို Training ရှိဖို့လိုပါတယ်။ စာမေးပွဲ ဖြေဆိုချိန်မှာတော့ ခေါင်းအေးအေးထားပြီး၊ မိမိလေ့လာထားတာတွေကို ပြန်လည် ဆန်းစစ်ပြသရမှာဖြစ်လို့ စိတ်တည်ငြိမ်မှုက အကောင်းဆုံးရလာဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

Internet: အသက် (၁၇) နှစ်အရွယ်မှာ MCITP (EA) ပြီးသွားတဲ့ လူငယ်တစ်ယောက်အနေနဲ့ Computer ကို စိတ်ဝင်တစားလေ့လာနေတဲ့ လူငယ်တွေအတွက် စကား လက်ဆောင်လေး ပြောပေးပါလား။
Dal Pi: MCITP (EA) ကို အသက် (၁၇) နှစ်မှာ ပြီးသွားတာကတော့ ကျွန်တော့အတွက်တော့ မထူးဆန်းပါဘူး။ ကျွန်တော် နည်းပညာလိုက်စားတာ အရမ်းနောက်ကျတယ်လို့ ခံစားရပါတယ်။ Computer ကို စိတ်ဝင်တစားလေ့လာနေတဲ့ လူငယ်တွေအတွက် ကျွန်တော်ပြောချင်တာကတော့ အချိန်တွေကို မဖြုန်းတီးပစ်ဖို့ အကြံပြုချင်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေ နည်းပညာပိုင်းမှာ အရမ်းနောက်ကျနေပါတယ်။ နိုင်ငံခြားက နည်းပညာတွေကို မျှော်ကိုးပြီး အချိန်မကုန်စေချင်ပါဘူး။ ပိုမို ကြိုစား အားထုတ်မှုကို လုပ်စေချင်ပါတယ်။

Credit: Internet Journal

2 comments:

လွင်ပြင်လှိုင်းငယ် said...

ဂုဏ်ယူစရာပါပဲ

စံပယ်ချို said...

အမလဲ English အရမ်းတော်တဲ့ချင်းသူငယ်ချင်းတွေရှိတယ်
ကျမ်းစာအောင်ပြီးတဲ့သူတွေပေါ့