Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 25, 2012

ညတွေထဲက... ည


အဲဒီညက
ရိုးတံပြိုင်းပြိုင်းထနေတဲ့ လမင်းကို
တွေ့ ခဲ့ရတယ်။
အဲဒီညက
သစ်ရွက်ခြောက်တွေလို
နှလုံးသားထဲမှာ သွေးမလျှောက်တော့ဘူး။



အဲဒီညက
သစ္စာတရားတွေရဲ့ တဖျပ်ဖျပ်နဲ့ မြည်သံတွေကို
ပိုက်ဆံအိတ်တွေထဲက
ကြားခဲ့ရတယ်။
အဲဒီညက
ငွေရနံ့တွေ ညှီစို့နေတဲ့ နှလုံးသားကို
အစိမ်းရောင်ခြင်္သေ့တွေ ကိုက်ချီသွားတာ
တွေ့ ခဲ့ရတယ်။

အဲဒီညက
နှစ်ယောက်အတူ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ရုံကို
ရောက်ခဲ့ရတယ်။
အဲဒီညက
အကြင်နာတရားတွေ ဖုန်တက်နေတဲ့
နှုတ်ခမ်းဝကို
တွေ့ ခဲ့ရတယ်။

အဲဒီညက
အကြည်တော်ရဲ့ ဟော့ရှော့ဇာတ်ကား
ရုံတင်ထားတယ်။
အဲဒီညက
လွမ်းမိတဲ့ စိတ်တွေကြောင့်
မျက်ရည်တွေ ကျခဲ့ရသေးတယ်။

အဲဒီညက
ချစ်သူမဟုတ်တဲ့ ချစ်သူကို
ငါ မဟုတ်တဲ့ ငါနဲ့
တွေ့ ခဲ့ရသေးတယ်။
အဲဒီညက
ပျောက်ဆုံးခဲ့ဖူးတဲ့ ထီးတစ်ချောင်းကို
ရှာဖွေခဲ့သေးတယ်။

အဲဒီညက
မျှော်လင့်ချက် အိပ်ရာခင်းကို
ခြစားခံလိုက်တယ်။
အဲဒီညက
အလွမ်းတွေရဲ့ ဒဏ်ရာတွေကို အိပ်မက်ထဲထိ
တချပ်ချပ်နဲ့
သံပတ်ပေးထားတယ်။

အဲဒီညက
မြင်ကွင်းကို ပြန်မြင်ယောင်တိုင်း
သွေးထဲက တစစ်စစ်နဲ့ နာကျင်နေတုန်း။
ဒါပေမဲ့
အဲဒီညက
ငါ့ကိုယ်ငါ . . . ဖြေသိမ့်လိုက်ပါတယ်
တွေးတတ်ရင် ပေးဆပ်ခြင်းကလည်း
အချစ်ပါပဲလေ . . . ။    ။

ကိုချင်း (ကလေး)

Credit: Yati Magazine

3 comments:

နွေလ said...

ကဗျာလေးဖတ်သွားတယ် အစ်ကို

စံပယ်ချို said...

ညတွေထဲက ည
တွေးတတ်ရင် ပေးဆပ်ခြင်းက အချစ်ပါပဲ

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်..