Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 10, 2012

တယ်လီဖုန်း


“ချစ်တယ်” လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး . . . ။

ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊
(တစ်ယောက်ကို တစ်ယောက်) နားမလည်တာလည်း
မဟုတ်ဘဲနဲ့ . . . ။



ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက်
သံသယဖြစ်နေကြတာလဲ . . . ။
“ယုံကြည်ပါ” လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့ . . . ။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ . . . ၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ် ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။

ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့်အကဲခတ်နေကြပုံမျိုး . . . ။
ဒါ စစ်တုရင် ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ် . . . ။

မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ
ငါလွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်။
“ချစ်တယ်” ဆိုတဲ့ စကားလုံးကို မကြာခဏပြောဖို့ . . .
မနှမြောစမ်းပါနဲ့။

အချစ်ဆိုတာ တယ်လီဖုန်း တစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကို ပိတ်ထားရင်
ဘာမှ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။
မင်းခိုက်စိုးစံ

Credit: သူဖတ်ဖို့ အချစ်ကဗျာများ

5 comments:

စံပယ်ချို said...

မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး------
ဟုတ်တယ်နော် အပြစ်တွေအားလုံးကို ဖြေလို့ရတယ် အဲတာကိုဘယ်လိုဖြေရမလဲမသိသေးဘူး
ခင်တဲ့ sis jasmine

ချစ်စံအိမ် said...

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ . . . ၊
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ် ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ကဗျာလေးကြိုက်တယ်...

အောင်အောင် said...

ကဗျာလေးကောင်း၏..

Yin Sue said...

“ချစ်တယ်” လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး . . . ။
အဲဒီအပိုဒ်လေး မိုက်တယ်ဗျာ......တော်တော်သဘောကျတယ်.....

Yin Sue said...

“ချစ်တယ်” လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး . . . ။
အဲဒီအပိုဒ်လေး မိုက်တယ်ဗျာ......တော်တော်သဘောကျတယ်.....