Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 03, 2012

အမျိုးသားတွေ နုပျိုသွားစေမယ့် နည်းလမ်းများ


အလှအပဆိုတာ အမျိုးသမီးတွေ အတွက်ပါ။ အမျိုးအသားတွေနဲ့ လားလားမျှ မဆိုင်ဘူးလို့ ရှေးခေတ်က သတ်မှတ်ထားကြပေမယ့် အခုခေတ်ကြီးမှာတော့ အလှအပကို အမျိုးသမီးတွေသာ မဟုတ်၊ အမျိုးသား အများစုပါ စိတ်ဝင်စားလာကြပါပြီ။ အထူးသဖြင့် အရွယ်ရလာတဲ့ အမျိုးသားတွေဟာ ရှိတဲ့ အသက်ထက် ပိုပြီး နုပျိုချင်ကြပါတယ်။ အောက်ပါ နည်းလမ်းတွေကတော့ ငွေကုန်ကြေးကျ မများဘဲ နုပျိုသွားစေနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။


၁။ သွားများ ဖြူဖွေး သန့်ရှင်းနေပါစေ
ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းဟာ သွားတွေကို ညစ်ညမ်းဝါကြင်စေနိုင်တဲ့အတွက် ရုပ်ကို အင်မတန်မှ ရင့်သွားစေနိုင်ပါတယ်။ ကွမ်းတံတွေး ပေကျံနေတဲ့သွားတွေဟာ လုံးဝ ကြည့်မကောင်းပါဘူး။ ဒါကြောင့် နုပျိုချင်ရင် ကွမ်း၊ ဆေးလိပ်ဖြတ်ပါ။ မနက်တစ်ခါ၊ ညတစ်ခါသွားမှန်မှန်တိုက်ပါ။

၂။ Moisturizer လိမ်းပါ
ခြောက်သွေ့တဲ့ အသားအရေဟာ ကြမ်းတမ်းရင့်ရော်နေတဲ့ပုံပေါက်ပါတယ်။ ဒါကြောင့် မျက်နှာကို အစိုဓါတ် ထိန်းသိမ်းပေးတဲ့ ပစ္စည်းဖြစ်တဲ့ အမျိုးသားသုံး Moisturizer ဒါမှမဟုတ် Cream တစ်ခုခု လိမ်းပေးပါ။ မျက်နှာတင်မဟုတ်၊ လက်နဲ့ ခန္ဓာကိုယ်ကိုပါ Body Lotion လိမ်းပေးပါ။ လက် အသုံးပြုရများတဲ့အခါ မျက်နှာထက်စာရင် ပိုပြီးကြမ်းတမ်းနေတတ်တဲ့အတွက် လက်လိမ်းခရင်မ် တစ်ခုခုကို လက်လှမ်းမီရာမှာ ထားထားပါ။

၃။ နေရောင်ကာလိမ်းဆေး သုံးပါ
နေရောင်ခြည်ဟာ အရေပြားကို များစွာ ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် နေရောင်ခြည်ဒါဏ်မှ ကာကွယ်နိုင်ရန် SPF ပါတဲ့ နေရောင်ကာ လိမ်းဆေးကို မျက်နှာမှာ လိမ်းပေးသင့်ပါတယ်။

၎။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး မထားပါနဲ့
တချို့အမျိုးသားတွေဟာ ပါးမြိုင်းမွှေး၊ နှုတ်ခမ်းမွှေးကို နှစ်သက်စွာ ထားတတ်ကြပါတယ်။ ရုပ်နုချင်ရင်တော့ ဒီအမွှေးတွေကို ပုံမှန် ရိတ်ပေးဖို့ လိုပါလိမ့်မယ်။ ဒီအမွှေးတွေက ရုပ်ရင့်စေလို့ပါ။

၅။ နှာခေါင်းမွှေး၊ နားသယ်မွှေး ညှပ်ပစ်ပါ
အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ မလိုချင်တဲ့နေရာတွေကနေ အမွှေးတွေ ထွက်လာတတ်ပါတယ်။ အထူးသဖြင့် နှုတ်ခေါင်းနဲ့ နားထဲက အမွှေးတွေ ထွက်လာတတ်ပါတယ်။ အဲဒီအခါ နှုတ်ရင် နှုတ်၊ မနှုတ်ရင် ညှပ်ပစ်လိုက်ပါ။

၆။ မျက်ခုံးမွှေးရိတ်ပါ
မျက်ခုံးမွှေးရိတ်ဆိုလို့ အမျိုးသမီးတွေလို တစ်တန်းတည်း ပုံဖော်ပြီး အလှရိတ်ခိုင်းတာ မဟုတ်ပါဘူး။ (ဒါပေမယ့် ဒီလို ရိတ်နေကြတာလည်း လူငယ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ကိုးရီးယားအဆိုတော်တွေရဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လို့ ထင်ပါတယ်။ တချို့နဲ့လည်း တော်တော်လေး လိုက်ဖက်ကြည့်ကောင်းပြီး နုပျိုလန်းဆန်းနေစေပါတယ်။ မလိုက်တဲ့သူနဲ့လည်း တော်တော်ကို ကြည့်ရဆိုးစေပါတယ်။ မြန်မာအမျိုးသားအများစုရဲ့ မျက်နှာကျကတော့ လိုက်ဖက်လေ့ မရှိတတ်တာကိုတော့ သတိထားရမှာပါ။ အဲဒီလို မလိုက်မဖက်နဲ့ ကြည့်ရဆိုးနေမယ့်အစားတော့) သပ်သပ်ရပ်ရပ်လေးဖြစ်သွားအောင် ရိတ်ရုံ ညှပ်ရုံလေးပါ။ အထူးသဖြင့် မျက်လုံးနှစ်ခုကြားက မျက်ခုံးမွှေးတစ်ဆက်တည်း ဖြစ်နေတာဟာ နုပျိုမှုကို ဖျက်ဆီးနေတတ်ပါတယ်။

၇။ အရောင်နဲ့ ဝတ်ပါ
အရောင်မှိန်မှိန်တွေ ဝတ်မယ့်အစား ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် အရောင်လွင်လွင်တွေ ဝတ်ပေးပါ။ အရမ်းအရောင်တောက်လွန်းရင်လည်း အသက်အရွယ်နဲ့ မလိုက် ငယ်မူပြန်နေသလို ဖြစ်ပါလိမ့်မယ်။

၈။ မျက်မှန်ချွတ်ပါ
မျက်မှန်အစား မျက်ကပ်မှန်ပြောင်းတပ်ခြင်းက နုပျိုစေနိုင်ပါတယ်။ ဒါပေမယ့် တချို့ကျတော့ မျက်မှန်နဲ့မှ ကြည့်ကောင်းပြီး သန့်ပြန့်သလို ဖြစ်တဲ့အတွက် မျက်မှန်နဲ့ လိုက်ရင်တော့ မျက်မှန်ပဲတပ်ပါ။

၉။ ဆံပင်ပုံစံ ပြောင်းပါ
လူကြီးဆံပင် ပုံစံတွေဖြစ်တဲ့ ပြောင်သိမ်းထားတာတွေ၊ ဘေးခွဲကြီးတွေအစား လူငယ်စတိုင်လ် ဆံပင်ပုံစံပြောင်းလိုက်ပါ။ ဆံပင်ပုံစံက ရုပ်ကို အများကြီး ပြောင်းလဲစေနိုင်ပါတယ်။

၁၀။ လေ့ကျင့်ခန်းလုပ်ပါ
Gym မှာသွားပြီး လေ့ကျင့်ခန်းလုပ်တာတို့၊ လမ်းလျှောက်တာတို့ လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကိုယ်နေကိုယ်ထား မှန်ကန်စေသလို စိတ်ဖိစီးမှုဖြေဖျောက်ပေးပါတယ်။ စိတ်ဖိစီးမှုမရှိတဲ့အခါ မျက်နှာအရေပြားလည်း မတွန့်တော့ပါဘူး။ သွေးလည်ပတ်မှုကောင်းစေကာ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ကောင်းစွာ ရောက်ရှိစေတဲ့အတွက် လန်းဆန်းတက်ကြွစေပါတယ်။

3 comments:

စန္ဒကူး said...

ဖြစ်နိုင်တယ်.. blogger ကိုကို လုလင်တောင် profile pic ကတော်တော်ချောတာ..း))
ကိုကို မောင်မောင်တွေမှတ်သားလိုက်နာသင့်ပါဧ။်

စံပယ်ချို said...

အိမ်ကလူအတွက်မှတ်သားသွားပါတယ်နော်
ခင်မင်တဲ့ sis jasmine

နွေလ said...

သားကတော့ ငယ်သေးတဲအတွက်
နုပျိုလန်းဆန်းချောမောနေတယ်
( နွေလကလိပ်ကြီးပါလား :P )
မှတ်သားသွားပါတယ် အစ်ကိုရေ